(က) မွန်ဘုရင် ဗညားဦးမှ ပထမဟံသာဝတီနန်းတော် တည်ထောင်ခြင်း
ဗညားဦးသည် ရှမ်းနှင့်မွန်စပ်သော မုတ္တမမင်းဆက်တွင် အဋ္ဌမမြောက်မင်းဖြစ်ခဲ့ပြီး၊ ဥဿာ ပဲကူး(ပဲခူး)တွင် မင်းဆက်အသစ် ထူထောင်လို၍ ဟင်္သာကုန်းတဝိုက်တွင် ၁၆ တောင်ရှိသော အုတ်မြို့ကိုတည်ပြီး ဟံသာဝတီဟု သမုတ်ကာ ပထမဟံသာဝတီမင်းဆက်ကို တီထွင်ခဲ့သည်။ မြိုတော်နေရာကား မြောက်ဘက်ရွှေပန်းဘုရားမှ တောင်ဘက်ဇော်ဂျီကုန်းဘုရားအထိ၊ အနောက် ဘက် ဟင်္သာကုန်းမုခ်ဦးမှ အရှေ့ဘက်အစိုးရစိုက်ပျိုးရေးဌာနအထိ အရပ်များဖြစ်လေသည်။ ဗညားဦး၏ ဟံသာဝတီမြို့တံခါးများကား (၁)မော်ဓောတံခါး (၂)မောကရုပ်တံခါး (၃)အဒလိုတံခါး (၄) ပျဋုင်တံခါး (၅)မလွယ်တံခါး (၆)ဒငေါဋုင်တံခါး (၇)ဒလွေးသွတ်တံခါး (၈)သုသာန်တံခါးတို့ ဖြစ်သည်။ ၎င်းဟံသာဝတီမြိုတော်၏ အသက်မှာ ဘုရင့်နောင်မင်းတရားနန်းတက်သည့် သက္ကရာဇ် (၉၂၉)ခုအထိ နှစ်ရာတစ်ဆယ့်ရှစ်နှစ်ဖြစ်သည်။ ဒုတိယဟံသာဝတီနေပြည်သစ်ကို ဘုရင့်နောင် ၉၂၉ ၌ တည်ပြီးသောအခါ ဗညားဦးမြိုဟောင်းကို သော်ကဥယျာဉ်ဟု သမုတ်တော်မူပြီး ဥယျာဉ် တော်အဖြစ်ပြုပြင်လိုက်သည်။ ပထမဟံသာဝတီ၏ နန်းတော်ကုန်းကား ဟင်္သာကုန်းဘုရားလမ်း အဝင်ထိပ် (ယခင် ရဲစခန်းဝင်း) အရှေ့ဘက်မြေပြင်အမြင့်ပင်ဖြစ်သည်။
(ခ) ဘုရင့်နောင်မင်းတရားကြီးမှ ဒုတိယဟံသာဝတီနန်းတော် တည်ထောင်ခြင်း(အေဒီ ၁၅၅၁-၁၅၈၁)
ဗညားဦးမင်း တည်ခဲ့သော ပထမဟံသာဝတီနေပြည်သည် ဒုတိယမြန်မာနိုင်ငံတော်ကြီး ကို ထူထောင်တော်မူနိုင်ခဲ့သော ဘုရင့်နောင်မင်းတရား၏ ဂုဏ်ဒြပ်နှင့် မလျောက်ပတ်၊ သိမ်ငယ် လှ၏။ ထိုကြောင့် သင့်လျော်သော နေပြည်တော်ကြီးကို ဟင်္သာကုန်းတန်းနှင့် ပဲကူး(ပဲခူး)ချောင်း ကြားတွင် ရွှေမော်ဓောစေတီကို မြို့တွင်းထားလျက် သက္ကရာဇ် ၉၂၈ ခု၊ တန်ဆောင်မုန်းလဆန်း (၁၀)ရက် ကြာသပတေးနေ့မှ စတည်လေသည်။
၉၂၉ ခု၊ တန်ခူးလပြည့်၊ ကြာသပတေးနေ့တွင် နန်းတော်အဆောင်ဆောင်နှင့်တကွ မြို့ပြ ကျုံးမြောင်း အလုံးစုံပြီး၍ ဘုရင့်နောင်၏ နေပြည်တော်အသစ်ကား ဒုတိယဟံသာဝတီဖြစ်၏။ မြို့၏ အဝန်းတာပေါင်း သုံးထောင့်လေးရာရှိသည်။ မြို့တံခါး နှစ်ဆယ်၏အမည်များကား အနောက်မြောက်တံခါးမှ လက်ယာရစ်ရေသော် (၁)တနင်္သာရီတံခါး (၂)ယိုးဒယားတံခါး (၃)မုတ္တမတံခါး (၄)ပုခန်းတံခါး (၅)ပုသိမ်တံခါး (၆)ပြည်တံခါး (၇)အင်းဝတံခါး (၈)တောင်ငူတံခါး (၉)လင်းဇင်းတံခါး (၁၀)ဒလတံခါး (၁၁)ဇင်းမယ်တံခါး (၁၂)အုန်းဘောင်တံခါး (၁၃)မိုးညှင်းတံခါး (၁၄)မိုးကောင်းတံခါး (၁၅)ထားဝယ်တံခါး (၁၆)ကလေးတံခါး (၁၇)မိုးနဲတံခါး (၁၈)ညောင်ရွှေ တံခါး (၁၉)သာယာဝတီတံခါး (၂၀)သိန္နီတံခါး၊ တံခါးနှစ်ဆယ်၏ ပြဿဒ်များမှစ၍ တံခါးရွက်များ ကိုပင် ရွှေအပြည့် ထည့်ထားလေသည်။ မျက်မြင်သိသူ ပထမ နဝဒေးကြီးကရာဇဌာနီ၊ ပြည်ကြီးပီ၍”တုသီတာမှ၊ ဘုံလျှင်ကျသို့” ဟူ၍ ဘုရင့်နောင်တည်သော ဒုတိယဟံသာဝတီနန်းတော်ကို ဖွဲဆိုခဲ့၏။
“ထက်စွန်နတ်ရွာ၊ ဝတိံသာနှင့်
နှိင်းရာတစ်နေ့၊ သာမျိုးတွေသား
သပြေမြန်ခန်း၊ ဟင်္သာနန်း”ဟူ၍ ဘုရင့်နောင်၏နန်းကို စာဖွဲခဲ့သည်။ ဒုတိယဟံသာဝတီ ရောက်ဖူးသော စပိန်လူမျိုး (ဖရိုင်ယာအိစူ)စသည် (အေးရှားပေါ်တူဂီ) မှတ်တမ်းတွင်နန်းတော်လှပုံကား အယုတ်ဆုံးနေရာတွင်ပင် လှပသော ပန်းချီနှင့် ရွှေပိန်းခြယ်ထား သည်။ အချို့သော နန်းဆောင်များ၏ အမိုးသည် ပကတိရွှေပြားများနှင့် မိုးထားလေ၏ဟု မော် ကွန်းတင်ထားခဲ့သည်။
ဘုရင့်နောင်တည်ခဲ့သော ကမ္ဘောဇသာဒီဟု အမည်တွင်သော နန်းတော်ကြီးမှာ လှပခန့်ညား သော်လည်း နှစ်သက်မရှည်ခဲ့ပေ။ သုံးဆယ့်တစ်နှစ်သာ ရာဇဌာနီဖြစ်ခဲ့သည်။ သက္ကရာဇ် ၉၆၁ တွင် တောင်ငူဘုရင်သီဟသူ နှင့် ရခိုင်ဘုရင် မင်းရဲကျော်ထင် တို့၏ တိုက်ခိုက်မှုကြောင့် နေပြည် တော်သက် ကုန်ဆုံးခဲ့ရသည်။နောက်တစ်နှစ်တွင် ဟံသာဝတီရွှေနန်းကစ၍ တစ်မြို့လုံးကို ရခိုင် မင်းတပ်သားများက မီးရှို့လေသောကြောင့် ဘုရင့်နောင်နန်းတော်ကြီး ပြာကျခဲ့သည်။
(ဂ) တတိယဟံသာဝတီဖြစ်ပေါ်လာခြင်း
ပဲကူးသားတိုသည် အင်းဝမင်း မဟာဓမ္မရာဇာဓိပတိကိုတော်လှန်ပုန်ကန်၍ရဟန်းလူထွက် ငဘုန်းနိုင် ကို ရွှေမော်ဓောရင်ပြင်တော်ပေါ်၌ မင်းမြှောက်ကာ ဗုဒ္ဓကေသီဟူသောဘွဲကိုပေးပြီး ပဲကူးတွင် သက္ကရာဇ် ၁၁၀၂ ခု၌ မင်းပြုစေကြသည်။ နောင်တွင် ဆင်ကျားရ၍ ရှင်ကျားရှင်ဟု လည်းခေါ်၏။
