စိန်သာလျောင်းရုပ်ပွားတော်

သမိုင်းအကျဉ်း

သက္ကရာဇ် (၆၆၃) ခုနှစ်တွင် ပဲခူးအရေးပိုင်ရုံး၊ ၀န်ထောက်ဦးဖြူနှင့် အမှုထမ်းများက ခြုံနွယ်သစ်ပင်များဖုံးလွှမ်းနေသော ရုပ်ပွားတော်ကြီ:ကို ပြန်လည်ပြုပြင်ပြီ: စိန်သာလျောင်း ဘုရားဟု ဘွဲ့တော်အသစ်ပေးခဲ့သည်။သက္ကရာဇ်(၁၃၀၆) ခုနှစ်တွင် သံတန်ဆောင်းတော်ကြီးတခုကို ဦးဖြူ၊ ဦးဘကျော်၊ ဦးသောင်းညွန့်တို့က ကြိုးပမ်းဆောက်လုပ်ခဲ့ဖူးသည်။ သက္ကရာဇ်(၁၃၀၇) ခုနှစ်တွင် လေပြင်း တိုက်ခိုက်ရာ သံတန်ဆောင်းတော်ကြီးပြိုလဲခဲ့ရသည်။၎င်းနောက် သက္ကရာဇ်(၁၃၃) ခုနှစ်တွင် မှီအုံးတော်ကြီးနှင့် နဖူးသင်းကျစ်ကို မှန်စီပေးခဲ့သည်။ သက္ကရာဇ်(၁၃၃၄) ခုနှစ်တွင် ရုပ်ပွားတော်မျက်နှာစာ စေတီငုတ်တိုကို ပြန်တည်ပေးခဲ့သည်။  ယခုအခါ စိန်သာလျောင်းရုပ်ပွားတော်ကြီ:၏ သံတန်ဆောင်းတော်ကြီးကို ကွန်ကရိအစားထိုး တိုင်များဖြင့် အသစ်ပြန်လည် တည်ဆောက်ပြီးဖြစ်ပါသည်။

ရုပ်ပွားတော် ပန္နက်ပုံ

စိန်သာလျောင်းဘုရားသည် ဉာဏ်တော် အတောင်(၁၀၀)ရှိ၍ ရှင်ပင်ပေါင်းလဲ ရုပ်ပွားဟု ယူဆရပါသည်။ စိန်သာလျောင်း၏ ဒါယကာများမှာ ပုဂံစောနစ်မင်းနှင့် ပဲခူးဘုရင်ခံဒုတိယမြောက် မိဂါဒိပ္ပတို့ဖြစ်ကြသည်။

သက္ကရာဇ်(၁၃၀၆)ခုတွင် ကျိုက်ဒေးရုံကျောင်းပေစာတစ်စောင်၌ (ပဂေါ၊ တောင်သူစုတွင်၊ ညန်တော်အတောင်တစ်ရာရှိသော ရှင်ပင်ပေါင်းလဲရုပ်ပွားကို ဒုတိယမြောက် မိဂါဝိပ္ပမင်းငယ်နှင့် ပုဂံစောနစ်မင်းတို့တည်ကြ၏)ဟုတွေ့ခဲ့ရသည်။ ထို့ကြောင့် စိန်သာလျောင်းသည် ဉာဏ်တော် အတောင် (၁၀၀) ရှိ၍ရှင်ပင်ပေါင်းလဲ ရုပ်ပွားဟုယူဆရပါသည်။ ထို့ကြောင့်စိန်သာလျောင်း၏ ဒါယကာများမှာ ပုဂံစောနစ်မင်းနှင့် ပဲခူးဘုရင်ခံဒုတိယမြောက် မိဂါဒိပ္ပတို့ဖြစ်ကြသည်။ ယင်း ပုဂံဘုရင်၏ နန်းစံခုနှစ်များမှာ သက္ကရာဇ်(၆၆၂)မှ(၆၉၃)ထိဖြစ်သည်။ ပဲခူးတိုင်းစားသည် သက္ကရာဇ်(၆၆၃)မှ (၆၇၃)ထိ ပဲခူးကိုစား၏။ သို့ဖြစ်၍ စိန်သာလျောင်းကို(၆၆၃)ခုနှင့် (၆၇၃)ခုအတွင်း တည်သည်ဟု တွက်ချက်ရပါသည်။

         

ဤရှင်ပင်လျောင်းလဲ ဆင်းတုကို ကလျာဏီကျောက်စာ၌ ပါဠိလို(မဟာဗုဒ္ဓရူပ)ဟုရေးထိုးခဲ့ သည်။သက္ကရာဇ်(၁၁၂၉)ခု ရေးပြီးသော ကျိုက်ဒေးရုံစာပေ၌ ရှင်ပင်ပေါင်းလဲဟုရေးထားသည်။ပဲခူး မြို့အရေးပိုင်ရုံး၊ဝန်ထောက်ဦးဖြူနှင့် အမှုထမ်းများပါဝင်သည့် မဟာဒုတ်အသင်းက ခြုံနွယ်သစ်ပင် များဖုံးနေသော ရှင်ပင်ပေါင်းလဲ ရုပ်ပွားကို ပြန်လည်ပြုပြင်ပြီးသောအခါ (စိန်သာလျောင်း)ဟု ဘွဲ့တော်အသစ်ဆက်ကပ်ခဲ့သည်။ ထိုနှစ်ကား(၁၂၉၃)ခုနှစ်ဖြစ်သည်။

ရွှေသာလျောင်းသံတန်ဆောင်း ကဲ့သို့သော သံတန်ဆောင်းအတွင်း စိန်သာလျောင်းရုပ်ပွားအား စံမြန်းစေရန် ဉက္ကဌဦးဖြူ၊ ဉက္ကဌ ဦးဘကျော်၊ဉက္ကဌဦးသောင်းညွှန့်တို့နှင့်အဖွဲ့ဝင်များ ကြိုးပမ်းခဲ့ကြသဖြင့် (၁၃၀၆)ခုနှစ်တွင်အောင်မြင် ခဲ့ပါသည်။ သို့သော်သံတိုင်များ၏ အင်အားကနည်းပြီး၊ သံထုတ်ယောက်ပိုင်းနှင့် သွပ်အမိုးတို့၏ အလေးချိန်ကများသောကြောင့် တစ်နှစ်အကြာ ကဆုန်လဆန်း(၇)ရက်အင်္ဂါနေ့တွင် လေပြင်း တိုက်ခိုက်သောကြောင့် သံတန်ဆောင်းကြီးပြိုလဲသွားတော့သည်။(၁၃၃၃)ခုနှစ်တွင် နဖူးစည်းသင်းကျစ်နှင့် မှီအုံးများကို မှန်စီရွှေချပေးခဲ့သည်။ ထို့ပြင်ရင်ပြင် တော်ကို ကျောက်စရစ်အင်္ဂတေခင်းခဲ့ပြီး ဘုရားရုပ်ပွားမျက်နှာစာစေတီငုတ်တိုပေါ်တွင် စေတီငယ်တစ်ဆူတည်ခဲ့ပါသည်။ပဲခူးမြို့၊ တောင်သူစု ကျေးရွာအနီး၊ ဖဲဖောင်တော်ကွင်း အရပ်တွင်တည်ရှိပါသည်။