အမှတ်စဉ်(၆) မင်္ဂလဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | မင်္ဂလ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | သာရမဏ္ဍ (ဘုရားလေးဆူပွင့်ရာ ပထမပွင့်တော်မူသည့်ဘုရား) |
၄။ | သက်တမ်း | – | ကိုးသောင်း |
၅။ | တိုင်းပြည် | – | ဥတ္တရ |
၆။ | ခမည်းတော် | – | ဥတ္တရမင်း |
၇။ | မယ်တော် | – | ဥတ္တရဒေဝီမိဖုရား |
၈။ | ဖွားမြင်ရာအရပ် | – | ဥတ္တရပဓုရ ဥယျာဉ်တော် |
၉။ | ကြင်ယာတော် | – | ယဿဝတီမိဖုရား |
၁၀။ | သားတော် | – | သီဝလမင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၉၀၀၀ |
၁၂။ | စံနန်းတော် | – | ယသဝန္တရွှေနန်းဆောင်၊ ရုစိမန္တရွှေနန်းဆောင်၊ သိရိမန္တရွှေနန်းဆောင်။ |
၁၃။ | မောင်းမအခြံအရံ | – | သုံးသောင်း |
၁၄။ | တောထွက်ယာဉ် | – | ပဏ္ဍရ အာဇာနည်မြင်း |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | သုံးကုဋေ |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | ဥတ္တရရွာနေ ဥတ္တရာ သူဌေးသမီး |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | ဥတ္တရတက္ကတွန်း |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | ရှစ်လ |
၁၉။ | ပလ္လင်ပမာဏ | – | ၅၈တောင် |
၂၀။ | ဗောဓိပင် | – | ကံ့ကော် |
၂၁။ | အရပ်တော် | – | ၈၈တောင် |
၂၂။ | ပကတိရောင်ခြည်တော် | – | စကြာဝဠာ တိုက်တစ်သောင်းကို ပျံ့နှံ့သည်။ |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | သုဒေဝမထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | ဓမ္မသေနမထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | ပါလိတမထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | သီဝလာထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | အသောကာထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | နန္ဒသူဌေး နှင့် ဝိသာခါသူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | အနုလာဒါယိကာမ နှင့် သုတနာဒါယိကာမ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | ဥတ္တရ ဥယျာဉ်ကြီး |
၃၁။ | ဓာတ်တော် | – | ယူဇနာ ၃၀ရှိ အသမ္ဘိန္န ဓါတ်တော်စေတီ (ဥတ္တရဥယျာဉ်၌) |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | သုရုစိပုဏ္ဏား သုရုစိပုဏ္ဏားရွာ (ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံသည်) |
၃၅။ | အထွေထွေမှတ်ချက် | – | ဘုရားလောင်း ၁၆အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်၏။ ပဋိသန္ဓေအခါ မယ်တော်၏ ကိုယ်ရောင်အတောင်(၈၀)လင်း၏။ ဘုရားဖြစ်သော် ဥတ္တရဥယျာဉ်၌ သီတင်းသုံးသည်။ |