ဗုဒ္ဓကေသီသည် ဘုရင့်နောင်၏ မြိုဟောင်းကို ပြုပြင်ပြီး သက္ကရာဇ် ၁၁၀၂ ခုတွင် တတိယ ဟံသာဝတီကို တည်ထောင်လေသည်။ နန်းတော်မှာ ဟော်နန်းလောက်သာရှိ၏ဟု လက်ဝဲနော် ရထာမှတ်တမ်းတွင် တွေ့ရှိရသည်။ ထိုမင်းသည် ယောက္ခမဖြစ်သော သူ၏အမတ် “ဗညားဒလ” ဘွဲခံ အင်းဝဆင်ဝင်ဟောင်း ငအောင်လှလက်သို တတိယ ဟံသာဝတီနန်းကို သက္ကရာဇ် ၁၁၀၉ ခု တွင် လွှပေးခဲ့ပြီး ဇင်းမယ်သို သွားလေ၏။ ငအောင်လှသည် ဗြမိုင်းဓိရာဇာဘွဲခံပြီး မင်းပြုလေ၏။ ၁၁၁၉ တွင် အလောင်းမင်းတရား ဦးအောင်ဇေယျကို စစ်ရှုးသောကြောင့် တတိယဟံသာဝတီ ပျက်ပြီး ဗြမိုင်းဓိရာဇာ နန်းကုန် ကုန်လေတော့သည်။ တတိယဟံသာဝတီ၏ မြိုတည်သက်မှာ ၁၇ နှစ်ဖြစ်လေသည်။ထိုကြောင့် ဟံသာဝတီသည် ခေတ်သက်လည်းရှည်၍ မင်းဆက်လည်း များခဲ့သည်။
ထိုထိုသော မင်းဆက်များတွင် ဥဿာ ပဲကူးအစ သမလ၊ ဝိမလ၊ မိဂါဒိပ္ပ၊ တိဿမင်းတို သည် ပထမဟံသာဝတီခေတ်မတိုင်မီတွင် အထူးထင်ရှားခဲ့သည်။ ဗညားဦး ရာဇာဓိရာဇ်၊ ရှင်စောပု ဘုရင်မကြီးနှင့် ဓမ္မစေတီမင်းတိုသည် ပထမဟံသာဝတီခေတ်တွင် ဘာသာ သာသနာ ယဉ်ကျေးမှု တို တိုးတက်ထွန်းကားအောင် စွမ်းဆောင်ခဲ့ကြသည်။ ဒုတိယဟံသာဝတီခေတ်တွင် ဘုရင့်နောင် သည် အကြီးအကျယ်အခမ်းအနားဆုံး အင်အားတောင့်တင်းမှုကိုရယူ၍ ဒုတိယမြန်မာနိုင်ငံတော် ကြီးသည် ပဲခူးမြို၏ အမှတ်တရ ဂုဏ်ယူဖွယ်ရာ ရှေးဟောင်းသမိုင်းဝင်တစ်ခုဖြစ်ခဲ့သည်။
သို့ဖြစ်၍ မြန်မာတို့ဂုဏ်ယူဝင့်ကြွယ်ဖွယ်ဖြစ်ပြီး နိုင်ငံတကာမှ အသိအမှတ်ပြုရမည့် ယဉ်ကျေးမှုအမွေအနှစ်များစွာသည် ယနေ့ “ပဲခူး”တခွင်တွင် အများအပြားရှိသည်ကို မျက်မြင် ကိုယ်တွေ့မြင်နေရဆဲဖြစ်ပေသည်။
အထူးသဖြင့် ဟံသာဝတီ မတိုင်မီခေတ် တည်ထားကိုးကွယ်ခဲ့ကြသည့် (ရွှေမော်ဓော၊ ရွှေဖရုံမယ်၊ ဖောင်တော်ဦး)၊ ကျိုက်ပေါ၊ ကျိုက်ကလွန်ပွန်း၊ ရွှေသာလျောင်း၊ စိန်သာလျောင်း စသော ဆင်းတုတော်၊ ဘုရားစေတီတော်များသည်လည်းကောင်း၊ ဟံသာဝတီခေတ် ဓမ္မစေတီ မင်း တည်ထားကိုးကွယ်ခဲ့သည့် မဟာကြီး၊ ရွှေအောင်ရွေး(မော်ဓောငယ်စေတီ)၊ ဗုဒ္ဓဂါယာ၊ ရွှေဂူကြီး၊ ရွှေဂူလေး၊ ကျိုက်ပွန်၊ ကလျာဏီ၊ နာရဏီ၊ နာဂဝန်စသော သိမ်တော်များ၊ ဘုရားစေတီ၊ ဆင်းတုတော်များသည်လည်းကောင်း၊ ဘုရင့်နောင်မင်းတရားကြီး၏ကောင်းမှုတော်(မဟာစေတီ) ဘုရားကြီးသည်လည်းကောင်း၊ ဟံသာဝတီခေတ်မြန်မာတို့၏ ခမ်းနားကြီးကျယ်မှုနှင့် ယဉ်ကျေးမှု အဆင့်အတန်းကို ညွှန်ပြနေခြင်းဖြစ်ပေသည်။