မြတ်စောညီနောင် စေတီတော်မြတ်ကြီး
သမိုင်းကြောင်း
ဂေါတမဘုရားရှင်ပွင့်တော်မူပြီးနောက် ငါးဝါမြောက်သောအခါမြန်မာပြည် သုနာပရန္တတိုင်း ဝါဏိဇ္ဇဂါမမှ မဟာပုဏ် ပုပဏ်ကုန်သည်ညီနောင်နှစ်ယောက်တိုကပင့်ဆောင်၍ စန္ဒကူးနံ့သာကျောင်းတော်ကိုဆောက်လုပ်လှူဒါန်းပါသည်။ ထိုမှ တစ်ဆင့် ဒေသစာရီကြွချီခဲ့ရာ ဖိုးဦးတောင်ထိပ်သိုရောက်လျှင် သီရိခေတ္တရာရာမတိုင်းရသေ့မြိုကို ဗျာဒိတ်ကြားတော်မူခဲ့ပြီးမှ ရာမညတိုင်းဥက္ကံသုံးဆယ်သိုရောက်လျှင် သတ္တဝါများကိုတရားဟောကြားတော်မူသည်။ ထိုအကြောင်းကိုရာမညတိုင်းသား ဂိဏ္ဍိကသူဌေးကြားသိသဖြင့် သားတော်အစ္ဆိက ဖလိက ညီနောင် နှစ်ယောက်တိုကို ဖောပတ်များတင်လဲ စသည်လှူဖွယ် တိုကို လှေဖောင်၌တင်စေပြီးလျှင် ဘုရားသခင်ထံအလုပ်အကျွေးစရီးဦးကြိုပြုစေလိုသောငှာ စေလွှတ်လိုက်၏။ ထိုညီနောင် နှစ်ယောက်လည်း ဇာမရီမြစ်မ(ပဲခူးမြစ်) ကို ဆန်တက်၍ ဥက္ကံသုံးဆယ်ဒေသသိုရောက်လျှင် ဘုရားသခင်ကိုဖူးမျှော်၍ ဆွမ်း လုပ်ကျွေးပြီးလျှင် တပည့်တော်တိုအားအစဉ်ကိုးကွယ်ပူဇော်ရန်အတွက် ဆံတော်ဓါတ်မြတ်အား ပေးသနား ပါရန် လျှောက် ထားတောင်းပန်ကြသည်။ ဘုရားသခင်က ဆံတော်မြတ်လေးဆူကို ပေးတော်မူ၏။ ထိုဆံတော်မြတ်များကို ဟံသာဝတီ သုဒဿနကုန်းတော်၌ မောဓောဘုရားကိုတည်ထားကိုးကွယ်ကြသည်။
ဘုရားရှင်သည် ကမရီချောင်းဖျားမှ အရှေ့တူရူသို ဒေသစာရီကြွချီတော်မူခဲ့လျှင် ဇေယျဝဍ္ဎနတိုင်း အာသာဝတီ (ပေါင်းလောင်း) မြစ်ကို ကူးလာတော်မူ၍ ကျောက်ကြီးအရှေ့အင်တိုင်းတော ကေလာသဘတောင်ထိပ်သို ကြွချီတော်မူ၍ ရပ်တန့်တော်မူစဉ် ရှင်သီဝလိမထေရ်ကို ခြေတော်ရာချထားရန်မိန့်သဖြင့် အလျား ၂၅ တောင်၊ အနံ ၁၂ တောင်ရှိသော ကျောက်ဖျာမြောက်နားတွင် အရေးခြေတော်ရာတစ်ဆူပြထားခဲ့သဖြင့်“အရာတော်”ဟုတွင်လေ၏။ ကျောက်ကြီးအနောက် မြောက်ဘက် ကြောင်ပြာမြိုအရှေ့ဘက်မွေတော်ဘုရားရှင်တည်လတံ့သောကုန်း၌ ရပ်တန့်တော်မူပြီးသော် ရှင်အာနန္ဒာကို ဝေါ်တော်မူ၍ ချစ်သားအာနန္ဒာဤအရပ်သည် ငါဘုရားအလောင်းကြက်မင်းဖြစ်စဉ် ကျင်လည်မွေ့လျော်နေဘူးသော အရပ် တည်းဟု ဗျာဒိတ်ကြားခဲ့ပြီးမှ အနောက်မြောက်ယွန်းမင်းဝံတောင်ခွင်းသို ရီကြွတော်မူပြန်လျှင် ကျောက် ထောက်ဖု အဋ္ဌာစေတီတည်လတံ့သော ကုန်းထိပ်သိုရောက်၍ ရပ်တန့်ကာ ဗျာဒိတ်ပေးတော်မူသည်။ ဤနေရာသည် ကြက်ဖြူဘဝက
နေ့ကိုကျက်စားနေရာဖြစ်သတည်းဟု မိန့်တော်မူသည်။
တောင်ငူရာဇဝင်ပေမူတွင် ဖော်ပြထားသည်မှာ-
“ယင်းကသည် အရှေ့ကိုလာ၍ ကုန်းတွင်ရပ်တော်မူသည်။ ရှင်အာနန္ဒာ ကမေးတော်မူသော် ဝါသည်အရပ်တွင် ကြက်ဖြူညီနောင်ဖြစ်၍ ညဉ်အိပ်လာသတည်း။ ယင်းကသည် အရှေ့သိုသွား၍ ချောင်းနားတွင်ရပ်၍ ပြုံးတော်မူသည်။
ရှင်အာနန္ဒာက မေးတော်မူသော် ညီကြက်ဖြူအာနန္ဒာအလောင်းသည် ရောင်းတောင်နားတွင်နေသတည်း ငါလည်းနီးနီးမှာ နေလှာသတည်းဟုမိန့်တော်မူခဲ့၏ ထိုချောင်းကိုပြုံးချောင်းဟုတွင်ခဲ့၏” နရပတိစည်သူမင်းလှေကြောင်း လှည့်သော အခါ တောင်ငူချောင်းကိုရောက်လျှင်“ရေကြည်သည်ကား မြနှင့် သရတည်ဖြစ်သည်”ဟူ၍ဆိုသည်ကို ရည်သဖြင့် “သရတည်” ဟူသတည်း။(တောင်ငူရာဇဝင် ပေမူ)
ဆရာပွား၏ တောင်ငူသမိုင်းဟောင်းတွင် မြတ်စွာဘုရားသခင်သည် နေ့ကျက်စားရာ မင်းဝံတောင်စွန်းမှ ညအခါ အရှေ့တောင်ခြေ နီလာရောင်းနားကုန်းသိုပျံသွား၍ညအခါအိပ်စက်ကြောင်းမိန့်၍ ထိုဒေသသိုကြွတော်မူသည်။ တာ၉ဝဝဝ ကွာ တောင်ငူတာ၊ ရက်ချောင်းနားကိုရောက်လျှင် ဤနေရာ၌ပါတိုနားနေ၍ ရမိုဃ်းဖြည့်တင်းသုံးဆောင် ကြသော နေရာတည်း။
ထိုမှ အရှေ့သိုကြွပြန် သော် တာ ၃ဝဝဝ ကွာ ဒွါရာဝတီမြိုထိပ်ကုန်း လောကုတ္တရာစေတီတည်ရာဌာနဝယ် ရပ်တန့်တော် မူပြန်၍ဤနေရာ၌ ခေတ္တရပ်နား၍ကိုယ်လက်ဖြည့်တင်းနား နေကူး သောအရပ်တည်း။ အာသာဝတီပေါင်းလောင်းမြစ်အရှေ့ဘက်တာ ၃ဝဝဝ ကွာသောအရပ်သို ကြွတော်မူ၍ရပ်တန့်တော်မူပြီးလျှင် ဤအရပ်ကား သင်နှင့် ငါမွေးဖွားသောအရပ်မိန့်တော်မူ ၏။ အရှေ့ဘက်ကုန်းသို ကြွတော်မူ၍ ဤနေရာကား သင်အခြွေအရံငါးရာနှင့် ခွဲထွက်ကာ ညဉ့်အိပ်သော နေရာတည်း၊ အခြွေအရံငါးရာစီနှင့် ညဉ့်အိပ်ရာနေရာဖြစ်၏ နောင်အခါ ငါ၏လက်ရုံးတော်ဓါတ်ကို ဌာပနာစေတီတည်လိမ့်မည်ဟုတည်းဟု မိန့်တော်မူ၏။ နောင်အခါအောက်မေးရိုးတော်ဓါတ်ကိုဌာပနာကာစေတီတည်လတ္တံဟုဗျာဒိတ်ဟော်တော်မူသည်။
ထိုနောက် ရောင်ခြည်ခြောက်သွယ် ကွန့်မြူးတော်မူသောအခါ တောတောင်ရေမြေ အပေါင်းတို တွင် ထိန်ထိန်ဝင်း၍ ရှိလေသည်။ လင်းနိုတိရိစ္ဆာန်အပေါင်းတိုသည် မြင်ကြသဖြင့် ထိုမှဤမှ ကြည့်ကြကုန်သော် တကောင် သောလင်းနိုသားကို မြတ်စွာဘုရားမြင်လေသတည်း။
