ဆုတောင်းပြည့်(မဟာဗုဒ္ဓရုပ)စိန်သာလျောင်းရုပ်ပွားတော်မြတ်ကြီး၏ဉာဏ်တော်အတိုင်းအထွာများ
၁။ အလျားတော်
၂။ အမြင့်တော်
၃။ မျက်နှာတော်
၄။ နားတော်
၅။ မျက်လုံးတော်
၆။ မျက်ခုံးတော်
၇။ မျက်ခမ်းတော်
၈။ နှာခေါင်းတော်
၉။ နှုတ်ခမ်းတော်
၁ဝ။ လည်တိုင်တော်
၁၁။ ပုခုံးတော်မှ ခါးတော်အထိ
၁၂။ ခါးတော်မှ ဒူးတော်အထိ
၁၃။ ဒူးတော်မှ ခြေဖဝါးတော်အထိ
၁၄။ ဘယ်တစ်ထောင်ဆစ်မှ လက်ဖျားအထိ
၁၅။ ညာတစ်ထောင်ဆစ်မှ လက်ဖျားအထိ
၁၆။ လက်သန်းတော်
၁၇။ ခြေဖဝါးတော်
– ၁၃၄’-၆”
– ၂၈’-၉”
– ၁၃’-၄”
– ၁၄’-၇”
– ၃’-၁”
– ၅’-၂”
– ၃’-၄”
– ၃’-၁၁”
– ၅’-၁”
– ၄’-၁”
– ၂၉’-၁၀”
– ၄၂’-ဝ”
– ၄ဝ’-ဝ”
– ၃၆’-ဝ”
– ၃၆’-ဝ”
– ၈’-၁၁”
– ၁၅’-၆”/၅’-၅”
တည်နေရာ
(မဟာဗုဒ္ဓရူပ)စိန်သာလျောင်း ရုပ်ပွားတော်မြတ်ကြီး၏ တည်နေရာအရပ်သည် ပဲခူးမြို၏ မြိုထိပ်၊ မြိုဦး ဖြစ်ပြီးမြို၏အရှေ့တောင်ဘက်ယွန်းယွန်း ဖဲဖောင်တော်ကွင်းအရပ်တွင် အရှေ့သို မျက်နှာမူလျက် တောင်ဘက်သို ခေါင်းပြူကာ ဂန္ဓကုဋီတိုက်တော်တွင်း ကြည်ညိုသပ္ပါယ်စွာ စံပယ်လျက်ရှိပေ သည်။
ပဲခူးမြို့၊ တောင်သူစုကျေးရွာအနီးတွင်တည်ရှိပါသည်။ အရှေ့ဘက်တွင် လယ်မြေကွက်များ၊ အနောက်ဘက်တွင် တောင်သူစုကျေးရွာ၊ တောင်ဘက်တွင် စိန်သာလျောင်းဘုန်းတော်ကြီးကျောင်း၊ မြောက်ဘက်တွင် ဖဲဖေါင်တော်ကွင်းတို့တည်ရှိပါသည်။
ဘုရားဖူးများ ကြည်ညိုသဒ္ဓါပွား၍ ဖူးမြော်နိုင်ကြစေရန် လမ်းညွှန်ပြရမည်ဆိုလျှင် ပဲခူးမြို၊ အရှေ့တောင်ဘက်၊ ပဲခူး-သနပ်ပင်သွား ကားလမ်းမအတိုင်း ပဲခူးဘက်မှသွား၍ ဟင်္သာကုန်း မွန်စံပြရပ်ကွက်ထိပ်မှ ညာဘက်အတိုင်း ကြည့်သွားလျှင် (သမိုင်းဝင်မဟာဗုဒ္ဓရူပ)စိန်သာလျောင်း ဘုရားကြီးသိုဟု လမ်းညွှန်ထားသော မုခ်ဦးကြီးအား တွေ့မြင်ရပေမည်။ ၎င်းမှ ၇ ဖာလုံခွဲခန့် ဝင် လိုက်မည်ဆိုပါက တင့်တယ်စွာ စံပယ်နေသော မဟာဗုဒ္ဓရူပ စိန်သာလျောင်းဘုရားကြီးအား မျက်ဝါးထင်ထင် ဖူးတွေ့မြင်ရမည်ဖြစ်ပါသည်။
အဝင်လမ်း၏ညာဘက်တွင် ရာဇဝင်သမိုင်းအရ ပထမဟံသာဝတီကို တည်ထောင်ခဲ့သော ဗညားဦး၏ မြိုရိုးဟောင်းပျက်အား ခင်တန်းကုန်းသဖွယ် တွေ့မြင်ရပေမည်။
ဒါယိကာ
ပဲကူး(ပဲခူး) ဘုရင်ခံဒုတိယမြောက် မိဂါဒိပ္ပမင်း၊
ပဲခူးတိုင်းစား ပုဂံဘုရင်စောနစ်မင်း
ခေတ်ကာလ
အေဒီ(၁၃) ရာစု