ဂမ္ဘီရဆန်ဖြစ်ရပ်ဆန်းများဖြင့်ကြုံ တွေ့ရခြင်း
စိန်သာလျောင်းရုပ်ပွား တော်ကြီးသည်ရှေးမင်းအဆက်ဆက်တို့တည်ထားကိုး ကွယ်ခဲ့သောရှေး ဟောင်းရုပ်ပွားတော်ကြီး တစ်ဆူဖြစ် သည်နှင့်အညီနှစ်ပေါင်း (၁၀၀) ကျော်တိုင် လောကဓံ ကိုကြံ့ခိုင်စွာရင်ဆိုင်ပြီး ယခုကဲ့သို့မပျောက်မပျက်ဘဲ ဆက်လက် ပွင့်ထွန်းလာခြင်းဖြစ်သည်။
ဟံသာဝတီမင်း အဆက်ဆက်က တည် ထားကိုးကွယ်ခဲ့သော ဘုရား၊ စေတီ၊ ဂူ၊ သိမ်၊ ဇရပ်၊ ဆင်းတုတော်၊ ရုပ်ပွားတော်များသည် ပျက်စီးယိုယွင်း၍ အချိုအမည်နာမများပင် ပျောက်ကွယ် ခဲ့ရပါသည်။ သို့သော် စိန်သာလျောင်းရုပ်ပွားတော် ကြီးသည်မဟာဗုဒ္ဓရူပမှတစ်ဆင့် အမည်နာမ အသစ်ဖြင့် ယခုထက်တိုင်တည်ရှိနေခြင်းကား အံ့ဩဖွယ်ရာပင်ဖြစ်ပေသည်။
ပန္နက်တင်မင်္ဂလာပြုလုပ်ရန် (၂၀.၁၀.၁၉၇၈) ခုနှစ် ရှေးအစဉ်အလာအတိုင်း ပိုင်ရာဆိုင်ရာ များကို တင်မြှောက်ပသပွဲပြုလုပ်သည့်အခါ ဖားအကောင်(၁၅၀)ခန့် ပရိသတ်များကြား ဝင်၍ မြူးတူပျော်ပါးခုန်ပေါက်ကြသော်လည်း ပရိသတ်များမှ ဖားတစ်ကောင်တစ်လေမျှပင် ခြေ ဖြင့်နင်းခဲ့ခြင်းမရှိပေ။
၎င်းတို့အား အမျှအတန်းပေးဝေသောအခါမှ ပရိသတ်အတွင်းမှ ထွက်ခွာသွားကြသည်။ ပန္နက်ကျင်းထောင့်လေးထောင့်တွင် အရွယ်တူဖား(၃)ကောင်မျက်နှာချင်းဆိုင် ခြင်္သေ့ထိုင်ထိုင် လျက် စုစုပေါင်း(၁၂)ကောင်ရှိနေသည်ကိုလည်း တွေ့မြင်ခဲ့ကြရသည်။
ရုပ်ပွားတော်ကြီး၏ ရှေ့မျက်နှာစာတွင်ရှိသော (ဇိနဗိမာန်)ခေါ် ရှင်စောပုဘုရင်မကြီး တည်ထားခဲ့သောစေတီကုန်းအား ဖယ်ရှားမည်ပြုစဉ် မြိတ်ဆရာတော်ကြီးက ဘုရင်မကြီး ရှင်စောပုမှ မိမိကောင်းမှုအားမဖယ်ရှားဘဲ မွမ်းမံပြုပြင်ပေးရန်လျှောက်ထားခဲ့ကြောင်းဖြင့် မိန့်ကြားခဲ့သည်။
သို့ဖြစ်၍ ရှင်စောပုဘုရင်မကြီး၏ မွမ်းမံခဲ့သောကောင်းမှုအမှန်ဖြစ်ပါက ထင်ရှားစွာ သက်သေပြရန်တိုင်တည်ကြရာဝယ် ၎င်းစေတီပျက်အုတ်ပုံပေါ်မှ တစ်လံခန့်ရှည်ပြီး လက် ကောက်ဝတ်ခန့်ရှိသော ငွေရောင်ကဲ့သို့ ဖြူဖွေးနေသောမြွေတစ်ကောင်ဆင်းလာပြီး အုတ်ခုံ ခြေရင်း၌ ပါးပျဉ်းထောင်လျက် ဘုရားဘက်သို့လှည့်လည်ပူဇော်ခဲ့သည်။ ထိုအချိန်က မြတ်စွာ ဘုရားအား ဘုရားဆွမ်းတော်ကပ်ရန် ပြင်ဆင်ပြီးချိန်ဖြစ်သည်။ ဆွမ်းတော်ကပ်လှူပြီးမှ စေတီ ပျက်ပေါ်ပြန်တက်သွားပြီး ရောင်ခြည်တော်လွှတ်သည်ကိုကား အနီးပတ်ဝန်ကျင်ရွာသူရွာသား များ ဖူးမြင်ရသကဲ့သို့ ပါရမီဓာတ်ခံရှိသူတချို့လည်း ဖူးမြင်ခဲ့ရလေသည်။