ထိုလင်းနိုသားသည် ဘုရားသခင်ကိုမြင်လျှင် ပြင်းစွာသောကြည်ညိုခြင်းဖြင့် ဖရဏာပီတိဖြစ်၍ ဘုရားရှင်၏ရှေ့တော်တူရူနီလာချောင်းတဘက်ကဝပ်၍ အတောင်နှစ်ဖက်ကိုယှက်လျှက် ဘုရားရှင်ကို အရိုအသေပူဇော်သက္ကာယ ပြုသည်ကို ဘုရားရှင်မြင်တော်မူလျှင်၊ လင်းနိုသား၏ ဥပနိဿယ အကြောင်းအရင်းခံ၍ အကျိုးဖြစ်လတံ့သည်ကို သိတော်မူသဖြင့် ပြုံးတော်မူသည်။ အရှင်အာနန္ဒာမြင်၍ အရှင်ဘုရားအဘယ်အလိုငှါ ပြုံးတော်မူပါသနည်းဟု မေးလျှောက် လျှင်ချစ်သား အာနန္ဒာ ဤလင်းနိုသားသည် အတောင်နှစ် ဖက်ကိုယှက်၍ အရိုအသေသက္ကာရပြုခြင်း၏ အခြင်း အရာကို သင်ရှုလော့ကြည့်လော့။ ငါပရိနိဗ္ဗာန်ပြုပြီးသည့်နောက် နောင်သောအခါ မင်းဖြစ်၍ ငါ၏သရိယဓါတ်ကို ပြင်ဆင်ပြုစု ကိုးကွယ် ရလတံ့။ ဇေယျဝဍ္ဎနတိုင်းဝယ် မင်းဖြစ်ပြန်၍ ငါဘုရား၏သရီယဓါတ်တော်စေတီတော်မြတ်ကိုအမြတ်တနိုးကိုးကွယ်ကြည့်ရှုစောင်မရစ်လတံ့ဟု ဗျာဒိတ်စကားကြားတော်မူလေသည်။
ရမည်းသင်းရွှေမြင်တင်ဘုရား၏အရှေ့ဘက်လုံးတင်ဖောင်ထိပ်၌ ကျောက်စက်ကကျခဲ့သောရေသည်ဆင်နှင့် သဏ္ဍာန်တူရှိသော ဆင်တောင်အိုင်သို ကျ၍ ဆင်ခံတွင်းမှ စီးထွက်လာရာ မြောက်သိုစီးသွားသောမရအယဉ်သည် လယ်တွင်းခရိုင် မြစ်သားသိုစီးသွားသည်။ တောင်သိုစီးထွက်သောရေအယဉ်သည် စိတ်ဖြာ၍ ပေါင်းလောင်းမြစ် ကမ်းနီမြစ်၊ နီလာမြစ် အားဖြင့် မြစ်သုံးစင်းဖြစ်သည်တွင် နီလာမြစ်သည် မြတ်တညီနောင်စေတီတော်ဒါအရှေ့ပါ။သို စီးဆင်းလာသဖြင့် ညောင်ရွှေအင်းက စီးထွက်လာသော မြချောင်းမြစ်နှင့် ရှက်တင်ရောစပ်လျက် ပေါင်းလောင်းမြစ်သို စီးဝင်သည်။ ထိုနီလာမြစ်သည် လင်းနိုသားကို အကြောင်းပြု၍ ဘုရားရှင်ပြုံးတော်မူသဖြင့် နောင်အခါပြုံးရောင်းဟုခေါ်သည်။
“လက်ယာရုံရစ်၊ နီးလာမြစ်ကို၊ ရှင်ချစ်ဘုန်း၀ှန့် ပြုံးရိပ်ညွန့်ကြောင့် စင်သန့်ချမ်းကြည် ပြုံးချောင်းမည်သား”ဟု မြတ်တညီတောင်ဘုရားတိုင်ရတုတွင် နတ်သျှင်နောင်ကရေးဖွဲခဲ့သည်။
မြတ်စွာဘုရားသခင်သည် (၄၅)ဝါပတ်လုံး သတ္တဝါအပေါင်းတိုကို ကျွတ်ဆုဝေစုပြီးလျှင် မဟာသက္ကရာဇ် (၁၄၈) ခုနှစ်တွင် မလ္လာမင်းတို ကုသိနာရုံအင်ကြင်းရဂုံတွင် ပရိနိဗ္ဗာန်စံဝင်တော်မူ၏။ အလောင်းတော်ကို တေဇောဓာတ် လောင်ရာ တွင် ဘုရားရှင်အဓိဋ္ဌာန်တော်မူသည့်အတိုင်းဓာတ်တော်အများအပြားရရှိလေသည်။ ထိုဓာတ်တော်အများ အပြားတွင် သမ္ဘိနဓာတ်ကွဲပြိုသော မွေတော်သည်ကား ဆန်ကျိုးပမာဏ၊ ပဲနောက်လုံးပမာဏ၊ မုန်ညှင်းစေ့ပမာဏ အဆင်း အားဖြင့် ပုလဲအဆင်း၊ ခရားစေ့အဆင်။ အချိုလည်းစိမ်းစိမ်းရွှေရွှေပါဝါရှိကြ၏။ ဓာတ်တော်ပမာဏ(၈)စရွတ်ခန့် ရှိသည်။
အဘဓာတ်မပြိုမကွဲတခဲနက်တည်သော သင်းကျစ် ၁။ ညှပ်စိုးတော်(၂)ရောင်း၊ စွယ်တော်လေးဆူ၊ သွားတော်(၄ဝ) ဆံတော်သုံးကုဋေခြောက်သန်း၊ အဆင်းသဏ္ဍာန်ရောင်တော်ထွေပြား အများကိုးကွယ်ရာဖြစ်စိမ့်သောငှာ ထားတော်မူခဲ့၏။ ဓါတ်တော်တိုကို ရဟန္တာအရှင်မြတ်တိုက ဤဓာတ်တော်သည် ဦးခေါင်းတော်ကကျသည်။ ကျောက်ရိုးတော် ကကျသည်။ နဖူးတော်ကျသည်။ လည်ရိုးတော်ကကျသည်။ လက်ရိုးတော် နရိုးတော်ကဖြစ် သည်။ မေးရိုးတော်က ဖြစ်သည်။လက်ရုံးတော်ကဖြစ်သည်။ အသွေးအသားတော်ကဖြစ်သည်ဟု ခွဲခြားပြညွှန်းပြောဆိုစကာအစွဲပြု၍နောင်လာနောက်သား တိုလည်း ယခုတိုင်အောင် ခေါ်ဝေါ်သမုတ်ကြလေသည်။
သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်တွင် ပါဋလိပုတ်ပြည့်နှင့် ဒမ္ဗူဒီပါကျွန်းအလုံးကိုအစိုးရလျက် သီရိဓမ္မာသောမင်းကြီး မင်းပြုတော်မူသည်။ ရာဇဂြိုလ်ပြည်တွင် အဇာတသတ်မင်းကြီးမြုပ်နှံထားသော ဓါတ်တော်မွေတော်များကို ရရှိသဖြင့် သာသနာတော်(၂၂၃) ခုနှစ်တွင် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ရှစ်သောင်းလေးထောင်ကုန်သော တိုင်းခရိုင်တိုကိုအသီးသီးအုပ်ချုပ် စီရင်ကြသော မင်းအပေါင်းတိုကိုဆင့်ခေါ်၍ ဓာတ်တော်မွေတော်ရှင်ဆူစီပေးအပ်၍ သင်တိုမြိုရွာတွင် စေတီတည်ပြီးရေတွင်း ရေကန်နှင့်တကွ ပြုလုပ်ကြရမည်။ ရာဟုအသူရိန်နှင့် လနတ်သားတို နီးကြသည့်အခိုက် တနာရီအချိန်တည်း စေတီပေါင်းရှစ်သောင်းလေးထောင်တို တည်ထားကြရမည်ဟု သီရိဓမ္မာသောကမင်းကြီးက အမိန့်ပေးခဲ့သည်။
ဇေယျဝဍ္ဎနတိုင်းသားတိုလည်း ဓါတ်တော်မွေတော်များကို ပင့်ဆောင်ကာပြန်လာခဲ့ကြသည်။ရပ်ရွာသိုရောက်လျှင် ဘုရားအလောင်းတော်ကြက်ဖြူညီနောင်တို နေ့အခါကျင်လည်ကျက်စားခဲ့ဖူးသောနေရာ ကုန်းထိပ်တွင် ကျောက်ဆောင် ပုဋ္ဌောညီနောင် (ရှင်ပင်ကျောက်ဆောက်)မွေတော် ဓါတ်တော်များကိုဌာပနာလျက် ဘိနပ်သံတောင် ဝါးတောင်၊ ထီးဝါးဆင့်၊ မြတ်တညီနောင်ပုဋ္ဌောညီနောင်နှစ်ဆူကိုလည်း လက်ရုံးတော်ဓာတ်၊ အောက်မေးရိုးတော်ဓာတ်နှင့် မွေတော်ရှင် တူင်ဌါ မနာလျက် သံတောင်ငါးတောင် ထီးငါးဆင့်ဖြင့် တည်ထားကြသည်။
