မယ်ဒက်ကယ်စေတီတော်မြတ်ကြီး

ဖူးမြော်လေ့လာနိုင်သောနေရာများ

မယ်ဒက်ကယ်စေတီတော်မြတ်ကြီး                   

                   မယ်ဒက်ကယ်ဆရာတော် ဦးဝိရိယသည် ရဟန်းငယ်ဘဝတွင် တောင်ငူ မြို့ အရှေ့ဘက် သောက်ရေခပ်ချောင်း‌‌ဘေးကျောက်ပါးစပ်ရွာ အရှေ့(၈)မိုက်ခန့်အကွာရှိ ကျောက်ဂူထဲတွင် သီတင်းသုံးတောရဆောက်တည်နေသည်။ ထိုအချိန်တွင်ရေတာရှည် မြို့နယ် သာယာကုန်းရွာနေ အင်္ဂလိပ်သစ်ကုမ္ပဏီမှ ဆင်လုပ်သား၊ခေါင်းဆောင် ဦးထွေးကျော်နှင့် တွေ့ဆုံခဲ့ရသည်။ ဦးထွေးကျော်က သာယာကုန်းရွာမှ ရေတာရှည်သို့သွားရာလမ်း၌ ဘုရားငုတ်တိုတစ်ဆူရှိကြောင်း၊ ၄င်းအနီး၌ကျောင်းဆောက်လုပ်လှူဒါန်းပြီး ဆရာတော်သီတင်းသုံးပါမည့် အကြောင်း လျှောက်ထားသည်။ ဦးထွေးကျော်၏လျှောက်ထားမှုလက်ခံပြီး ကျောင်းထိုင်သီတင်းသုံးတော် မူသည်။ ကျောင်းသင်္ခမ်းအနီးရှိ ပျက်စီးယိုယွင်းနေသည့် ဘုရားပျက်များ၊ ခြုံနွယ်၊ သစ်ပင်များခုတ်ထွင် ရှင်းလင်းရာမှ မယ်ဒက်ညီအစ်မတည်ထားခဲ့သည့်ဘုရား ဖြစ်ကြောင်း ကျောက်စာနှင့်တကွတွေ့ရှိရသည်။ ဆရာတော်နှင့်ဦးထွေးကျော်တို ညှိနှိုင်းကြပြီးဘုရားကိုပြန်လည်ပြုပြင်တည်ထားကြသည်။ထိုနေရာ၌ပင် စေတီတော်ကြီးအားတည်ထားရာ၌                                                  (၁)၁၂၆၃ခုနှစ် ကဆုန်လဆန်း၁၅ရက်နေ့တွင် အုတ်မြစ်တော်ချသည်။                      (၂)ဖိနပ်တော်သည်  အရှေ့မှအနောက်(၅၄)တောင် တောင်မှမြောက်(၅၄)တောင်                    ဉာဏ်တော်     အမြင့်မှာ (၅၄)တောင်ရှိပါသည်။                                                    (၃)အရန်စေတီပေါင်း(၁၁၂)ဆူရှိသည်။                                                                              (၄)၁၂၆၅ခု၊ တန်ဆောင်မုန်းလတွင် အောင်မြင်စွာပြီးစီးသည်။

ပြည်လုံးချမ်းသာဘုရားကြီး

         မယ်ဒက်ဆရာတော်သည် ၁၂၈၁ခုနှစ်၊ သာသနာတော်(၅ဝဝဝ)နှင့်ကိုက်ညီမှုရှိစေရန် ကြေးပိဿာချိန်(၅၀၀၀)ရှိ ကြေးသွန်းဆင်းတူတော်တစ်ဆူတည်ထားသည်။ထိုဘုရားအား ပြည်လုံးချမ်းသာ ဘုရား ဟုဘွဲ့တော်ကပ်လှူသည်။

အောင်တော်မူဘုရား

     ပြည်လုံးချမ်းသာဘုရားသွန်းလုပ် အောင်မြင်သည့်အတွက် ကြေးသွန်းသည့်နေရာမှပင် ဆင်းတုတော်ဘုရားတည်ထား၏ ထိုဘုရားအား အောင်တော်မူဘူရားဟု ဘွဲ့တော်ကပ်လှူခဲ့သည်။

သိမ်တော်ကြီး

            ရဟန်း သံဃာတော်များ ၊ ကံကြီးကံငယ်ဆောင်ရန် စေတီကြီး အရှေ့မြောက် နေရာ၌ ဦးကံရေ ဆောက်လုပ်လှူဒါန်းခဲ့သည့် သိမ်တော်ကြီးရှိသည်။ သိမ်တော်ကြီးယိုယွင်းလာသောအခါ ပြည်မြို့မှ ဦးဖိုးထိုက်၊ဇနီးဒေါ်ကျင်မေတို့ကပြန်လည်ပြုပြင်ခဲ့သည်။

ဗောဓိပင်တန်း

          ဆရာတော်သည်၁၂၈၇ ခုနှစ်၌ သီဟိုဠ်ပြည် အနုရာဓရှေးဟောင်းမြို့သို့ ဒါယကာများစေလွှတ်၍ ဗောဓိသီးများရယူခဲ့သည်။၁၂၈၇ သီတင်းကျွတ်လပြည့်တွင် အောင်မြေကို မဇ္ဈိမဒေသ၊ သတ္တဌာနသို့စေလွှတ်ယူစေပြန်သည် ၁၂၉ဝခုနှစ် ကဆုန်လပြည့်နေ့တွင် စတင်စိုက်ပျိုးသောအခါ မယ်ဒက်စေတီတော်ကြီး၏ အင်္ဂါထောင့်တွင် စိုက်ပျိုးပြီးနောက် ကေတုမတီတောင်ငူမြို့၊ ရွှေဆံတော်ဘုရားကြီး၌တစ်ပင် မြတ်စောညီနောင်တွင်တစ်ပင် ရန်ကုန်မြို့ရွှေတိဂုံဘုရားကြီး၏အင်္ဂါထောင့်တွင်တစ်ပင် ရေတာရှည်မြို့ဓာတ်တော်ဘုရားကြီးတွင်တစ်ပင် စသည်ဖြင့် အခြားမြို့ရွာတို့တွင်လည်း စေလွှတ်စိုက်ပျိုးခဲ့သည်။

စောင်းတန်းကြီး

       မယ်ဒက်ဆရာတော်သည် အခန်းပေါင်း(၇၄)ခန်း ပါဝင်သည့် စေတီတော်ကြီးနှင့် တောင်ဘက် ပြည်လုံးချမ်းသာဘုရားကြီးအား ဆက်သွယ်သွားလာလွယ်ကူစေရန် စောင်းတန်းကြီးလည်း တည်ဆောက် ခဲ့သည်။