မယ်ဒက်ကယ်စေတီတော်မြတ်ကြီး
သမိုင်းအကျဉ်းချုပ်
အင်းဝနေပြည်တော် နရပတေ့မင်း လက်ထက် မိုးညှင်းစလုံနှင့် ၄င်း၏သားတော် သိုဟန်ဘွား တို့သည် အင်းဝနေပြည်တော်အား အလုံးအရင်းနှင့်ဝင်ရောက်တိုက်ခိုက်ရာ နရပတေ့မင်းကျဆုံးပြီး သိုဟန်ဘွား အုပ်စိုးခဲ့သည်။ထိုအချိန်တွင် တောင်ငူ(ကေတုမတီ)တွင် တပင်ရွှေထီးနန်းစံလျှက်ရှိနေပြီး အင်းဝကို သိမ်းပိုက်ရန် ပြင်ဆင်လျှက်ရှိ၏။ သိုဟန်ဘွားထံ သူ့ ကျွန်မခံလိုသော အင်းဝမှ မူးမတ် ပြည်သူများသည် တောင်ငူ(ကေတုမတီ)သို့ သွားရောက်ခို လှုံ ခဲ့ကြသည်။ ပြည်တွင်းရေး ရှုပ်ထွေးနေချိန် သိုဟန်ဘွား၏ အမတ်ကြီး မင်းကြီးရန်နောင်က သိုဟန်ဘွားအား လုပ်ကြံရာ အမတ်ကြီး ဦးကောင်စံလည်း ကျဆုံးခဲ့ရသည်။အမတ်ကြီးဦးကောင်စံ၏ဇနီးသည် သမီးကြီး မယ်ဒက်နှင့် သမီးငယ်မယ်နှဲတို့နှင့်အတူ အင်းဝမှ တောင်ငူ(ကေတုမတီ) သို့ထွက်ခွာလာရာ တောင်ငူမရောက်မီ ယခုရေတာရှည်မြို့နယ် မြို့ လှမြို့သို့ ရောက်ရှိကြ၏။ ထိုမှတဆင့် စစ်ပွဲနှင့်ဝေးရာ ပေါင်းလောင်းမြစ်(စစ်တောင်းမြစ်)အတိုင်း စုံဆင်းလာရာ ရေတာရှည်မြို့ အရှေ့ဘက် (၅)မိုင်ခန့်အကွာ ပိတောက်ကုန်းကျေးရွာ ရောက်ရှိပြီး အခြေချနေထိုင်ခဲ့ကြသည်။
ပိတောက်ကုန်းကျေးရွာ၌နေထိုင်စဉ် မယ်ဒက်နှင့် မယ်နှဲတို့ မိခင်ကြီး ကွယ်လွန်ခဲ့သည် ခိုကိုးရာမဲ့နေသည့် ညီအစ်မနှစ်ယောက် မှာ မိခင်ကြီးအား သင်္ဂြိုဟ်ရန်စရိတ်မရှိသဖြင့် ပိတောက်ကုန်း သူကြီးအိမ်တွင် အခိုင်းအစေဘဝဖြင့် သုံးနှစ်သုံးမိုးနေလျှင် သင်္ဂြိုဟ်စရိတ် ငွေအချိန် သုံးပိဿာ ပေးမည်ဟု ပြောသောအခါ အစ်မကြီးမယ်ဒက်မှာ ငြင်းဆန်ခြင်းမပြုတော့ပဲ သူကြီးအိမ်တွင် နွားကျောင်း ထင်းခွေ စသောအလုပ်များလုပ်ရင်း သူ့ကျွန်ဘဝမျိုးဖြင့် နေထိုင်ခဲ့ကြရ၏။
တစ်နေ့သောနွေကာလတွင် သိုက်မိကျောင်းရှိသည်ဟုပြောဆိုနေသော ရေအိုင်ကြီးအနီး ရောက်လာပြီး ညီအစ်မနှစ်ယောက် နွားကျောင်းနေစဉ် ကိုရင်လေးတစ်ပါး ကြွရောက်လာပြီး မိကျောင်းကြီး ရှိသည်ဆိုသော ရေအိုင်ကြီးအားပြသရန်ပြောဆို၏ အစပိုင်းတွင် မိကျောင်းကြီးရှိသည်ဆိုသော နေရာကို မပြရဲကြပေ သို့ သော် ကိုရင်လေး၏တောင်းပန်ပြောဆိုမှုကြောင့် နေရာကို ပြကြသည်။ ကိုရင်လေးသည် မိမိ၏ လုပ်ငန်းကိုစတင်လုပ်ကိုင်ရာ မိကျောင်းကြီး ကမ်းပါး