သာသနာနှစ် ၂၂၅ ခုနှစ်တွင် စေတီတော်နှင့် ရေတွင်းရေကန်များပြီးစီးကြောင်းကို သီရိဓမ္မာသောကမင်းကြီးထံ သို ပြန်လည်လျှောက်ထားကြသည်။ကောဇာသက္ကရာဇ် ၅၃၂ ခုနှစ်တွင် ပုဂံပြည် နရပတိစည်သူမင်းကြီးသည် ရွှေတိဂုံရွှေမောဓောစသောဘုရားများကို ဖူးမြော်ရန် တိုင်းခန်းလှည့်လည်တော်မူသည်။ ဥဿာမင်းတို့နှင့် ကတိသစ္စာပြုကြ၍ ဇေယျဝဍ္ဎနတိုင်းတွင် မြတ်စောညီနောင် ကျောက်ဆောက်ပုဋ္ဌောညီနောင်တို့ထူးခြားသောဂုဏ်ပုဒ်များကို ဟူးရားဖြူ ဟူးရာညိုတို့က လျှောက်တင်သည်နှင့် အလွန်ဖူးမြော်လိုသောဆန္ဒတော်ဖြစ်၍ အာသဝတီပေါင်းလောင်းမြစ်ကို ဆန်တက်လေ၏။ လက်ျာဘက်မြချောင်းဝသို့ဝင်၍ ဆန်တက်ရာတွင်(သောက်ရေစပ်)ချောင်းရေအယဉ်သည် မြကဲ့သို့ စိမ်းစိမ်းကြည်လင်စွာရှိသဖြင့် ငါးလိပ်မကန်းစသော သတ္တဝါများနှင့် ကျောက်စရစ်ခဲများကိုမြင်တော်မူရ၍ မှူးတော်မတ်တော်များအား ဤချောင်းရေသည် မြနှင့် သရတည်ဖြစ် သည်ဟုမိန့်တော်မူသည်ကိုစွဲ၍ ဤမြချောင်းကို သရတာည်ချောင်း”ဟုခေါ်တွင်သတည်း။ အထက်သို့ဆန်တက်ခဲ့ရာ နီလာ (ပြုံးချောင်း)ချောင်းဝသို့ရောက်သောအခါ ဖောင်တော်ကို ဆိုက်နားထားနေခိုက် စီးတော်ဆင်(သံမြင်စွာ)ကို အညောင်း အညာဖြစိမ့်သောငှါ ဘောင်တော်ကလွှတ်လိုက်သော် ထင်တော်သည်အစာအလို့ငှာချုံပိတ်ပေါင်းတို့ကို ဆွဲရာတွင် ဘုရားစေတီတော်ကိုတွေ့၍ ကြီးစွာသောအသံဖြင့် ဆင်တော်ဟည်လေသော် မင်းကြီးကြားတော်မူလျှင် မှူးတော်မတ်တော် တို့နှင့်အတူသွားကြသော် ညီတော်စေတီပျက်ကို တွေ့ကြသည်။ ရဲမက်တော်များက ချုံနွယ်များကိုရှင်းလင်းနေစဉ် ဘုမ္မစိုးနတ်သည် စိုင်ဖြူရောင် ဆောင်၍နော်တော်ကုန်းဘက်သို့ ထွက်ပြေးလေသည်။ ရဲမက်များလိုက်ကြသော် နောင်တော် ကုန်းထိပ်သို့ အရောက်တွင် ဝိုင်ဖြူပျောက်ကွယ်လေသည်။ ခုတ်ထွင်ရှာဖွေကြလျှင် နောင်တော်စေတီပျက်ကို တွေ့ရ၏။ နရပတိစည်သူမင်းကြီးသည် ယခုဘုရားနှစ်ဆူတို့ကို ကူးသန်းသွားရောက်နိုင်ရန် တောချုံအုံပုပ္ပေါင်းတို့ကို ခုတ်ထွင်စေ၍ နတ်လမ်းမကဲ့သို့ ရှင်းလင်း သုတ်သင်သဖြင့် နေ့ချင်းပင် မြေပြင်အတိရှင်းလင်း၍ အရှေ့အနောက်ဘုရားနှစ်ဆူကို မြင်ကြ ရလေသတည်း။ ညချမ်းအချိန် တွင် မင်းကြီးသည်အခြွေအရံအပေါင်းနှင့် စေတီတော်၌ ပူဇော်သက္ကာရပြုစဉ် စေတီညီနောင် နစ်ဆူတို့မှ ဓါတ်တော် မွေတော်များသည် ရောင်ခြည်တော်ကွန့်မြူးသည်ကို ဖူးတွေ့ရ၏။ အတိုင်းအထက်အလွန် ဝမ်းမြောက် တော်မူ၍ စေတီနှစ်ဆူ တို့အသစ်ပြန်လည်တည်ရန် စိတ်အကြံသဒ္ဓါတရား ထက်သန်တော်မူလေသည်။ နောက်တော်ပါ မှူးမတ်ဗိုလ်ပါရဲမက်အပေါင်းတို့ကို လူတကိုယ်လျှင်အုတ်အချပ်(၁ဝဝ) ပြုလုပ်ကြရန်အမိန့်တော်ရှိသည်။ ညဉ့်အိပ်စက်ချိန် ခါဝယ် မင်းကြီး အောက်မေ့တော်မူသည်မှာ မပင်မပန်းအလွယ်တကူ အုတ်များကိုရလျှင် တော်လေစွဟု ဆင်ခြင်လျှက်စက်တော်မူလေသည်။နံနက်မိုးသောက်သောအခါ နတ်များဖန်ဆင်းထားသောအုတ်ဖျားကိုတွေ့ရာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် ထိုအုတ်များ ကိုဘုရားတည်ရာတွင် အသုံးပြုလေသည်။ ငရမန်ဟူသော အနန္တသူရိယအမတ်ကြီးကို ဦးဆောင်ကာ စေတီ တည်စေသည်။ အနန္တသူရိယအမတ်ကြီးသည် ရှေးတည်ရှိပြီးစေတီခြေရင်းတွင် သက္ကရာဇ် ၅၅၃ ခုနှစ် တန်ဆောင်မုန်းလပြည့် နေ့တွင် ဌာပနာတိုက်ကိုတူး၍ ဆန်းကြယ်စွာသော ဆေးဒန်းမြင်းသီလာတို့ဖြင့်၊ ရွှေဆင်းတု၊ ငွေဆင်းတု၊ ပုလဲ၊ ဥဿဖရား ဆင်တု မြဆင်းတု၊ သန္တာဆင်းတု၊ ရွှေစေတီ၊ ငွေစေတီ ရွှေတံခွန်ငွေတံခွန် ရွှေပေါက်ပေါက် ငွေပေါက်ပေါက်တို့ကို ခြံရံလျက် နရပတိစည်သူမင်းကြီးအစဉ်ကိုးကွယ်တော်မူသော မွေတော်စင်လေးဆူစီကို မြကြုပ်တွင် ကိန်းဝပ်တော်မူစေပြီးမှရွှေစေတီ တွင် ထည့်သည်။
ဘန်ဆောင်းပြဿဒါဆောက်လုပ်ပြီးလျှင် ခုနှစ်ရက်တိုင်တိုင် ပူဇော်သက္ကာရပြုကြသည်။ ရွှေဆင်းတု ငွေဆင်းတု၊ ဓါတ်တော်မွေတော်များကို ဌာပနာသွင်းပြီးလျှင် ဘိနပ်တော်သုံးဆယ့်သုံးတောင် နှစ်မိုက်ထား၍ စေတီတော်ကိုတည်ထားရာ ငါးလနှင့် ပြီးမြောက်၍ ရွှေလုံးတော်ပြည့်ချ၍ တပေါင်းလပြည့်နေ့တွင် ထီးတော်တင်လှူပြီးမြောက်ခြင်းသို့ရောက်လေသည်။ ထိုစေတီတော်မြတ်တွင် အစောင့်အနေလူသူနှင့်တကွ တာဝန်း(၃၅ဝဝ)အတွင်း ဝတ်မိုးမြေလှူတော်မူ၏။
ထို့အပြင် ကြက်ဖြူညီနောင်ကျက်စားပြန်သွား ကွန်းထောက်နားနေဖူးသော ဒွါရာဝတီမြို့ထိပ်လောကုတ္တရာဘုရား၊ တောင်ငူတော ရက်ချောင်းနား စေတီဖျားကိုလည်းမှတ်သားတည်ထားတော်မူခဲ့သည်။ ခပေါင်းချောင်းနားကျောက်ဆောက် ပုဋ္ဌောသို့သွား၍ စေတီတော်ကိုရှာဖွေကာ အသစ်တဖန်ပြန်လည်တည်ထားတော်မူသည်။
နရပတိစည်သူမင်းကြီးသည် ပေါင်းလောင်းမြစ်နှင့် ကန်းနီချောင်းဆုံရာအရပ်တွင်မြသီတင်စေတီကိုလည်းကောင်း၊ မြောက်ဘက်တာပေါင်း ၂၂ဝဝဝ အကွာ နောင်ပြင်အရပ်(ယခု)ရန်အောင်မြင်မြို့တွင် ရွှေလက်လှစေတီတော်၊ မြောက်ဘက် တာ၃ဝဝဝ အကွာနန္ဒပေါ်မြို့ကိုမြတောင်ညိုသမုတ်လျှက်ဂဏ္ဍပလ္လင်စေတီတော်တို့ကို တည်ထားကိုးကွယ် ခဲ့ကာ ပုဂံပြည်သို့ ပြန်လည်ကြွချီလေသည်။
