ဘုန်းတော်တိုးဘုန်းတော်ပွင့် စေတီတော်မြတ်ကြီး
ဖူးမြော် လေ့လာနိုင်သောနေရာများ
ဘုန်းတော်တိုးဘုရား၊ နိဗ္ဗာနဓါတုမုဒြာ ပုဗ္ဗဝိဒေဟ (အရှေ့ကျွန်း)
အောတတွင်း စခန်းတွင် မင်းကြီးညိုသည် ၎င်း၏ ဘုန်းလက်ရုံးရည်ကိုရည်ရွည်ပြီး ဘုန်းများတိုးတက်စေရန် ဥစ္စာစီးပွါးလာဘ်များပွင့်စေရန်နှင့် ဖူးမြော်သူအပေါင်းရစေကြောင်း ဟူသော ချောင်းဦး သံဃရာဇာဆရာတော် ၏ဆန္ဒတော်အရ ဘုန်းတော်တိုး ဘွဲအမည်ဖြင့် ဗုဒ္ဓရုပ်ပွါးတော်ကို ဗုဒ္ဓဘိသေကအနေကဇာနှင့် ထီးတော်မြတ်တင်လှူပူဇော်ခဲ့ပါသည်။
ဘုန်းတော်ပွင့်ဘုရား၊ ဗောဓိ(၅)ပါးမုဒြာ (တောင်ကျွန်း)
အောတတွင်း စခန်းတွင် မင်းကြီးညိုသည် ၎င်း၏ ဘုန်းလက်ရုံးရည်ကိုရည်ရွည်ပြီး ဘုန်းများတိုးတက်စေရန် ဥစ္စာစီးပွါးလာဘ်များပွင့်စေရန်နှင့် ဖူးမြော်သူအပေါင်းရစေကြောင်း ဟူသော ချောင်းဦး သံဃရာဇာဆရာတော် ၏ဆန္ဒတော်အရ ဘုန်းတော်ပွင့် ဘွဲအမည်ဖြင့် ဗုဒ္ဓရုပ်ပွါးတော်ကို ဗုဒ္ဓဘိသေကအနေကဇာနှင့် ထီးတော်မြတ်တင်လှူပူဇော်ခဲ့ပါသည်။
ဘုန်းတော်တင့်ဘုရား၊ မဟာကရုဏမုဒြာ အပရဂေါယာန (အနောက်ကျွန်း)
ခရစ်နှစ် (၁၉၆၃)ခုနှစ်သို့ရောက်သောအခါ ဂါတ်တဲကျောင်းဆရာတော် ဘဒ္ဒန္တတေဇပါလမှ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော မြတ်စွာဘုရား( ၄ )ဆူတို့အား ရည်မှန်းသမှု ပြု၍ ထပ်မံထုလုပ်ကိုးကွယ်ခဲ့ပါသည်။ဘွဲတော်ကိုလည်း ဘုန်းတော်တင့်ဟု ခေါ်ဝေါ်ခဲ့ကြသည်။
ဘုန်းတော်မြင့်ဘုရား၊ အနတ္တမုဒြာ ဥတ္တရကုရု (မြောက်ကျွန်း)
ခရစ်နှစ် (၁၉၆၃)ခုနှစ်သို့ရောက်သောအခါ ဂါတ်တဲကျောင်းဆရာတော် ဘဒ္ဒန္တတေဇပါလမှ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော မြတ်စွာဘုရား( ၄ )ဆူတို့အား ရည်မှန်းသမှု ပြု၍ ထပ်မံထုလုပ်ကိုးကွယ်ခဲ့ပါသည်။ဘွဲတော်ကိုလည်း ဘုန်းတော်မြင့်ဟု ခေါ်ဝေါ်ခဲ့ကြသည်။
နဂါးရုံဘုရား
နဂါးရုံဘုရားကို ခရစ်နှစ်(၂၀၀၈)ခုနှစ်တွင် ကြယ်နီဆေးပေါ့လိပ်ရုံပိုင်ရှင် ဦးခင်မောင်ဝင်းနှင့် ဇနီးသီရိ သုဓမ္မသိင်္ဂီ ဒေါ်သန်းသန်းနွဲ့ မှလှူဒါန်းခဲ့ပါသည်။
ဂြိုလ်ပြေနံပြေစေတီတော်ခေါင်းလောင်း
ဂြိုလ်ပြေ၊နံပြေစေတီတော်ခေါင်းလောင်းကို ခရစ်နှစ် (၂၀၀၈) ခုနှစ်တွင် အလှူရှင် ဉီးကျော်ဝင်း+ဒေါ်မာမာဦး (ကျော်ဝင်းဆေးဆိုင်) အုတ်တွင်းမြို့ မှ လှူဒါန်းခဲ့ပါသည်။
အသောကကျောက်တိုင်
အသောကကျောက်တိုင်ကို ခရစ်နှစ်(၂၀၀၈)ခုနှစ်တွင် CBဘဏ်မှ ဉီးခင်မောင်အေး နှင့်ဇနီး ဒေါ်ဝင့်ရည်အေး မှလှူဒါန်းခဲ့ပါသည်။
ဂြိုလ်ပြေနံပြေစေတီတော်
ဂြိုလ်ပြေနံပြေစေတီတော်ကို ခရစ်နှစ်(၂၀၀၈)ခုနှစ်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကို နှင့်ဇနီး ဒေါ်စပ်နွမ်းခွပ်ဆန် မှ လှူဒါန်းခဲ့ပါသည်။
မဟာဗောဒိညောင်ပင်
ဗောဓိညောင်ပင်အား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှ ပင့်ဆောင်၍ ( ) နှစ်တွင် စိုက်ပျိုးပူဇော်ခဲ့ပါသည်။ နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပါသည်။ ညောင်ရေသွန်းပွဲတော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဝေယျာဝစ္စအဖွဲ့များ၊ အကျိုးတော်ဆောင်များ၊ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများ၊ ပြည်သူများမှ လာရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ကြပါသည်။
ရွှေဟင်္သာတံခွန်တိုင်
ရွှေင်္ဟသာတံခွန်တိုင်အား ဦးဥက္ကာစိုး- ဒေါ်မေဝင်းနွယ် ကြယ်နီဆေးပေါ့လိပ် မိသားစု မှလှူဒါန်းခဲ့ပါသည်။
ရှင်ဥပဂုတ္တတံခွန်တိုင်
ရှင်ဥပဂုတ္တတံခွန်တိုင်အား ကိုဝင်မင်းဦး -မစုမြတ်ခင် ကိုဝင်မင်းမြတ်(မောင်နှမတစ်စု) ကြယ်နီဆေးပေါ့လိပ် မိသားစုမှလှူဒါန်းခဲ့ပါသည်။