အမှတ်စဉ်(၉) သောဘိတဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | သောဘိတ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | သာရမဏ္ဍ (ဘုရားလေးဆူပွင့်သောကမ္ဘာ)တွင် နောက်ဆုံးပွင့်တော်မူသည့်ဘုရား |
၄။ | သက်တမ်း | – | ကိုးသောင်း |
၅။ | တိုင်းပြည် | – | သုဓမ္မ |
၆။ | ခမည်းတော် | – | သုဓမ္မမင်း |
၇။ | မယ်တော် | – | သုဓမ္မာမိဖုရား |
၈။ | ဖွားမြင်ရာအရပ် | – | သုဓမ္မဥယျာဉ်တော် |
၉။ | ကြင်ယာတော် | – | မဏိလာဒေဝီမိဖုရား |
၁၀။ | သားတော် | – | သီဟမင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၉၀၀၀ |
၁၂။ | စံနန်းတော် | – | ကုမုဒရွှေနန်းဆောင်၊ နာဋိနရွှေနန်းဆောင်၊ ပဒုမရွှေနန်းဆောင်။ |
၁၃။ | မောင်းမအခြံအရံ | – | ၃၇၀၀၀ |
၁၄။ | တောထွက်ယာဉ် | – | ပြာဿဒ်ယာဉ် |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | မရှိပါ။ |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | ကြင်ယာတော် မဏိလာဒေဝီ မိဖုရား |
၁၇။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | ခုနှစ်ရက် (နန်းတော်၌ကျင့်သည်) |
၁၈။ | ပလ္လင်ပမာဏ | – | ၃၈ တောင် |
၁၉။ | ဗောဓိပင် | – | ကံ့ကော် |
၂၀။ | အရပ်တော် | – | ၅၈ တောင် |
၂၁။ | ပကတိရောင်ခြည်တော် | – | အမြဲမရှိ အလိုတော်ရှိသမျှ ထွန်းလင်းသည်။ |
၂၂။ | လက်ယာရံ အဂ္ဂသာဝက | – | အသမ မထေရ် |
၂၃။ | လက်ဝဲရံ အဂ္ဂသာဝက | – | သုနေတ္တ မထေရ် |
၂၄။ | အလုပ်အကျွေးရဟန်း | – | အနောမ မထေရ် |
၂၅။ | လက်ယာရံ အဂ္ဂသာဝိကာ | – | နကုလာ ထေရီမ |
၂၆။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | သုဇာတာ ထေရီမ |
၂၇။ | အလုပ်အကျွေးဒါယကာ | – | ရမ္မသူဌေး နှင့် သုဒတ္ထသူဌေး |
၂၈။ | အလုပ်အကျွေးဒါယိကာမ | – | နကုလာဥပါသိကာ နှင့် မိတ္တာဥပါသိကာ |
၂၉။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | သီဟဥယျာဉ်ကြီး |
၃၀။ | ဓာတ်တော် | – | အဓိဌာန်ချက်အရ ဇမ္ဗူဒိပ်ကျွန်းတခွင် အစိတ်စိတ် ကွဲပြားပျံ့နှံ့သည် |
၃၁။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၂။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၃။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | သုဇာတပုဏ္ဏား ရမ္မာဝတီမြို့ |
၃၄။ | အထွေထွေမှတ်ချက် | – | ဘုရားလောင်း လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်သည်။ |