ထိုကဲ့သို့ မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကို ဖူးမြင်ကြရသော လင်းနို့အပေါင်းတို့တွင် နောက်နောက်သောဘဝက ကောင်းမှုတည်းဟူသော ကုသိုလ်ကံရှိကြကုန်သော လင်းနို့သားညီနောင် နှစ်ကောင်တို့သည် မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကို ဖူးမြင်ကြရလေလျှင်၊ လွန်ကဲသောစေတနာ ဖြစ်လာသည်နှင့် မြတ်စွာဘုရားသခင်၏ရှေ့တော် တူရူနီလာချောင်း တစ်ဖက်ကမ်းမှ ဝပ်တွား၍ အတောင်နှစ်ဘက်ကို ရိုသေစွာယှက်လျက် ရှိခိုးပူဇော်ကြသည်ကို ဘုရားသခင်မြင်တော်မူ၍ ဇမ္ဗူနဒတူတမျှအရှိ ပကတိသော နှုတ်ခမ်းတော် အနေအထားကို စွယ်တော်ဖျားပေါ်ရုံမျှ ပြုံးတော်မူလေလျှင် ၊ ငွေပြားငွေထည် ငွေရည် အယဉ် ငွေပန်းဆင်သကဲ့သို့ ဖြူဝင်းသောအရောင်တို့သည် ထက်ဝန်းကျင် ပျံသန်းကွန့်မြူးလျက် ဆယ်ထွေအရပ် ဖွေးဖွေးလျှပ်မျှ တောက်ပကြလေကုန်၏။ ထိုအခါ အရှင်အာနန္ဒာသည် ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား ၊ အဘယ်လို့ငှာ ပြုံးတော်မူပါသနည်းဟု ရိုသေစွာလျှောက်ထားလေလျှင်၊ ချစ်သားအာနန္ဒာ ဤလင်းနို့သားနှစ်ကောင်တို့၏ ကြည်ညိုမြတ်နိုးခြင်း အမူအရာကို သင် ရှုပါလော့၊ ဤလင်းနို့သား နှစ်ကောင်သည် ချပ်ခင်လေးမြတ်စွာ ကြည်ညိုသောစိတ်စောဖြင့် အတောင်နှစ်ဘက်ကိုယှက်လျက် ငါဘုရားကို ပူဇော်စိတ်သန် ရှိခိုးရသည့် ကုသိုလ်ကံအကျိုးကြောင့် ငါဘုရား ပရိနိဗ္ဗာန်ဝင်တော်မူသည်မှ နောင်သောအခါ ဤနေရာတွင် ရွာကြီးနှစ်ရွာ စည်ပင်စွာဖြစ်ပွား၍ ဤလင်းနို့သား နှစ်ကောင်သည် ရွာအုပ်ရွာစား အကြီးအကဲများဖြစ်ပြီး ငါဘုရား၏ ဓာတ်တော်မွေတော်တို့ကို ဌာပနာ၍ တည်ထားကိုးကွယ်အံ့သော မြတ်စောညီနောင်စေတီတော်တို့၏ မူလဒါယကာရင်းများ ဖြစ်ကြလတံ့ဟု ဗျာဒိတ်ကြားတော်မူပြီးမှ အနောက်မြောက်ယွန်း မင်းဝံတောင်စွန်းသို့ ကြွတော်မူပြီးလျှင် ခပေါင်းချောင်း မြစ်ညာအနီး ယခု ရှင်ပင်ကျောက်ဆောက်စေတီ တည်ထားလတံ့သော တောင်ကုန်းထိပ်သို့ရောက်လေလျှင် ရပ်တော်မူ၍ ချစ်သားအာနန္ဒာ ယခုငါရပ်တော်မူသော တောင်ကုန်းသည် သင်နှင့်ငါ ကြက်ဖြူညီနောင်ဖြစ်သောအခါ ခြွေရံသင်းပင်း ငါးရာနှင့် နေ့ကိုကျက်စား၍ နေဘူးသောအရပ်တည်း ၊ နောင်သောအခါ ဤတောင်ခြေရင်း၌ စည်ပင်လှစွာသော ကျောက်ဖားအမည်ရှိသော ရွာကြီးသည် ထင်ရှားဖြစ်လတံ့၊ ထိုရွာကိုအုပ်ချုပ်သော ကျောက်ဖားအမည်ရှိသော ရွာအုပ်သည် ငါဘုရား၏ ကျောက်ကုန်းတော်မှကျသော ဓာတ်တော်တို့ကို ဌာပနာပြီးလျှင် ရှင်ပင်ကျောက်ဆောက်ဟူသော စေတီတော်တည်ထား၍ ကိုးကွယ်ကြလတံ့ဟု အသီးသီး မကြွင်းမကျန် ဗျာဒိတ်ကြားတော်မူပြီးလျှင် သံဃာတော်အပေါင်းခြံရံလျက်၊ မဇ္ဈိမဒေသ ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်သို့ ပြန်လည်ကြွသွားတော်မူလေ၏။
လူသုံးပါးတို့၏ ဥဂ္ဂါတ် ၊ ရဟန်းမြတ်တို့၏ဆရာ၊ သမ္မာသမ္ဗုဒ္ဓ အတုလ ဖြစ်တော်မူသော သဗ္ဗညုမြတ်စွာဘုရားသည် ၊ ပရိနိဗ္ဗာန်ပြောင်း စံတော်မူပြီးသည့်နောက် သာသနာတော် (၁၈၆) ခုနှစ်လောက်တွင် မြောက်ခွင် မလီရွာအရပ် တွင် နေထိုင်ကြသော လင်ဖြစ်သူ မောင်တောင်သူနှင့် မယားမယ်စန္ဒာတို့သည် အခြားသော သူတို့ထက်လည်း ဆွေစုမျိုးစုများပြား၏။ ဆွေစုမျိုးစုတို့အပေါ်၌လည်း ကြည့်ရှုကူညီစောင်မတတ်ခြင်း ၊ တတိသ်လိမ္မာအောင်လည်း ဆုံးမပြောဆိုခြင်း၊ သီလနှင့်ပြည့်စုံခြင်း၊ တတ်စွမ်းသမျှ ပေးလှူခြင်း ၊ ဆွေမျိုးများအပေါ် တွင်လည်း ပြောဆိုတိုင်ပင် သြဇာအာဏာတည်၏။ ဥစ္စာဓနမှာမူကား ပြောပလောက်အောင် မပြည့်စုံဘဲ ထမင်းဝရုံမျှရှိကြလေ၏။
သူကြွယ်၊ သူဋ္ဌေးဖြစ်ရန် ကူးသန်းရောင်းဝယ် လုပ်ကိုင်ပါသော်လည်း စီးပွားချမ်းသာမဖြစ်သည်နှင့် စိတ်ညစ်ပူပန်၍ စိတ်၌ အကြံတစ်ခုဖြစ်လာသည်မှာ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော ရှေးသူဟောင်းတို့ စကားရှိသည် နှင့်အညီ၊ တစ်ရပ်တစ်ရွာ တစ်မြို့တကျေးသို့ပြောင်းရွှေ့၍ ဥစ္စာပစ္စည်းရှာဖွေ လုပ်ကိုင်ရလျှင် မြန်စွာပင် ဥစ္စာနေပေါများလိမ့်မည်ထင်သည်ဟု မယားဖြစ်သူ မယ်စန္ဒာနှင့် တိုင်ပင်ပြောဆို၍ မိမိတို့၏အိမ်ရှေ့တွင် နံနက်အချိန် နေစာလှုံလျက်နေကြစဉ်မှာပင် ဠင်းတငှက် တစ်ကောင်သည် နှုတ်သီးမှ အစာချီလျက် မြောက်အရပ်မှ ပျံလာပြီးလျှင် မောင်တောင်သူ ဇနီးမောင်နှံတို့၏အိမ် တောင်ဘက် ခေါင်မိုးအစွန်တွင် နားလေ၏။၎င်းတို့လင်မယားလည်း လွန်စွာထိတ်လန့်ကြောက်ရွံ့ခြင်းနှင့် အလန်တကြား ချောက်လှန့်ကြရာ၊ ဠင်းတငှက်လည်း အစာချီလျက်နှင့်ပင် တောင် အရပ်သို့ မျက်စေ့တဆုံး ပျံသွားလေသတည်း။
မောင်တောင်သူတို့ လင်မယားလည်း ဥစ္စဓန ဆင်းရဲနွမ်းပါးကြ၍ ပူပန်သောကဖြစ်နေကြရသည်အတွင်း တစ်ဖန် ဠင်းတနားလာသည်ကို မြင်ရပြန်၍ မရွှင်သောမျက်နှာ ညှိုးငယ်စွာနှင့် ငါတို့ကား နေ့ရက်မကြာ ပျက်စီးရတော့မည် အထင်ရှိကြ၍ ၊ ဤမလီရွာအရပ်တွင် ပညာရှိကြီးတစ်ယောက်ဟု အလွန်ထင်ရှား၍ ဗေဒင်အရပ်ရပ် နက္ခတ် ယတြာ အင်္ဂဝိဇ္ဇာတို့ တတ်မြောက်သည့် အတနောမ ဆရာကြီးထံ သွားရောက်ကြပြီးလျှင် ထိုဠင်းတနားခြင်း၏ အကြောင်းစုံကို ကုန်စင်အောင်ပြောကြား၍ အတိတ်နိမိတ်တို့ကို မေးမြန်းလေရာ ဆရာကြီးကလည်း ဤအတိတ်နိမိတ်ကို သင်တို့မကြောက်ကြလေနှင့် ဠင်းတနားတိုင်းလည်း မကောင်းဖြစ်သည်မဟုတ် ၊ ကောင်းကျိုးပေးရန် အတိတ်နိမိတ်နှင့်လည်း နားလာတတ်လေသည်။
