မယ်ဒက်ကယ်စေတီတော်မြတ်ကြီး

ပွဲတော်များ

တန်ခူးလ

နှစ်စဉ် တန်ခူးလဆန်း(၆)ရက်မှ (၁၅)ရက်နေ့အထိ ၁၀ရက်တိုင် စည်ကားသိုက်မြိုက်စွာဘုရားပွဲတော် ကျင်းပခြင်း။

ကဆုန်လ

ကဆုန်လပြည့်နေ့တွင်မူလဆရာတော်ကြီး၏ဆောင်ရွက်ခဲ့သည့်ကျင့်စဉ်အတိုင်း ညောင်ရေသွန်းခြင်းပွဲတော်။

တန်ဆောင်မုန်းလ

နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ ဘုရားကြီး၏ ဩဝါဒဆရာတော်ကြီးများအား ပစ္စည်းများနှင့် ဆွမ်းများလောင်းလှူခြင်း ဂေါပကအဖွဲ့နှင့် ရေတာရှည်မြို့နိဗ္ဗာန်ဆော်လူငယ်အဖွဲ့များမှ မဲရုံများတည်ဆောက်၍လှူဒါန်းခြင်း တန်ဆောင်မုန်းလဆန်း(၁၄)ရက် ညတွင် နိဗ္ဗာန်ဆော်လူငယ်အဖွဲ့မှ ဆီမီး(၁၁၀၀၀)ကို စေတီတော်ကြီးနှင့် အခြားစေတီပုထိုးများတွင် ထွန်းညှိပူဇော်ခြင်းပွဲတော်။