ucstgo

ဘုန်းတော်တိုးဘုန်းတော်ပွင့် စေတီတော်မြတ်ကြီး
၁၂-လရာသီ ပွဲတော်များ

photo_2024-07-11_06-53-35 (1)

သစ်သီးဆွမ်းခံလှည့်လည်ခြင်း

နှစ်စဉ်တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့ညတွင် မြို့ပေါ်(၆)ရပ်ကွက်သို့ သစ်သီးဆွမ်းခံလှည်လည်အပူဇော်ခံပြီးတန်ဆောင်မုန်းလပြည့်နေ့ နံနက်အာရုဏ်တတ်ချိန်တွင် ရုပ်ပွားတော်( ၄ ) ဆူအား ဆွမ်းနှင့် သစ်သီးများ ကပ်လှူပူဇော်ခြင်းပြုလုပ်ပါသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့တွင် မြို့နယ်လုံးဆိုင်ရာဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဌာန ဆိုင်ရာများနှင့် မြို့ပေါ်(၆)ရပ်ကွက်မှ မဲရုံများ စေတနာရှင်များမှ ဆွမ်းဆန်နှင့် အခြားလှူဖွယ်ပစ္စည်းများအား မြို့နယ်အတွင်းရှိ ပင်သံဃာ(၂၀၁)ပါးနှင့်သီလရှင်အပါး(၇၀)ကျော်တို့အား စည်ကားသိုက်မြိုက်စွာလောင်းလှူ ခဲ့ကြပါသည်။

ကဆုန်ညောင်ရေသွန်းပွဲ

ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်အား ဌာနဆိုင်ရာများ နှင့် ဓမ္မစကြာဝတ်အဖွဲ့များ ပြည်သူများမှ လာရောက်၍ စည်ကားသိုက်မြိုက်စွာ ညောင်ရေသွန်းပွဲတော်ကျင်းပပါသည်။

မဟာပဌာန်းရွက်ဖက်ပူဇော်ပွဲ

နှစ်စဉ်ဝါတွင်း(၃)လတွင် ဥပုသ်နေ့တိုင်း အသံမစဲ မဟာပဌာန်းပွဲအား သံဃာတော် အရှင်မြတ်များမှ ရွတ်ဖတ်ပူဇော်ပါသည်။