ယခု နားလာခြင်းမှာ အစာချီလျက်နားလာပြီးမှ အစာချီလျက်ပင် တောင် အရပ်သို့ပျံခြင်းကြောင့် သင်တို့ ဆွေမျိုးညာတိအများနှင့် ထင်ရှားကြွယ်ဝရန် ပုဗ္ဗနိမိတ် ဖြစ်ချေသည်။ ၎င်းဠင်းတ အစာချီ၍ပျံသွားသော တောင်အရပ်သို့ ပြောင်းရွှေ့၍နေကြလျှင် ချမ်းသာကြီးကဲ၍ မလွဲပင် သူကောင်းဖြစ်လိမ့်မည်။ ဠင်းတငှက်သည် တိရစ္ဆာန်ပင်ဖြစ်သော်လည်း သိန်း၊ စွန်များကဲ့သို့ သူတစ်ပါး အသက်ကို သတ်ဖြတ်၍မစားတတ်၊ သေ၍ပုပ်လေပြီးသော အစာကိုသာလျှင် စားသည်ဖြစ်၍ ငှက်သူတော်သူကောင်းဖြစ်သောကြောင့် ၊ အမှန်စင်စစ် သင်တို့ အကျိုးပေး ထင်ရှားလိမ့်မည်။ ဗေဒင်ကျမ်းတို့၌လည်း ပညတ်ခိုက်ရာ ဓာတ်သက် ပါသည်ဆိုသောကြောင့် သင်၏အမည်လည်း မောင်တောင်သူဖြစ်၍ တောင်သူ ဟူသောပညတ်ဖြင့် တောင်အရပ်မှာ သူကောင်းဖြစ်မည် ငါထင်သည်။မယား မယ်စန္ဒာမှာလည်း စန္ဒာဟူသော အမည်သည် (လ) ၏ အမည် ဖြစ်၍ တောင်အရပ်မှာ လကဲ့သို့ ထွန်းပလိမ့်မည်။ သားကောင်းရတနာများ လည်း ရရန်အကြောင်းရှိသည်။ မကြာမီပင် ပြောင်းရွှေ့၍ နေထိုင်ကြလျှင် ကောင်းမည်ဟု ဆရာကြီးက ဟောပြော၍ မှာကြားလိုက်လေ၏။
မောင်တောင်သူတို့ လင်မယားလည်း အတနောမ ဆရာကြီး ဟောပြောလိုက်သောစကားကိုကြားလျှင် ဝမ်းမြောက်ဝမ်းသာ ဤဆရာကား ဟောပြောလိုက်တိုင်း မမှန်သောအရာမရှိ၊ ရှေးအခါက မည်သူကိုမဆို ဟောလိုက်တိုင်း မချွတ်မလွဲ မှန်ကန်သောဆရာကြီးဖြစ်သည်။ ယခုလည်း ဟောပြောလိုက်တိုင်း မုချမှန်စရာရှိသည်ဟု မိမိတို့ ဆွေစုမျိုးစုအများနှင့် စုဝေး၍ ပြောဆိုတိုင်ပင်ကြသောအခါ ဆွေမျိုးသားချင်းအများတို့ကလည်း သင်တို့တစ်ပါးအရပ်သို့ ပြောင်း သွားလျှင် ငါတို့လည်း ဤရွာ၌ မနေလိုကြ။ တစ်စုတစ်ဝေးတည်း ပြောင်းရာအရပ်သို့လိုက်ကြမည်ဟု စည်းဝေးတိုင်ပင်ကြပြီးလျှင် မလီအရပ်ကို စွန့်ခဲ့ကြ၍ အိမ်ထောင်စုပေါင်း (၁၂၃) အိမ်ထောင်နှင့် ဆွေစုမျိုးစုများအပြင် အခြား ချစ်ကျွမ်းဝင်သူများပါ တစ်စုတရုံး ပျော်ပျော်ပါးပါးနှင့် မြတ်စွာဘုရားသခင်၏ ဗျာဒိတ်တော်မြတ် ပြည့်စုံစေခြင်းအကျိုးငှာ တောင်အရပ်သို့ သိုက်မြိုက်ပြည့်စုံစွာနှင့် မလီရွာမှ ထွက်ခွါ၍လာကြလေ၏။
ထိုသို့ ထွက်ခွါလာခဲ့ကြရာ လမ်းစခန်းများ၌လည်း ရွာတည်ရန် သင့်/ မသင့် ၊ တော်/မတော်တို့ကို လုပ်ခင်းဆောင်တာ ပြေကွက်များကို ကြည့်ရှု ရှာဖွေခဲ့ကြသော်လည်း နေခင်းထိုင်ခင်း မသင့်မလျော်ကြသည်နှင့် တဖြည်းဖြည်း ထွက်ခွါလာခဲ့ကြရာ ရက်ပေါင်းနှစ်ဆယ်မျှကြာသော်လည်း ရွာတည်ရန် နေရာကောင်းကို မတွေ့ကြသည်နှင့် ယခု ဇေယျာ၀ဏတိုင်းခေါ်ကြသောအရပ်ကမှ အာသာဝတီ၊ ပေါင်းလောင်းမြစ်ကိုကူးကြ၍ အရှေ့ဘက်သို့ သွားကြလေ မြတ်စောညီနောင်စေတီ တည်လတံ့သောအရပ်သို့ ရောက်ကြသောအခါ မောင်တောင်သူက လိုက်ပါလာသည့် ဆွေစုမျိုးစုတို့အား အချင်းတို့ ဤအရပ်ဒေသသည် သာတောင့်သာယာလည်းရှိ၏။ မပူလွန်း မအေးလွန်းဘဲ ညီညွတ်မျှတသော ဥတုလည်းရှိ၏။ မြက်သစ်ပင်တို့သည်လည်း စိမ်းရွှင်ပျိုနု ကောင်းသောမြေဆီမြေနှစ်လည်းရှိ၏။ ပန်းများလည်း လက်ျာရစ် ဖူးကြပွင့်ကြကုန်၏။ လုပ်ခင်းဆောင်တာ လယ်ယာမြေကွက်များလည်း ညီညာပေါများ၏။ ဤနေရာ ဤအကွက်၌ ရွာတည်၍နေရန် သင့်လျော်လိမ့်မည်ဟု စုဝေးတိုင်ပင် ညီညွတ်ကြသည်နှင့် ဘုရားအလောင်း ကြက်ဖြူ ညီနောင်တို့မွေးဖွားရာ ယခု နောင်တော်ကုန်းမြေ၏တောင်ဘက် ညီညာပြန့်ပြူးသည့်မြေပေါ်၌ မောင်တောင်သူတို့ ဆွေမျိုးစု အိမ်ထောင်ပေါင်း (၁၂၃) အိမ်ထောင်တို့သည် ရွာတည်၍ နေထိုင်ကြလေ၏။ထိုရွာကို မလီအရပ်မှ ပြောင်းရွှေ့လာသူများဖြစ်ကြ၍ မလီစုရွာဟုပင် ခေါ်ဝေါ်သမုတ်လျက် ၎င်းရွာ၌ မောင်တောင်သူပင် ရွာအုပ်အဖြစ်ဖြင့် အုပ်ချုပ် နေထိုင်လာကြရာ မကြာမြင့်မီပင် တဖြည်းဖြည်း ကြီးကျယ်စည်ကား၍ လာလေ သတည်း။
ဤမလီစုရွာကြီးသည် မကြာမီအတွင်း လူသူအများ တိုးပွားစည်ပင်၍ လာသောအခါ မယ်စန္ဒာ၏ မောင်အရင်းဖြစ်သော မောင်ကျောက်ဖားသည် ယောက်ဖဖြစ်သူ မောင်တောင်သူကဲ့သို့ ရွာအုပ်လုပ်လိုသောစိတ်များ ဖြစ်ပေါ်လာသည်နှင့် ယောက်ဖြစ်သူ၏သြဇာကို ခံလို၍ မသင့်မတင့်ဖြစ်ကြပြီးလျှင် မိမိအား ချစ်ကျွမ်းဝင်သူတို့ကို သွေးဆောင်ခေါ်ငင် နားဝင်အောင် ပြောဆိုတိုင်ပင်ကြပြီးမှ အနောက်မြောက်ယွန်း ခပေါင်းချောင်း မြစ်ညာ မင်းဝံတောင်စွန်းသို့သွားရောက်၍ ရှင်ပင်ကျောက်ဆောက် တည်လတံ့သော တောင်ခြေရင်း၌ ရွာတည်လျက် ကျောက်ဖားရွာဟု အမည်ပေး၍ ၎င်းရွာ၌ ရွာအုပ်ပြုလုပ် အုပ်ချုပ်နေထိုင်လေ၏။ ထိုကျောက်ဖားရွာလည်း တောင်ယာပဲခင်း၊ လယ်ကွင်း ၊ မြေကွက် သင့်ေလျာ်ကောင်းမွန်သောကြောင့် မကြာမီပင် ရွာသူရွာသားတို့ တိုးပွားစည်ပင်၍လာလေသတည်း။
မလီစုရွာအုပ်ကတော် မယ်စန္ဒာသည် မိမိ၏ခင်ပွန်းဖြစ်သူ မောင်တောင်သူနှင့် အေးကြည်ချမ်းမြစွာ တရားသဖြင့် ပေါင်းသင်းဆက်ဆံ၍ နေထိုင်လာခဲ့ကြရာ အထက်က မြတ်စွာဘုရားသခင် ဗျာဒိတ်တော်ကြားခဲ့သည့် လင်းနို့သား ညီနောင်တို့သည် အပါယ်ဘုံမှ မကောင်းသော အကုသိုလ်ကံကုန်သည်နှင့် ကြုံကြိုက်၍ မြတ်စွာဘုရားသခင် ဗျာဒိတ်တော်မြတ်အတိုင်း မယ်စန္ဒာ၏ ဝမ်းဗိုက်၌ မြတ်သောလူ၏ဘဝဖြင့် ပဋိသန္ဓေတည်နေကြကုန်လေ၏။
