အမှတ်စဉ်(၈) ရေဝတဘုရား

၁။

ဘုရားရှင်ဘွဲ့တော်

ရေဝတ

၂။

ဘုရားပွင့်တော်မူသည့်အချိန်

ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်

၃။

ဘုရားပွင့်တော်မူသည့်ကမ္ဘာ

သာရမဏ္ဍ (ဘုရားလေးဆူပွင့်သောကမ္ဘာ)တွင် တတိယပွင့်တော်မူသည့်ဘုရား

၄။

သက်တမ်း

ခြောက်သောင်း

၅။

တိုင်းပြည်

သုဓညဝတီ

၆။

ခမည်းတော်

ဝိပုလမင်း

၇။

မယ်တော်

ဝိပုလာမိဖုရား

၈။

ကြင်ယာတော်

သုဒဿနာမိဖုရား

၉။

သားတော်

ဝရုဏာမင်းသား

၁၀။

စည်းစိမ်ခံစားသည့်နှစ်

၆၀၀၀

၁၁။

စံနန်းတော်

သုဒဿနရွှေနန်းဆောင်၊ ရတနဂ္ဃရွှေနန်းဆောင်၊ အာဝေဠရွှေနန်းဆောင်။

၁၂။

မောင်းမအခြံအရံ

၃၃၀၀၀

၁၃။

တောထွက်ယာဉ်

အာဇာနည်မြင်းကသော ရထား

၁၄။

အတူလိုက်ရဟန်းပြုသူ

တစ်ကုဋေ

၁၅။

ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့

ဃနာနို့ဆွမ်းအလှူရှင်

သာဓုဒေဝီသူဌေးသမီး

၁၆။

ပလ္လင်တော်အတွက် မြက်အလှူရှင်

ဝရုဏိန္ဓာရ တက္ကတွန်း

၁၇။

ဒုက္ကရစရိယာကျင့်သည့်ကာလ

ခုနှစ်လ

၁၈။

ပလ္လင်ပမာဏ

၅၃တောင်

၁၉။

ဗောဓိပင်

ကံ့ကော်

၂၀။

အရပ်တော်

အတောင် ၈၀

၂၁။

ပကတိရောင်ခြည်တော်

ပတ်ဝန်းကျင် တစ်ယူဇနာတိုင် ပျံ့နှံ့သည်။

၂၂။

လက်ယာရံ အဂ္ဂသာဝက

ဝရုဏမထေရ်

၂၃။

လက်ဝဲရံ အဂ္ဂသာဝက

ဗြဟ္မဒေဝမထေရ်

၂၄။

အလုပ်အကျွေးရဟန်း

သမ္ဘဝမထေရ်

၂၅။

လက်ယာရံ အဂ္ဂသာဝိကာ

ဘဒ္ဒါထေရီမ

၂၇။

လက်ဝဲရံ အဂ္ဂသာဝိကာ

သုဘဒ္ဒထေရီမ

၂၈။

အလုပ်အကျွေးဒါယကာ

ပဒုမသူဌေး နှင့် ကုဉ္ဇရသူဌေး

၂၉။

အလုပ်အကျွေးဒါယိကာမ

သီရိမာ နှင့် ယသဝတီ

၃၀။

ပရိနိဗ္ဗာန်ပြုရာအရပ်

မြို့တော်ကြီး၏ မနီးမဝေး ကံ့ကော်တောဥယျာဉ်

၃၁။

ဓာတ်တော်

အဓိဌာန်ချက်အရ ဇမ္ဗူဒိပ်ကျွန်းတခွင်အစိတ်စိတ်ကွဲပြားပျံ့နှံ့သည်။

၃၂။

ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း

ဝင်သည့်တရားပွဲ

သုံးကြိမ်

၃၃။

သာဝကသန္နိပါတ

(သာဝကအစည်းအဝေး)

သုံးကြိမ်

၃၄။

ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း

အတိဒေဝပုဏ္ဏား ရမ္မာဝတီမြို့