၁။ | ဘုရားရှင်ဘွဲ့တော် | – | သုမန |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | သာရမဏ္ဍ (ဘုရားလေးဆူပွင့်သောကမ္ဘာ)တွင် ဒုတိယပွင့်တော်မူသည့်ဘုရား |
၄။ | သက်တမ်း | – | ကိုးသောင်း |
၅။ | တိုင်းပြည် | – | မေခလ |
၆။ | ခမည်းတော် | – | သုဒတ္တမင်း |
၇။ | မယ်တော် | – | သီရိမာဒေဝီ မိဖုရား |
၉။ | ကြင်ယာတော် | – | ဝဋံသိကာမိဖုရား |
၁၀။ | သားတော် | – | အနုပမမင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၉၀၀၀ |
၁၂။ | စံနန်းတော် | – | စန္ဒရွှေနန်းဆောင်၊ သုစန္ဒရွှေနန်းဆောင်၊ ဝဋံသရွှေနန်းဆောင်။ |
၁၃။ | မောင်းမအခြံအရံ | – | ၆သန်း ၃သိန်း |
၁၄။ | တောထွက်ယာဉ် | – | ဆင်ယာဉ် |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | ကုဋေသုံးဆယ် |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | အနောမနိဂုံးနေ အနောမသူဌေးသမီး အနုပမာ |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | အနုပမ တက္ကတွန်း |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | (၁၀)လ |
၁၉။ | ပလ္လင်ပမာဏ | – | အတောင် ၃၀ |
၂၀။ | ဗောဓိပင် | – | ကံ့ကော် |
၂၁။ | အရပ်တော် | – | အတောင် ၉၀ |
၂၂။ | ပကတိရောင်ခြည်တော် | – | အမြဲမရှိ အလိုတော်ရှိသမျှ ထွန်းလင်းသည်။ |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | သရဏမထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | ဘာဝိတတ္တမထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | ဥဒေနမထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | သောဏာထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | ဥပသောဏာထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | ဝရုဏသူဌေး နှင့် သရဏသူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | စာလာ နှင့် ဥပစာလာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | အင်္ဂဥယျာဉ်ကြီး |
၃၁။ | ဓာတ်တော် | – | အင်္ဂဥယျာဉ်ရှိ ၄-ယူဇနာရှိ အသမ္ဘိန္နဓာတ်တော်စေတီ |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | အတုလ နဂါးမင်း |