ဤသို့ ပဋိသန္ဓေတည်နေရာ ရှေးအခါက မြတ်စွာဘုရားသခင်၏ ဗျာဒိတ်တော်ပေးစဉ်က အထင်အရှား မှတ်သားကြားနာလိုက်ရသော ဤအရပ်ဒေသရှိ တောစောင့်နတ်ကြီးများသည် မြတ်စောညီနောင်စေတီတော်မြတ်တို့၏ ဒါယကာ ဖြစ်လတံ့သော ဗျာဒိတ်ရ လင်းနို့သားညီနောင်တို့သည် ယခု မယ်စန္ဒာ၏ဝမ်းဗိုက်၌ ပဋိသန္ဓေ တည်နေလာကြသည်ကို နတ်တို့၏ ဒိဗ္ဗစက္ခုဖြင့် အထင်အရှား သိမြင်ကြလေလျှင် ကိုယ်ဝန်ကို မပျက်စီးရလေအောင် စောင့်ရှောက်စေခြင်းငှာ မယ်စန္ဒာထံသို့ မထင်မရှားလာရောက်ပြီးလျှင် မယ်စန္ဒာ ယခု သင်၏ဝမ်းဗိုက်၌ ပဋိသန္ဓေတည်နေလာကြသောသူတို့သည် မြတ်စွာဘုရားသခင် ဗျာဒိတ်ပေးတော်မူခဲ့သော လင်းနို့သားညီနောင်တို့တည်း၊ ဤအရပ်တွင် နောင်သောအခါမြတ်စွာဘုရားသခင်၏ လက်ရုံးတော် ဓါတ်အောက်မေးတော်ဓါတ်တို့ကို ဌာပနာ၍ တည်ထားအပ်သော စေတီတော်မြတ်တို့၏ မူလဒါယကာများဖြစ်ကြလတံ့ ကိုယ်ဝန်ကို မပျက်စီးရအောင် ကောင်းမြတ်ရိုသေစွာ စောင့်ရှောက်လေလော့ဟု မထင်မရှားလာ၍ ပြောကြားသတိပေးပြီးလျှင် ကွယ်လေသတည်း။ မယ်စန္ဒာလည်း ဤယခု ပြောကြားလာသူကား အဆင်းအားဖြင့် မထင်မရှား အသံကိုသာ ကြားလိုက်ရသည်နှင့် နတ်သိကြားများ ဧကန်ဖြစ်မည်ဟု မှတ်ထင်တွေးဆမိသည်နှင့် အကြောင်းမျိုးစုံကို မိမိ၏ လင်မောင်တောင်သူအား ပြောကြားလေရာ မောင်တောင်သူလည်း အားရဝမ်းမြောက်စွာ စကားအလုံးစုံကို ပရပိုက်ဖြူ၌ ကောင်းမွန်စွာ ရေးမှတ်၍သားလေသတည်း။
မယ်စန္ဒာလည်း နတ်တို့မှာကြားသည့်အတိုင်း ကိုယ်ဝန်ကို ကောင်းစွာစောင့်ရှောက်၍ ဆယ်လစေ့ရောက်သောအခါ များစွာပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ ဓမ္မကရိုင်မှာ ရေအယာဉ်ကဲ့သို့ လွယ်ကူချမ်းသာစွာနှင့်ပင် နှစ်ယောက်သော သားကို အမြွှာဖွားမြင်လေသည်။
သားနှစ်ယောက်တွင် ဦးစွာဖွားမြင်သော သားကို မြတ်လှဟူ၍လည်းကောင်း၊ နောက်မှ ဖွားမြင်သော သားကို စောလှဟူ၍လည်းကောင်း အသီးသီး အမည်ပေးလေ၏။
ထိုသူငယ်နှစ်ယောက်တို့သည်လည်း မြတ်စွာဘုရား၏ ဗျာဒိတ်ရသူများ ဖြစ်ကြ၍ သူငယ်နာ စသည့် ရောဂါဥပဒ် မကပ်မငြိ ပကတိအတိုင်း ကျန်းမာ ချမ်းသာလျက် အစဉ်အတိုင်းကြီးထွား၍လာကြရာ (ခုနှစ်) နှစ်သားအရွယ်သို့ ရောက်ကြလေလျှင် အဘဖြစ်သော ရွာအုပ် မောင်တောင်သူသည် တစ်ခုသော ရောဂါဖြင့် သေဆုံးလေသဖြင့် အမိမယ်စန္ဒာ၏ အုပ်ထိန်းခြင်းဖြင့်သာ ကြီးထွားလာကြရလေ၏။ဤကဲ့သို့ သားနှစ်ယောက်တို့ အရွယ်ရောက်ကြလေလျှင် အမိမယ်စန္ဒာသည် မိမိ၏ ဆွေမျိုးစုအထဲမှပင်လျှင် သင့်လျော်သောမိန်းမများနှင့် ထိမ်းမြား လက်ထပ်၍ ဤပလီစုရွာကိုပင် အုပ်ချုပ်လျက်နေကြစေ၏။
ထိုအချိန်အခါ၌ ဤအရပ်များတွင် မင်းနေပြည်လည်း မရှိသေး၊ မြို့ကြီး တိုင်းပြည်ကြီးများလည်း မဖွဲ့သေးဘဲ ရွာငယ်များသာ စုရုံးဖွဲ့စည်းနေထိုင်ကြ သော အချိန်အခါဖြစ်သတည်း။
အခါတစ်ပါး ညီဖြစ်သူ စောလှက အကြံဖြစ်သည်မှာ ဤမလီစုတစ်ရွာတည်းကို ငါတို့ ညီအစ်ကိုနှစ်ယောက် အုပ်ချုပ်နေခြင်းသည် မင်းနေပြည်လည်း မဟုတ်၍ သူတစ်ပါးတို့ ကဲ့ရဲ့ဖွယ်ဖြစ်ပေသည်။ ဤရွာ၌လည်း လူသူအဝင်အရောက် များသည်နှင့် ကြပ်တည်းကျဉ်းမြောင်းလာချေသည်။ တစ်ယောက် တစ်ရွာစီခွဲ၍ အုပ်ချုပ်ရလျှင် သင့်မြတ်လိမ့်မည်။ ဤရွာနှင့် မနီးမဝေးအရပ်၌ ရွာတစ်ရွာ ခွဲတည်၍ အုပ်စိုးမည်ဟု အကြံအစည်ရှိသည့်အတိုင်း အစ်ကိုဖြစ်သူ မြတ်လှအား တိုင်ပင်ပြောကြားလေလျှင် အစ်ကိုဖြစ်သူ မြက်လှကလည်း ညီမောင် သင်သည် ရွာတစ်ရွာခွဲ၍တည်လျှင် အစ်ကိုလည်း ဤမလီစုရွာ၌ မယ်တော်ကို အုပ်ချုပ်စေလျက် မယ်တော်ရွာနှင့် မနီးမဝေးသောအရပ်၌ အစ်ကိုလည်း ရွာတစ်ရွာ ခွဲ၍တည်မည်။ ဤကဲ့သို့တည်ကြလျင် မကြာမီပင် ရွာကြီး သုံးရွာဖြစ်၍ မင်းနေပြည်ကဲ့သို့ မကြာမီ စည်ပင်သာယာစွာ ဖြစ်ကြလတံ့ဟု ညီအစ်ကိုနှစ်ယောက်တို့ တိုင်ပင်ညီညွတ်ကြသည်နှင့် မယ်တော်၏ မလီစုရွာကို အလယ်ထား၍ မယ်တော်၏ရွာမှ တောင်မြောက် လက်ဝဲ၊ ယာ ငါးရတွင်းစီခွာ၍ ရွာကြီးများကို ညီနောင်နှစ်ယောက်တို့ ခွဲ၍တည်ကြလေ၏။ ၎င်းရွာကြီးသုံးရွာသည် မကြာမီ ကြီးကျယ်ပြန့်ပွား စည်ကား၍လာသတည်း။
မြတ်လှတည်သောရွာကို မြတ်လှရွာ ၊ စောလှတည်သောရွာကို စောလှရွာ ဟု ရွာအုပ်၏အမည်များကို တင်စား၍ ခေါ်ဝေါ်ကြသတည်း။
ထိုအခါ မြတ်စွာဘုရား၏ သရိယဓါတ်တော်မြတ်တို့သည် ရပ်တိုင်း၊ ရွာတိုင်း မပျံ့နှံ့သေး၍ စေတီပုထိုးတစ်ဆူမျှ တည်ထားကိုးကွယ်ခြင်းကို မပြုကြရကုန်သေးဘဲ တရားသဖြင့်သာလျှင် မိမိတို့ရွာကို အုပ်ချုပ်လျက်နေကြလေကုန်၏။
