တောင်ငူမြို့ဖြစ်ထွန်းလာပုံသမိုင်း
တောင်ငူမြို့ဖြစ်ထွန်းလာပုံသမိုင်း
သာသနာ သက္ကရာဇ် ၂၃၈ ခုနှစ်တွင် သီရိဓမ္မာသောက မင်းကြီး တည်သော စေတီပေါင်း ၈၄ဝဝဝ တွင် ဤစေတီညီနောင် ပါဝင်သည်ဟု ဘုရားသမိုင်းကဆိုသည်။ ကောဇာသက္ကရာဇ် ၅၅၃ ခုနှစ်တွင် ပုဂံပြည့်ရှင် နရပတိစည်သူ မင်းကြီးတိုင်းခန်းလှည့်လည်စဉ် စေတီနှစ်ဆူကိုမြင်၍ အသစ်တဖန် ပြန်လည်မွမ်းမံသည်။ ဖောင်တော်ဆိုက်ရာ သောက်ရေ ခပ်ချောင်းရေသည် ကြည်လင်သဖြင့် ရေကြည်သည်ကား မြနှင့်တရ ထည်ပင် (မြကဲ့သိုစိမ်းလန်း ကြည်လင်သည်) ဟု မင်းကြီးမိန့်တော်မူသဖြင့် တရထည်ချောင်း စေတီတော်ကိုလည်း “တရထည်ညီနောင်”ဟု အမည်တွင် သည်။ နောင်အခါတွင် “သရထည်ညီနောင်” ဟု ပြောင်းလဲ ခေါ်ဝေါ်ကြသည်။ နရပတိစည်သူမင်းကြီးသည် ပဲခူးရိုးမထဲရှိကျောက်ဆောက် မုဋ္ဌော ညီနောင်၊ မြိုကြီးရပ်ရှိ လောကုတ္တရာစေတီ၊ လောကမှန်ကူစေတီ၊ ကမ်းနီ ချောင်းဘေးရှိ မြသိတင်စေတီတော်များကိုလည်း ပြုပြင်တည် ထားခဲ့သည်။ ထိုအချိန်ကဤဒေသတွင် မြိုရွာမရှိသဖြင့် စေတီများကို ပြုပြင် စောင့်ရှောက်ရန်အတွက် သားမက်တော်အနန္တသူရိယဘွဲခံရန်မာန်ငထွေးကို ဆွာချောင်းကမ်းရှိ ကမ်းမမြင့် (ကမ္ဘားမြင့်) ရွာကို အပိုင်စား ပေးခဲ့သည်။ အနန္တသူရိယ၏သား မင်းလှစော၊ မင်းလှစော၏ သား သဝန် လက်ယာ၏ လက်ထက်တွင်ကမ္ဘားမြင့်ရွာမှ ဆွာချောင်းမြောက်ဘက် ကမ်းသို ပြောင်း၍ ကြခတ်ဝယာ မြိုကိုတည်သည်။ ထိုမြိုစည်ကားလာ သောအခါ မွန်မင်း က လာရောက်တိုက်စိုက်သည်။ မြိုစားသဝန်လက်ယာ မိသားစု ဖမ်းဆီးခေါ် ဆောင်သွားကာ ပြူရွာတွင် အကျယ်ချုပ်ထားခဲ့သည်။ သဝန် လက်ယာ မကွယ်လွန်မီက သားဖြစ်သူ သဝန်ကြီး သဝန်ငယ်တိုကို ဤကဲ့သို မှာခဲ့၏။ ဒီနေရာသည် ဝါတို၏ ရပ်ရွာမဟုတ် လွတ်သာလျှင် ပေါင်းလောင်း မြစ်ကို ဆန်တက်ပါ။လက်ဝဲဘက်တွင် ချောင်းတက်တခုရှိ၏။ ချောင်းထဲသို ဝင်သွားပါက ရွာဟောင်းနေရာ တောင်အငူငယ်ကိုတွေ့လိမ့်မည်။ ထိုနေရာ တွင် မြိုရွာတည်၍နေကြဟု မှာကြားခဲ့သည်။
