အမှတ်စဉ်(၂၄) ဝေဿဘူဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | ဝေဿဘူ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ၃၁ ကမ္ဘာထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | မဏ္ဍကမ္ဘာ (ဘုရားနှစ်ဆူမှ ဒုတိယပွင့်သည့်ဘုရား) |
၄။ | သက်တမ်း | – | ခြောက်သောင်း |
၅။ | တိုင်းပြည် | – | အနောမ |
၆။ | ခမည်းတော် | – | သုပ္ပတိတမင်း |
၇။ | မယ်တော် | – | ယသဝတီ မိဖုရား |
၈။ | ဖွားမြင်ရာအရပ် | – | အနုပမ ဥယျာဉ်တော် |
၉။ | ကြင်ယာတော် | – | သုစိတ္တာဒေဝီ မိဖုရား |
၁၀။ | သားတော် | – | သုပ္ပဗုဒ္ဓ |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၆၀၀၀ |
၁၂။ | စံနန်းတော် | – | ရုစိရွှေနန်းဆောင်၊ သုရုစိရွှေနန်းဆောင်၊ ရတိဝဎုနရွှေနန်းဆောင် |
၁၃။ | မောင်းမအခြံအရံ | – | ၃၀၀၀၀ |
၁၄။ | တောထွက်ယာဉ် | – | ရွှေထမ်းစင် |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | ၃၇၀၀၀ |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | သုစိတ္တနိဂုံးနေ သီရိဝဎုနာ အမျိုးသမီး |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | နရိန္ဒ နဂါးမင်း |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | (၆) လ |
၁၉။ | ပလ္လင်ပမာဏ | – | အတောင် ၄၀ |
၂၀။ | ဗောဓိပင် | – | အင်ကြင်း |
၂၁။ | အရပ်တော် | – | အတောင် ၆၀ |
၂၂။ | ပကတိရောင်ခြည်တော် | – | အမြဲမရှိ အလိုတော်ရှိသမျှထွန်းလင်းသည် |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | သောဏ မထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | ဥတ္တရ မထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | ဥပသန္တ မထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | ရာမာ ထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | သုမာလာ ထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | သောတ္တိက သူဌေး နှင့် ရမ္ဘ သူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | ဂေါတမီ ဥပါသိကာနှင့် သီရိမာ ဥပါသိကာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | ခေမဥယျာဉ်ကြီး ဥသဘဝတီမြို့အနီး |
၃၁။ | ဓာတ်တော် | – | အဓိဋ္ဌာန်ချက်အရ ဇမ္ဗူထိပ်ကျွန်းတခွင် အစိတ်စိတ် ကွဲပြားပျံ့နှံ့၏။ |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | သုဒဿနမင်း သရဘဝတီမြို့ (ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူသည်) |