သတ္တဝါအပေါင်းတို့၏ အကျိုးစီးပွားကို လွန်စွာ အလိုရှိတော်မူသော မြတ်စွာဘုရားသခင်သည် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသည့်နောက် သာသနာတော် သက္ကရာဇ် ၂၂၃-ခုနှစ်သို့ ရောက်သောအခါ ဇဗ္ဗူဒိတ် တစ်ကျွန်းလုံးနှင့်တကွ အထက်သို့တစ်ယူဇနာ ၊ မြေအောက်တစ်ယူဇနာတိုင် အစိုးရတော်မူသော သီရိ – ဓမ္မာ သောကမင်းတရားကြီးသည် ပါဋိလိပုတ်ပြည်၌ မင်းပြုလျက်နေတော်မူ၏။ အခါတစ်ပါး ရာဇဂြိုဟ်ပြည့်ရှင် ပဋ္ဌမသံဂါယနာတင် ဘုရင်အဇာတသတ်မင်းသည် ခဲယဉ်းစွာ ယန္တရားစက်တို့ဖြင့်ခြံရံ၍ မြှုပ်နှံထားအပ်သော မြတ်စွာဘုရား သခင်၏ဓါတ်တော်တို့ကို တူးဖော်ရရှိသည်နှင့် တန်ခိုးအဘိဉာဉ်တို့နှင့် ပြည့်စုံတော်မူကြကုန်သော ရဟန္တာအရှင်မြတ်တို့အားပင့်ဖိတ်၍ တိုင်ပင်လျှောက်ထားသည်မှာ အရှင်ဘုရားတို့ တပည့်တော်သည် ဤမြတ်စွာဘုရား၏ ဓါတ်တော် မွေတော်တို့ကို ရှစ်သောင်းလေးထောင်သောမင်းတို့အား အမိန့်တော်နှင့်ခေါ်၍ ဓါတ်တော် ( ရှစ်ဆူ ) စီ ပေးအပ်ပြီးလျှင် စေတီတော်ပေါင်း ရှစ်သောင်းလေးထောင် တည်လိုပါသည်။ ဝေးသောအရပ်ဒေသမှ လူတို့ အလွယ်တကူသွားလာနိုင်ရန် လွန်စွာခဲယဉ်းသည့်အတွက် လပေါင်းများစွာ ကြန့်ကြာလိမ့်မည် ဖြစ်ပါသည်။ မကြန့်မကြာ ပြီးစီးလွယ်အောင် အဘယ်ကဲ့သို့ စီမံပြုလုပ်လျှင်သင့်တော်ပါ မည်နည်းဟု တိုင်ပင်လျှောက်ထားလေရာ အလွန်တရာ အဘိဉာဉ်တန်ခိုးကြီး လှသော ဣန္ဒဂုတ္တရဟန္တာ အရှင်မြတ်က တကာတော်မင်းကြီး ဤကုသိုလ် ကောင်းမှုပြုရန် စေတီတော်များ တည်ရန်ကိစ္စတွင် လူတို့အလျင်အမြန် သွားလာ နိုင်ရန်အတွက် တကာတော်မင်းကြီး မစိုးရိမ်လင့်။ သင်မင်းကြီး ဆင့်ခေါ်သောလူအပေါင်းတို့သည် စေတီတော်များကို တည်ကြ၍ အနုမောဒနာပြုပြီးသည့် တိုင်အောင် သွားလာကြရမည့် ခရီးအသွားအလာ တစ်လတာ သွားရမည့်ခရီး များကို တစ်ရက်ခန့်နှင့် ရောက်လာဖို့မှာ ငါ၏တာဝန်ဖြစ်စေဟု မိန့်တော်မူပြီးလျှင် မိမိ၏ အဘိဉာဉ်တန်ခိုးဖြင့် ဝေးသောခရီးကို နီးစေရန် ဖန်ဆင်းပြီးလျှင် ခရီးလမ်းများကိုလည်း နတ်လမ်းကဲ့သို့ ထင်စေလေ၏။
သီရိဓမ္မာသောကမင်းကရားသည်လည်း ဝမ်းသာအားရတော်မူလျက် ရှစ်သောင်းလေးထောင်သော တိုင်း၊ ခရိုင်၊ မြို့၊ ရွာ၊ နိဂုံး၊ ဇနပုဒ်တို့၌ အုပ်စိုးနေကြသော ထီးဆောင်းမင်းရွာသူကြီး ရွာအုပ်၊ ရွာစားအသီးသီးတို့ထံသို့ အကြောင်းစာ အမိန့်တော်နှင့် အသီးသီး စေလွှတ်၍ ခေါ်တော်မူလေ၏။
ဤကဲ့သို့ သိရိဓမ္မာသောကမင်း အမိန့်တော်နှင့် ခေါ်တော်မူသောအခါအချို့သော ထီးဆောင်းမင်းတို့ကလည်း အမတ်ကိုယ်စားလွှတ်၍ သွားစေတော် မူ၏။ အနီးအပါးရှိ မြို့စားဘုရင်ခံတို့ကလည်း ကိုယ်တိုင်လာကြကုန်၏၊ မြတ်လှရွာအုပ်၊ စောလှရွာအုပ်၊ ကျောက်ဖားရွာအုပ်တို့လည်း အမိန့် တော်စာကိုရရှိကြလျှင် အခြားအခြားသော မြို့ရွာနိဂုံးတို့က လူတို့သည် အသီးသီး ပါဋလိပုတ်ပြည်သို့ သွားကြကြောင်း သတင်းရရှိလေလျှင် မိမိတို့လည်း မသွားဘဲ မနေဝံ့ကြသည်နှင့် မြတ်လှ စောလှတို့လည်း ဦးလေးဖြစ်သော မောင်ကျောက်ဖား နှင့် နှီးနှောတိုင်ပင်၍ သဘောညီညွတ်ကြသည်နှင့် နံနက်စောစော အခဲဖြစ်သူ မယ်စန္ဒာအား ပူဇော်ကန်တော့၍ ခွင့်ပန်ပြီးလျှင် ညီအစ်ကို တူဝရီးသုံးယောက်တို့ သည် အိမ်မှ စားရိက္ခာအလုံအလောက်နှင့် ထွက်ခွါ၍ သွားကြေလ၏။
အိမ်မှထွက်ခွါ၍ မြင်းတစ်သတ်နှစ်သတ်ခန့် ရောက်ကြလေလျှင် ဣန္ဒဂုတ္တ အမည်တော်ရှိသော တန်ခိုးကြီး ရဟန္တာအရှင်မြတ် ဖန်ဆင်း၍ထားအပ်သော နတ်လမ်းကြီးသဖွယ်ကို တွေ့မြင်ကြလေရာ ၎င်းနတ်လမ်းသဖွယ် လမ်းခရီးကိုအစဉ်အတိုင်း ဆက်လက်၍သွားကြလေသော် ညနေသုံးဗဟိုရ်ခန့်လောက်ခန့်ရှိ တွင်မှာပင် မဇ္ဈိမဒေသ ပါဋလိပုတ်ပြည်ကြီးသို့ ယခုစက်နာရီအားဖြင့် နေမဝင်ပ ဆည်းဆာဆီမှာ နာရီစက် အိပ်ပြန်လေးချက်နှက်သည့်ချိန်တွင် မမောမပန်းဘဲ ရောက်ရှိကြလေ၏။ ရောက်ကြသောအခါ မင်းကြီး စီမံဆောက်လုပ်ထားအ သော အာဂန္တုက တည်းအိမ်တို့၌ ညဉ့်စာအတွက် ချက်ပြုတ်စားသောက်၍ အိပ်နေကြလေ၏။ နံနက်မိုးသောက် အလင်းရောက်သည့်အခါ ဘုရင်မင်းမြတ် ၏ ရှေ ့တော်သို့ ဝင်ကြလျက် သင့်မြတ်ရာခစား၍ အသီးသီး ထိုက်သည့်အား လျော်စွာ နေကြရကုန်၏။ သီရိဓမ္မာသောကမင်းတရားကြီးလည်း မိမိအမိန့်ဖြင့် ဆင့်ခေါ်သောသူတို့ ရှေ့တော်သို့ ရောက်လာခစားကြသည်ကို မြင်တော်မူလေ လျှင် ဝမ်းမြောက်ဝမ်းသာ သာရနိယကထာ ပီယဝါစာစကားဖြင့် ချိုသာစွာ မေးမြန်းနှုတ်ဆက်တော်မူပြီးမှ မြတ်စွာဘုရား၏ ဓါတ်တော်များကို ရှစ်ဆူစီပေး အပ်၍ သင်တို့ရပ်ရွာများတွင် စေတီတစ်ဆူစီတည်ပြီးလျှင် ဌာပနာတိုက်များကို အရံသင့် ဖွင့်လှစ်၍ထားကြရမည်။ နောက်တစ်နေ့ အသူရိန်နတ်နှင့် (လ) နတ်တို့ ထိနီးကြသော တစ်နာရီ၊ နှစ်နာရီအတွင်း ဤဘုရားရှင်၏ ဓါတ်တော်မြတ် တို့ကို ဌာပနာသွင်း၍ပိတ်ကြရမည်။ ရေကန် တန်ဆောင်းနှင့်တကွ အပြီးသတ် စေတီတော်ကို ထီးအထွဋ်တင်လျက် ရွှေလုံးတော်ပြည့်ချပြီးလျှင် အနုမောဒနာ ပြုကြပြီးမှ ပြီးစီးကြကြောင်းကို အသီးသီး ငါကိုယ်တော်မြတ်ထံသို့ သံတော်ဦး တင်လွှာ ဆက်သကြရမည်။ စရိတ်ကြေးငွေများလည်း လိုသည်မရှိရလေအောင် အလုံအလောက် ပေးအပ်တော်မူလေ၏။