အချိန်အခါကိုကြည့်၍ သဝန်ညီနောင်တိုလည်းပေါင်းလောင်းမြစ်ကို ဆန်တက်ကာ ထွက်ပြေးကြလေ၏။ ပေါင်းချောင်းနှင့် ပေါင်းလောင်း မြစ်ဆုံ ရာကိုတွေ့လျှင် ဖခင်မှာခဲ့သော ဆွာချောင်း အမှတ်ဖြင့် ဝင်ခဲ့လေ၏။ ပဲခူးရိုးမ နှင့်နီးသောနေရာရောက်မှ တောင်ငူငယ် တခုကိုတွေ့လျှင် မြိုတည် ကာ “တောင်ငူ”ဟုခေါ်တွင်ကြသည်။ ယခုအုတ်တွင်းမြိုနယ် သပြေကုန်းရွာအနီး ရှိ တောင်ငူတာ ဟုခေါ်သော နေရာဖြစ်သည်။ (အမြန်လမ်းမ ကြီး မိုင်တိုင် ၁၄၂ မိုင် ၆ ဖာလုံ မှ အနောက်ဖက် တစ်မိုင်ခန့် အကွာတွင် တည်ရှိ သည်။) မြိုတည် သောသက္ကရာဇ်မှာ ကောဇာသက္ကရာဇ် ၆၄၁ ခုနှစ် ( AD- 1278) ဖြစ် သည်၊ ထိုနေရာမှာ ကျဉ်းမြောင်းသဖြင့် တစ်နှစ်ခန့်သာနေပြီး မြိုသစ်တည်ရန် နေရာရှာကြ၏။
ထိုအချိန်တွင် ပေါင်းလောင်းမြစ် အရှေ့ဘက်ကမ်း ရေင်းမြို တွင်နေထိုင်သော ကရင်ဘ ဆိုသူသည် လူအင်အားတောင့် တင်းသဖြင့် ငါတိုနှင့်လာပေါင်းပါ ဟု အပေးအကမ်းဖြင့်ခေါ်ပြီး ထောင်မှူး (စစ်သူကြီး) ခန့်သည်။ သူ၏အကူအညီဖြင့် မြိုသစ်တည်ရန် နေရာရှာရာ အရှေ့ဘက်တွင် ဘုရားညီနောင် နှင့် မြိုဟောင်းရာ အနောက်ဘက်တွင် ကျောက်ဆောက် မုဋ္ဌောညီနောင် တိုကိုတွေ့၏။ တောင်ငူငယ်မှ မြောက်ဘက် ခပေါင်းချောင်း မြောက်ဘက်ကမ်း
မင်းဝံတောင်ကုန်းထက်ရှိ ဂူကြီးဘုရား နှင့် ရွာဆိုးနေရာ တွင် ကောဇာ ၆၄၁ ခုနှစ်၊ ကဆုန်လဆန်း(၉)ရက် (AD -၁၂၇၉) တွင် ဓညဝတီခေါ်တောင်ငူကြီးမြို့ကိုတည်သည်။ မြို့တည်မည့်နေရာကို လှည့်လည် ကြည့်ရှုသော သဝန်ကြီးကို ညီတော်သဝန်ငယ်မှ သစ်ပုတ်ပင်ကြီး နောက်မှကွယ်၍ ခြောက်လှန့်သဖြင့် လန့်သွားသောသဝန်ကြီးက ဤအရပ် ကားအထိတ်ထိတ်အလန့်လန့်ရှိ၏။ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်၍ မင်းမူလတဲ့” ဟု နိမိတ်ဖတ်ခဲ့၏။
