မယ်ဒက်ကယ်စေတီတော်မြတ်ကြီး
ကွမ်းအုံရွာတွင် အိုးသစ် အိမ်သစ်တည်ဆောက်ပြီး နေထိုင်ကြရာ တစ်ညတွင် အစ်မကြီးဖြစ်သူ မယ်ဒက်မှာ အိမ်မက်မြင်မက်၏။ ပစ္စည်းဥစ္စာရှိခိုက် အမှတ်တမဲ့မနေပဲ ဘုရားတည်ရန် တရားဘာဝနာ ပွားများရန် နောင်ဘဝအတွက်ဒါနမျိုးစေ့အဖြစ် လုပ်ကိုင်ရန်ဟူ၍ မြင်မက်သည်။ မယ်ဒက်လည်း အသိတရားဝင်ကာ ပေါင်းလောင်း(စစ်တောင်းမြစ်) အနောက်ဘက် (၂)မိုင်ခန့်အကွာ၌ ကိုရင်လေးစွန့်ကြဲခဲ့သည့် ရွှေငွေများကို ဌါပနာထည့်ပြီး ဤသို့ဆုတောင်းခဲ့ကြ၏။
(၁) ဤဌါပနာထည့်ကြသော ရတနာအဖြာဖြာတို့သည် ကျွန်ုပ်တို့ တည်ထားကိုးကွယ်သောဘုရားများ နှစ်ရှည်လများကြာရှည်၍ ပျက်စီးယိုယွင်းမှုဖြစ်ပါက အသစ်ထပ်မံပြင်ဆင်ရန်ဖြစ်ပါစေသတည်း။
(၂) ဤဘုရားအတွင်း ဌါပနာထည့်အပ်သော အဖိုးတန်လှသည့် ရတနာများမှာ မည်သူတစ်ဦး တစ်ယောက်မှ ဖျက်စီးယူငင်၍ မရနိုင်ပါစေသတည်း ဟူ၍ အဓိဌါန်ဖြင့်ဆုတောင်းခဲ့ကြသည်။
မက်ဒက်ကယ်စေတီတော်ကြီးသည်ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ရေတာရှည် အရှေ့မြောက်(၄.၃)မိုင်အကွာ အမှတ်(၆)သကြားစက်အနီး အောင်ချမ်းသာကျေးရွာတွင်တည်ရှိပြီးဘုရားမြေအကျယ်ဝန်းမှာ (၅၃.၅၀)ဧက ရှိပါသည်။
ရေတာရှည်မြောက်ဘက် (၃)ဖာလုံခန့်အကွာညောင်ပင်သာကျေးရွာ၏မြောက်ဘက်လမ်းခွဲမှ မော်တော်ကား ဆိုင်ကယ်စသည်ဖြင့် သွားရောက်နိုင်ပါသည်။
၁၂၈၉ခုနှစ်ခန့်က၊ မော်လမြိုင်နေ သစ်ကုန်သည်ဦးဘချစ်၊ တောင်တွင်းကြီးနေ သစ်တောဝန်ထောက်ဦးဘဖိုး၊ မန္တလေးဦးကြွယ်တောင်ငူဘီးလစ်စာရေးကြီးဦးသာလှိုင်စသည့်ပုဂ္ဂိုလ်တို့သည် စီးပွားရေးနှင့်အခြားကိစ္စများ ပျက်စီးဆုံးရှုံးသောအခါမယ်ဒက်ဆရာတော်ကြီးထံသိုရောက်လာကြ၏။ ဆရာတော်၏ဆုံးမဩဝါဒများခံယူကြ၍တရားဓမ္မများအားထုတ်ကြရာ အရပ်ရပ်သော ကိစ္စများ အောင်မြင်လာသောကြောင့် “မယ်ဒက်ကယ်´´ ဟုဖြစ်ပေါ်လာသည်။
တည်နေရာ>>>
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ အရှေ့မြောက်(၄၃)မိုင်အကွာ အမှတ်(၆) သကြားစက်အနီး အောင်ချမ်းသာကျေးရွာတွင်တည်ရှိပါသည်။ဘုရားမြေအကျယ်အဝန်းမှာ (၅၃.၅၀)ဧကရှိပြီး အင်ပင်ကြီးများနှင့် အခြားသစ်ပင်ကြီးများဖြင့် အုံ့မှိုင်းစိမ်းစိုလျှက်ရှိပါသည်။