သို့ကပ်ပြီး ငြိမ်လျှက်နေတော့၏။ ထိုအခါ ကိုရင်လေးသည် မိကျောင်းကြီး၏ မျက်လုံးမှ ပတ္တမြားကိုယူပြီး မိကျောင်းမှာ အလိုလိုနေရင်း ကိုယ်သုံးပိုင်းဖြစ်သွားပြီး ကိုယ်ပိုင်းမှ ရွှေ ငွေများအား ညီအစ်မနှစ်ဦးအား ပေးခဲ့ပြီး ကိုရင်လေးလည်း ပျောက်ကွယ်သွားတော့သည်။(မိကျောင်းရှိရာအိုင်အနီး၌ လူအများ ရွာတည်၍ နေထိုင်ကြရာ ယနေ့တိုင် မိကျောင်းအိုင်ဟု ခေါ်တွင်ကြသည်။)ညနေစောင်း၍ ညီအစ်မနှစ်ယောက် အိမ် သို့ ပြန်လာကြသည် အိမ်ရောက်သောအခါ အကျိုးအကြောင်းရှင်းပြရာ သူကြီးကတော်မှ မယုံကြည်ပဲရှိနေရာ ကိုရင်လေး ကိုယ်ထင်ပြ လာရောက်ရှင်းပြရသည်။ ထိုအခါ သူကြီးကတော်ထံမှ မိမိ မိခင် ကွယ်လွန်စဉ်က သင်္ဂြိုဟ်စရိတ်ယူထားသည့် ငွေကြေးအား ပြန်လည်ပေးဆပ်ပြီး ညီအစ်မနှစ်ယောက် သူ့ကျွန်ဘဝမှလွတ်မြောက်ကြတော့သည် ပိတောက်ကုန်းရွာတွင်လည်း မနေတော့ပဲ အနောက်ဘက်ရှိ ကွမ်းအုံရွာသို့ ပြောင်းရွှေ့နေထိုင်ကြ၏။
ကွမ်းအုံရွာတွင် အိုးသစ် အိမ်သစ်တည်ဆောက်ပြီး နေထိုင်ကြရာ တစ်ညတွင် အစ်မကြီးဖြစ်သူ မယ်ဒက်မှာ အိမ်မက်မြင်မက်၏ ပစ္စည်းဥစ္စာရှိခိုက် အမှတ်တမဲ့မနေပဲ ဘုရားတည်ရန် တရားဘာဝနာ ပွားများရန် နောင်ဘဝအတွက်ဒါနမျိုးစေ့အဖြစ် လုပ်ကိုင်ရန်ဟူ၍ မြင်မက်သည်။ မယ်ဒက်လည်း အသိတရားဝင်ကာ ပေါင်းလောင်း(စစ်တောင်းမြစ်) အနောက်ဘက် (၂)မိုင်ခန့်အကွာ၌ ကိုရင်လေးစွန့်ကြဲခဲ့သည့် ရွှေငွေများကို ဌါပနာထည့်ပြီး ဤသိုဆုတောင်းခဲ့ကြ၏။
(၁) ဤဌါပနာထည့်ကြသော ရတနာအဖြာဖြာတို့သည် ကျွန်ုပ်တို့တည်ထားကိုးကွယ်သော
ဘုရားများ နှစ်ရှည်လများကြာရှည်၍ ပျက်စီးယိုယွင်းမှုဖြစ်ပါက အသစ်ထပ်မံပြင်ဆင်ရန်ဖြစ်ပါစေသတည်း။
(၂) ဤဘုရားအတွင်း ဌါပနာထည့်အပ်သော အဖိုးတန်လှသည့် ရတနာများမှာ မည်သူတစ်ဦး တစ်ယောက်မှ ဖျက်စီးယူငင်၍ မရနိုင်ပါစေသတည်း ဟူ၍ အဓိဌါန်ဖြင့်ဆုတောင်းခဲ့ကြသည်။
၁၂၈၉ခုနှစ်ခန့်က၊ မော်လမြိုင်မြို့ နေ သစ်ကုန်သည်ဦးဘချစ်၊ တောင်တွင်းကြီးမြို့ နေ သစ်တောဝန်ထောက်ဦးဘဖိုး၊ မန္တလေးမြို့ ဦးကြွယ် တောင်ငူမြို့ ဘီးလစ်စာရေးကြီးဦးသာလှိုင် စသည့်ပုဂ္ဂိုလ် တို့သည် စီးပွားရေးနှင့် အခြားကိစ္စများ ပျက်စီးဆုံးရှုံးသောအခါ မယ်ဒက်ဆရာတော်ကြီးထံ သို့ ရောက်လာကြ၏။ ဆရာတော်၏ဆုံးမ ဩဝါဒများခံယူကြ၍ တရားဓမ္မများအားထုတ်ကြရာ အရပ်ရပ်သော ကိစ္စများ အောင်မြင်လာသောကြောင့် မယ်ဒက်ကယ် ဟုဖြစ်ပေါ်လာသည်။