သဝန်ကြီးမင်းနန်းတက်ချိန်တွင် ပုဂံပြည်၌ နရသီဟပတေ့ (တရုတ်ပြေးမင်း) နန်းစံလျက်ရှိသည်။ မွန်ဂိုတို့၏ ကျူးကျော်စစ်ကြောင့် ပုဂံဧကရာဇ်နိုင်ငံ ပြိုကွဲလုနီးနီး ဖြစ်နေသည်။ တောင်ငူသည် သီးခြား လွတ်လပ်နေသောအချိန်ဖြစ်သည်။ သဝန်ကြီး မင်းသည် သရထီး ညီနောင် (မြတ်စောညီနောင်) ဘုရား၊ ရှင်ပင်ကျောက် ဆောက်ဘုရား တို့ကို ပြုပြင်မွမ်း ခံသည်။ ဝါတွင်း လပြည့် လကွယ် သီတင်း နေ့တိုင်း တောင်ငူကြီးမှ သရထီ ညီနောင်ဘုရားသို့ ဘုရားဖူးထွက် လေ့ရှိ သည်။ နန်းသက် ၃၈ နှစ်ကြာသော အခါ ညီတော်သဝန်ငယ် ၏ ကျွန်များက လှေဆိပ်မှ သရထည်း ညီနောင် ဘုရားသို့အတက်တွင် ခါးဖြင့် လုပ်ကြံသဖြင့် အနိစ္စရောက်သည်။ သက္ကရာဇ် ၆၇၉ ခုနှစ်တွင် သဝန်ငယ် နန်းတက်သည်။
ကောဇာ ၆၇၄ တွင် တစီးရှင်သီဟသူက ပင်းယမြို့ကို တည်ထောင်သည်။ သားတော်ဥပနာကိုတောင်ငူသို့ ချီတက်စေသည်။ အားမ တန်သဖြင့် သဝန်ငယ်က လက်ဆောင်ပဏ္ဍာဆက်၍ ပင်းယ လက်အောက် ခံဖြစ်ခဲ့ရသည်။
သဝန်ငယ်နန်းသက် ၇ နှစ်တွင် အနိစ္စရောက်သည်။ သား ဖြစ်သူ စောနစ် မှာ ငယ်သေး၍ မယ်တော် စောဗလာမိဖုရားက ရင်ခွင် ပိုက် အုပ်ချုပ်သည်။ ထောင်မှူးကရင်ဘကို မယုံကြည်သဖြင့် လုပ်ကြံသော် လည်း မအောင်မြင်၍ စောစလာ တောင်တွင်းကြီးသို့ ထွက်ပြေးသည်။ လမ်း တွင် ဖျားနာ၍ အနိစ္စရောက်သည်။ မြို့လှ မရောက်မီ ညောင်ကြပ် ကျေးရွာတွင် စောစလာနတ်ကွန်းရှိသည်။ ထို့နောက် ကရင်ဘမင်းနန်းတက်သည်။ ရှင်ပင်ကျောက်ဆောက် ဘုရားပြိုကျသဖြင့် အသစ်ပြန်တည်သည်။ ဇာတာ တော်ပုံရာဇဝင်တွင် ခရင်သည်တ ဟုရေးသည်။ သူမူလနေခဲ့သော ပေါင်းလောင်းမြစ် အရှေ့ဘက်ကမ်း ခရင်းမြို့ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ယခု ကရင်ချောင်း ခေါ်သောနေရာဖြစ်သည်။
တောင်ငူကြီး(ညေဝတီ)မြို့တွင် သဝန်ကြီးမှစ၍ မင်းကြီးညို အထိ မင်း ၂၉ ဆက်၊ နှစ်ပေါင်း ၂၀၆ နှစ်တိုင်တိုင် စိုးစံခဲ့ သည်။ မင်းဟု ခေါ်ရ သော်လည်း အင်းဝမင်းလက်အောက်ခံ မြို့စား အဆင့်မျှသာဖြစ်သည်။ စွမ်းအားရှိသောမင်းများလက်ထက်တွင် သီးခြားခွဲထွက်လေ့ရှိကြသည်။ ဥပမာ – သိင်္ဂဘာမင်း၊ ပျံချီကြီး (အစောမြတ်စွာနော်ရထာ) ၊ စောလူးသင်ယာနှင့် မင်းကြီးညို တို့ဖြစ် သည်။