အမှတ်စဉ်(၂၇) ကဿပဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | ကဿပ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ယခု ဘဒ္ဒကမ္ဘာ |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | ဘဒ္ဒကမ္ဘာ (ဘုရားငါးဆူမှ တတိယပွင့်သည့်ဘုရား) |
၄။ | သက်တမ်း | – | နှစ်သောင်း |
၅။ | တိုင်းပြည် | – | ဗာရာဏသီ |
၆။ | ခမည်းတော် | – | ဗြဟ္မဒတ္ထပုဏ္ဏား (ဗာရာဏသီပြည် ကိကီမင်းလက်ထက်) |
၇။ | မယ်တော် | – | ဓနဝတီ ပုဏ္ဏေးမ |
၈။ | ဖွားမြင်ရာအရပ် | – | ဣသိပတန မိဂဒါဝုန်တော |
၉။ | ကြင်ယာတော် | – | သုနန္ဒာ ပုဏ္ဏေးမ |
၁၀။ | သားတော် | – | ဝိဇိတသေန သတို့သား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၂၀၀၀ |
၁၂။ | စံနန်းတော် | – | ဟံသ ပြဿဒ်၊ ယဿ ပြဿဒ်၊ သီရိနန္ဒ ပြဿဒ် |
၁၃။ | မောင်းမအခြံအရံ | – | ၄၈၀၀၀ |
၁၄။ | တောထွက်ယာဉ် | – | ပြဿဒ်ယာဉ် |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | တောထွက်ရာလိုက်ပါသူ ယောက်ျားအားလုံး |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | ကြင်ယာတော် သုနန္ဒာ ပုဏ္ဏေးမ |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | သောမ (မုယောခင်းစောင့်) |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | ခုနှစ်ရက် |
၁၉။ | ပလ္လင်ပမာဏ | – | (၁၅) တောင် |
၂၀။ | ဗောဓိပင် | – | ပညောင်ပင် |
၂၁။ | အရပ်တော် | – | အတောင် ၂၀ |
၂၂။ | ပကတိရောင်ခြည်တော် | – | အမြဲမရှိ အလိုရှိတိုင်း ပျံ့နှံ့၏။ |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | တိဿ မထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | ဘာရဒွါဇ မထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | သဗ္ဗမိတ္တ မထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | အနုဠာ ထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | ဥရုဝေလာ ထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | သုမင်္ဂလ အိုးထိန်းသည်နှင့် ဃဋိကာရ အိုးထိန်းသည် |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | ဝိဇိတသေနာ ဥပါသိကာနှင့် ဘဒ္ဒါ ဥပါသိကာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | သေတဗျဥယျာဉ် သေတဗျမြို့အနီး ကာသိတိုင်းအဝင် |
၃၁။ | ဓာတ်တော် | – | တစ်ယူဇနာမြင့်သော အသမ္ဘိန္နိဓါတ်တော်စေတီ |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | ငါးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | တစ်ကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | ဇောတိပါလ ပုဏ္ဏားလုလင် (ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူသည်) |