ဂေါပကအဖွဲ့များ၏ ဆောင်ရွက်ချက်များ
(၁) ဆရာတော်ကြီး တည်ထားခဲ့သည့် စေတီတော်ကြီး၏ထီးတော်မှာ နှစ်တစ်ရာသက်တမ်း ပြည့်ချိန်တွင် ပျက်စီးယိုယွင်းလာသောကြောင့် ထီးတော်သစ်ပြန်လည်တင်လှူခြင်း။ (၂၀၀၅ ခု မေလ၂၂)(၁၃၆၇ခုနှစ် ကဆုန်လပြည့်)
(၂) စေတီကြီး ငှက်ပျောဖူး ခေါင်းလောင်းတော် ရွှေသင်္ကန်းကပ်လှူခြင်း။(၂၀၁၆-၂၀၁၇)
(၃) စေတီကြီး ငှက်ပျောဖူး ခေါင်းလောင်းတော် ရွှေသင်္ကန်းကပ်လှူခြင်း။(၂၀၁၈-၂၀၁၉)
(၄) ဘုရားဝန်းအတွင်း ကတ္တရာလမ်းခင်းခြင်း။ (၂၀၁၅-၂၀၁၆)
(၅) ဘုရားရင်ပြင်တော် ကျောက်ပြားခင်းခြင်း။ (၂၀၁၅-၂၀၁၆)
(၆) သမိုင်းပြတိုက် အသစ်တည်ဆောက်ခြင်း။ (၂၀၁၇-၂၀၁၈)
(၇) စေတီတော်ကြီးမှ ပြည်လုံးချမ်းသာဘုရားသို့ ဆက်သွယ်သည့် အခန်းပေါင်း(၇၄)ခန်းပါ သံထည်စောင်းတန်းကြီးအားပြန်လည်ပြုပြင်ခြင်း။ (၂၀၁၉-၂၀၂၀)
(၈) ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘုရား သို့ လျှပ်စစ်မီး သွယ်တန်းခြင်း။(၂၀၁၈-၂၀၁၉)
(၉) လက်ရှိ ထီးတော်ကြီးအား ရွှေသင်္ကန်းပြန်လည်ကပ်လှူခြင်း လုံးတော်ပြည့်ဆေးသုတ်ခြင်း အရံစေတီများပြုပြင်ခြင်း ဆေးသုတ်ခြင်း ကာရံထားသည့်သံပန်းများ ဂြိုလ်တိုင်များ ပြုပြင် မွမ်းမံခြင်း။ (၂၀၂၀-၂၀၂၁) (အလှူရှင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တောင်ငူမြို့ ရွှေဥဒေါင်းဆေးလိပ်ခုံကုမ္ပဏီမှ လှူဒါန်းသည်။)
(၁၀) ပြည်လုံးချမ်းသာ ဘုရားကြီး၏ အမိုးများ မျက်နှာကျက်များ တိုင်လုံးများအား အလှူရှင်များနှင့် ပန်းကမ္ဘာစတိုးမိသားစုမှ ပြုပြင်လှူဒါန်းခြင်း။ (၂၀၂၁-၂၀၂၂)
(၁၁) ယိုယွင်းပျက်စီးနေသည့် ကန်တော်ကြီး ပြန်လည်တူးဖော်ခြင်း ရေလယ်နဂါးရုံဘုရား တည်ထားခြင်း ကန်ဘောင်များနှင့် လျှောက်လမ်းများတည်ဆောက်ခြင်း။(ယခုလက်ရှိ မယ်ဒက် ကယ်ဆရာတော် ဦးပုနိတမှ ဦးဆောင်တည်ဆောက်ခြင်း (၂ဝ၂၂-၂ဝ၂၃ )
(၁၂) ယခင်မယ်ဒက်ကယ်ဆရာတော် ဦးသံဝရ တည်ထားခဲ့သည့် ကိုးနဝင်းစေတီတော်အား ပြုပြင်ခြင်း အုတ်တံတိုင်းကာခြင်း မူလဆရာတော်သီတင်းသုံးရာ ကျောင်းဝန်းကြီးအတွင်း ကွန်ကရစ် ခင်းခြင်း။( ယခုလက်ရှိ မယ်ဒက်ကယ်ဆရာတော်ဦးပုနိတမှ ဦးဆောင်တည်ဆောက်ခြင်း (၂ဝ၂၂-၂၀၂၃)