အမှတ်စဉ်(၅) ကောဏ္ဍညဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | ကောဏ္ဍည |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် သုံးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | သာရကမ္ဘာ (ဘုရားတစ်ဆူတည်းပွင့်သောကမ္ဘာ) |
၄။ | သက်တမ်း | – | တစ်သိန်း |
၅။ | တိုင်းပြည် | – | ရမ္မာဝတီ |
၆။ | ခမည်းတော် | – | သုနန္ဒမင်း |
၇။ | မယ်တော် | – | သုဇာတာမိဖုရား |
၈။ | ကြင်ယာတော် | – | ရုစိဒေဝီ |
၉။ | သားတော် | – | ဝိဇိတသေနမင်းသား |
၁၀။ | စည်းစိမ်ခံစားသည့်နှစ် | – | ၁၀၀၀၀ |
၁၁။ | စံနန်းတော် | – | သုစိရွှေနန်းဆောင်၊ သုရုစိရွှေနန်းဆောင်၊ ဘုဘရွှေနန်းဆောင် |
၁၂။ | မောင်းမအခြံအရံ | – | သုံးသိန်း |
၁၃။ | တောထွက်ယာဉ် | – | အာဇာနည်မြင်းကသောရထား |
၁၄။ | အတူလိုက်ရဟန်းပြုသူ | – | ဆယ်ကုဋေ |
၁၅။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | သုနန္ဒရွာသူ ယသောဓရာ သူဌေးသမီး |
၁၆။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | သုနန္ဒတက္ကတွန်း |
၁၇။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | ဆယ်လ |
၁၈။ | ပလ္လင်ပမာဏ | – | ၅၇ တောင် |
၁၉။ | ဗောဓိပင် | – | ကြောင်လျှာ |
၂၀။ | အရပ်တော် | – | ၈၈ တောင် |
၂၁။ | ပကတိရောင်ခြည်တော် | – | အမြဲမရှိ၊ အလိုတော်ရှိသမျှ ထွန်းလင်းသည်။ |
၂၂။ | လက်ယာရံ အဂ္ဂသာဝက | – | ဘဒ္ဒမထေရ် |
၂၃။ | လက်ဝဲရံ အဂ္ဂသာဝက | – | သုဘဒ္ဒမထေရ် |
၂၄။ | အလုပ်အကျွေးရဟန်း | – | အနုရုဒ္ဓမထေရ် |
၂၅။ | လက်ယာရံ အဂ္ဂသာဝိကာ | – | တိဿာထေရီမ |
၂၆။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | ဥပတိဿာထေရီမ |
၂၇။ | အလုပ်အကျွေးဒါယကာ | – | သောဏ နှင့် ဥပသောဏ |
၂၈။ | အလုပ်အကျွေးဒါယိကာမ | – | နန္ဒာ နှင့် သိရိမာ |
၂၉။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | စန္ဒာရာမ (စန္ဒဥယျာဉ်) |
၃၀။ | ဓာတ်တော် | – | ခုနှစ်ယူဇနာမြင့်သော အသမ္ဘိန္နဓါတ်တော်စေတီ |
၃၁။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၂။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၃။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | ဝိဇိတာဝီစကြာမင်း စန္ဒဝတီပြည်(ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံသည်) |
၃၄။ | အထွေထွေမှတ်ချက် | – | ဘုရားဖြစ်သော် စန္ဒာရာမ (စန္ဒဥယျာဉ်) အရပ်၌ သီတင်းသုံးသည်။ ဘုရားအလောင်း ၁၆ အသင်္ချေနှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်၏။ |