စရိတ်ကြေးငွေများနှင့် ရှစ်ဆူသောဓာတ်တော်တို့ကို အသီးသီးရကြလေ လျှင် အတိုင်းတိုင်း အပြည်ပြည်က လာရောက်ကြသောသူတို့သည် အသီးသီး မိမိတို့ရပ်ဌာနသို့ ပြန်သွားကြလေကုန်၏။ မြတ်လှရွာအုပ်, စောလှရွာအုပ်၊ ကျောက်ဖားရွာအုပ်တို့ သုံးယောက်တို့သည်လည်း မိမိတို့လက်ဝယ်သို့ ရောက် ရှိကြသော ဓာတ်တော်တို့ကို အမှန်အကန်သိကြရန်အလို့ငှာ တန်ခိုးကြီးတော်မူ သော ဣန္ဒဂုတ္တ ရဟန္တာအရှင်မြတ်ထံသို့ ရိုသေလေးမြတ်စွာ ဆည်းကပ်ရှိခိုးပြီးမှ အရှင်ဘုရား ဤအကျွန်ုပ်တို့ရသောဓာတ်တော်မြတ်တို့သည် မြတ်စွာဘုရား ကိုယ်တော်မြတ်၏ အဘယ်ဌာနက ကျသောဓာတ်တော်မြတ်များ ဖြစ်ပါသနည်။ ဟု အသီးသီး လျှောက်ထားမေးမြန်းကြရာ ဣန္ဒဂုတ္တရဟန္တာ အရှင်မြတ်က မြတ်လှရသော ဓာတ်တော်ရှစ်ဆူသည် မြတ်စွာဘုရား၏ ညာဘက်လက်ရုံးတော် မှကျသောဓာတ်မြတ် ၊ စောလှရသော ဓာတ်တော်ရှစ်ဆူမှာ အောက်မေးတော် မှကျသည်။ တကာတော် ကျောက်ဖားရသော ဓာတ်တော်ရှစ်ဆူမှာ ကျောက်ကုန်း တော်ရိုးမှကျသော ဓာတ်တော်မြတ်များဖြစ်ကြောင်းကို အရှင်မြတ်က ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်ကြည့်ရှု၍ မိန့်ကြားသည်တို့ကို အသေအချာ မှတ်သားကြပြီးမှ မင်းကြီးအား ရိုသေစွာ ခွင့်ပန်၍ မိမိတို့နေရပ်သို့ ပြန်လာကြလျှင် ရဟန္တာအရှင်မြတ်၏ တန်ခိုးတော်ဖြင့် နေ့ချင်းပင်လျှင် မိမိတို့ အိမ်ဂေဟာ အသီးသီးသို့ ချောမောစွာ ရောက်ရှိလေသတည်း။
ရွာအုပ် မြတ်လှ ၊ စောလှ ၊ ကျောက်ဖားတို့သည် အသီးသီး မိမိတို့နေရပ် သို့ ဆိုက်ရောက်ကြသောအခါ မြတ်လှ၊ စောလှ ညီနောင်နှစ်ယောက်တို့သည် မိမိတို့ ရွာနှစ်ရွာ အလယ်စပ်ကြား မယ်တော်ရွာဖြစ်သော မလီစုရွာ၏ အရှေ့ ဘက်နားတွင်တည်ရှိသည့် မြတ်စွာဘုရားအလောင်းသည် ဘဝများစွာသံသရာ က ကြက်ဖြူညီနောင် ဖြစ်စဉ်အခါ မွေးဖွားရာဖြစ်သည့် ကုန်းမြင့်အရပ်တွင် ညီနောင်နှစ်ယောက်လုံးပင် သူတည်မည် ငါတည်မည်ဟု အငြင်းအခုံဖြစ်နေကြ သည်ကို ဒဟတ်ပင်စောင့်နတ် မြင်လေလျှင် ဤညီနောင်နှစ်ယောက်တို့သည် တစ်ပါးသော အကြောင်းကိစ္စများမှာ တိုင်ပင်ညီညွတ်ကြပါလျက်နှင့် ကုသိုလ် ကောင်းမှုပြုရန်အခါကျမှပင် အငြင်းအခုံဖြစ်၍ စေတီတည်ထားရာ ကုန်းမြေကို အလုအယက်ဖြစ်နေကြခြင်းသည် မသင့်မလျော်သောအမှု ဖြစ်လေသည်။ ငါ သည် ဤညီအစ်ကိုနှစ်ယောက်၏ အငြင်းအခုံကို ကြေအေးသင့်မြတ်အောင်ပြုမှတော်မည်ဟု ကြံစည်လျက် မိမိဗိမာန်မှနေ၍ ပုဏ္ဏားဆရာအသွင် ဖန်ဆင်း ကာ ၎င်းတို့ငြင်းခုံနေသောအရပ်သို့ သွားရောက်ပြီးလျှင် အသင်တို့ အဘယ် အကြောင်းကြောင့် တစ်ဦးနှင့်တစ်ဦး အငြင်းအခုံဖြစ်နေကြသနည်းဟု မေးလေ လျှင် ၊ စေတီတည်ကြရန် ကုန်းမြင့်ကိုအလိုရှိ၍ ငြင်းခုံကြကြောင်းကို ပြောကြား လေလျှင် ၊ ပုဏ္ဏားက အမောင်တို့ သင်တို့သည် အခြားသောအကြောင်းကိစ္စ တို့၌ တိုင်ပင်ညီညွတ်ကြပါလျက် ဤကုသိုလ်ကောင်းမှုပြုရန်ကိစ္စကျမှ ငြင်းခုံ နေကြခြင်းသည် သင်တို့၏အကျိုးစီးပွား ဆုတ်ယုတ်၏အကြောင်း ဖြစ်ပေ သည်။ ငါဆရာ ဆုံးမသည်ထို သင်တို့ နားထောင်ကြပါမည်လောဟု မေးလေရာ ညီနောင်တို့ကလည်း ဆရာဆုံးမသည်ကို နာခံပါမည်ဟု ဝန်ခံကြလေလျှင် ဒဟတ်ပင်စောင့်နတ်လည်း ကောင်းပြီ ၊ ငါဆုံးဖြတ်အံ့ဟု အစ်ကိုသည် အကြီး ဖြစ်၍ ဤကုန်းမြင့်၌တည်လေ၊ ညီကား အငယ်ဖြစ်သောကြောင့် အရှေ့ဘက် အနိမ့်တွင် တည်လေဟု ဆုံးဖြတ်ပြီးလျှင် ရုတ်ခြင်းပင်ကွယ်လေ၏။ ညီအစ်ကို နှစ်ယောက်တို့လည်း ပုဏ္ဏားကွယ်ပျောက်သွားသည်ကို မြင်ကြလျှင် ကြက်သီး မွေးညှင်းများ ထကြကုန်လျက် အော် – ငါတို့ညီအစ်ကို ငြင်းခုံကြခြင်းသည် မသင့်မလျော်သည့်အတွက် နတ်များပင် ဆုံးမလာပေသည်ဟု ဟုတ်တိုင်းမှန်ရာ ကိုတွေးတောမိကြလျက် ပုဏ္ဏားဆုံးဖြတ်သည့်အတိုင်းပင် လိုက်နာကြပြီး စေတီ တော်တည်ရန် အရပ်တို့ကို အသီးသီး ခုတ်ထွင်ရှင်းလင်းလျက်နေကြလေ၏။ ဓါတ်တော် မွေတော်တို့ကား ရွှေကြုတ်၊ ငွေကြုတ်တို့ဖြင့် ထည့်၍ ကိန်းဝပ်တော်မူ၏။
မြတ်လှ ၊ စောလှတို့ကလည်း ငါတို့သည် စေတီတော် တည်ထားရန် နေရာကိုသာ လုံ့လကြိုးကုတ်အားထုတ်လျက်သာ ခုတ်ထွင်ရှင်းလင်းနေသော် လည်း တည်ထားရန် အုတ်ကား တစ်ချပ်မျှမရှိ အဘယ်အရပ်တွင် ရောင်းသည် ဟုလည်းမကြားဘူး ၊ ငါတို့ရွာတွင်လည်း အုတ်ဖုတ်ရောင်းသူမရှိ၊ ယခုမှဖုတ် ပြန်လျှင်လည်း မင်းကြီးအမိန့်တော်အတိုင်း ချိန်းဆိုသည့်ရက်၌ မပြီးနိုင်ချေ။ယခုမှ ကြီးစွာသောအခက်အခဲ ကြုံလေပြီဟု ပြောဆိုညည်းညူကြပြီးလျှင် မကြံ တတ် မစည်တတ်၊ အိပ်မပျော် စားမဝင်၊ ပရွှင်သောမျက်နှာ ညှိုးငယ်စွာနှင့် ရှိနေကြလေကုန်၏။
ဤသို့ ဖြစ်ပျက်နေကြသည့် အကြောင်းအရာကို တာဝတိံသာ သိကြား မင်းသည် သဟဿနီတိ ထောင်မျက်စိဖြင့် မြင်သိတော်မူလေလျှင် အပါးတွင် ရှိသော ဝိသကြုံနတ်သားကိုခေါ်တော်မူ၍ အမောင်နတ်သား ငါတို့ ၊ သင်တို့၏ ဆရာ သမ္မာသမ္ဗုဒ္ဓ အတုလထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ရှေးဘဝ များစွာသံသရာက ကြက်ဖြူညီနောင်ဖြစ်၍ နေခဲ့ဘူးသည့်ဌာန၌ လူတို့သည် တတ်တော်များကို စေတီတည်ထားကိုးကွယ်မည်ပြုကြရာ စေတီတည်ရန် အုတ် တစ်ချပ်မျှမရှိသည်နှင့် လွန်စွာပူပန်သောကဖြစ်နေကြရသည်။ မြတ်စွာဘုရား၏ ဗျာဒိတ်တော်နှင့် ညီညွတ်စိမ့်သောငှါ သင်သွား၍ မြတ်လှရွာ၊ စောလှရွာ ၊ ခပေါင်းချောင်း ၊ ကျောက်ဖားရွာတို့၌ စေတီတော်တည်ကြရန် အုတ်အမြောက် အများ လိုသည်မရှိရလေအောင် ကူညီဖန်ဆင်း၍ပေးရမည်ဟု အမိန့်ရှိလေ လျှင် ