အမှတ်စဉ်(၂၇) ကဿပဘုရား

၁။

ဘုရားရှင်ဘွဲ့တော်

ကဿပ

၂။

ဘုရားပွင့်တော်မူသည့်အချိန်

ယခု ဘဒ္ဒကမ္ဘာ

၃။

ဘုရားပွင့်တော်မူသည့်ကမ္ဘာ

ဘဒ္ဒကမ္ဘာ (ဘုရားငါးဆူမှ တတိယပွင့်သည့်ဘုရား)

၄။

သက်တမ်း

နှစ်သောင်း

၅။

တိုင်းပြည်

ဗာရာဏသီ

၆။

ခမည်းတော်

ဗြဟ္မဒတ္ထပုဏ္ဏား (ဗာရာဏသီပြည် ကိကီမင်းလက်ထက်)

၇။

မယ်တော်

ဓနဝတီ ပုဏ္ဏေးမ

၈။

ဖွားမြင်ရာအရပ်

ဣသိပတန မိဂဒါဝုန်တော

၉။

ကြင်ယာတော်

သုနန္ဒာ ပုဏ္ဏေးမ

၁၀။

သားတော်

ဝိဇိတသေန သတို့သား

၁၁။

စည်းစိမ်ခံစားသည့်နှစ်

၂၀၀၀

၁၂။

စံနန်းတော်

ဟံသ ပြဿဒ်၊ ယဿ ပြဿဒ်၊ သီရိနန္ဒ ပြဿဒ်

၁၃။

မောင်းမအခြံအရံ

၄၈၀၀၀

၁၄။

တောထွက်ယာဉ်

ပြဿဒ်ယာဉ်

၁၅။

အတူလိုက်ရဟန်းပြုသူ

တောထွက်ရာလိုက်ပါသူ ယောက်ျားအားလုံး

၁၆။

ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့

ဃနာနို့ဆွမ်းအလှူရှင်

ကြင်ယာတော် သုနန္ဒာ ပုဏ္ဏေးမ

၁၇။

ပလ္လင်တော်အတွက် မြက်အလှူရှင်

သောမ (မုယောခင်းစောင့်)

၁၈။

ဒုက္ကရစရိယာကျင့်သည့်ကာလ

ခုနှစ်ရက်

၁၉။

ပလ္လင်ပမာဏ

(၁၅) တောင်

၂၀။

ဗောဓိပင်

ပညောင်ပင်

၂၁။

အရပ်တော်

အတောင် ၂၀

၂၂။

ပကတိရောင်ခြည်တော်

အမြဲမရှိ အလိုရှိတိုင်း ပျံ့နှံ့၏။

၂၃။

လက်ယာရံ အဂ္ဂသာဝက

တိဿ  မထေရ်

၂၄။

လက်ဝဲရံ အဂ္ဂသာဝက

ဘာရဒွါဇ မထေရ်

၂၅။

အလုပ်အကျွေးရဟန်း

သဗ္ဗမိတ္တ မထေရ်

၂၆။

လက်ယာရံ အဂ္ဂသာဝိကာ

အနုဠာ ထေရီမ

၂၇။

လက်ဝဲရံ အဂ္ဂသာဝိကာ

ဥရုဝေလာ ထေရီမ

၂၈။

အလုပ်အကျွေးဒါယကာ

သုမင်္ဂလ အိုးထိန်းသည်နှင့် ဃဋိကာရ အိုးထိန်းသည်

၂၉။

အလုပ်အကျွေးဒါယိကာမ

ဝိဇိတသေနာ ဥပါသိကာနှင့် ဘဒ္ဒါ ဥပါသိကာ

၃၀။

ပရိနိဗ္ဗာန်ပြုရာအရပ်

သေတဗျဥယျာဉ် သေတဗျမြို့အနီး ကာသိတိုင်းအဝင်

၃၁။

ဓာတ်တော်

တစ်ယူဇနာမြင့်သော အသမ္ဘိန္နိဓါတ်တော်စေတီ

၃၂။

ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း

ဝင်သည့်တရားပွဲ

ငါးကြိမ်

၃၃။

သာဝကသန္နိပါတ

(သာဝကအစည်းအဝေး)

တစ်ကြိမ်‌

၃၄။

ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း

ဇောတိပါလ ပုဏ္ဏားလုလင် (ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူသည်)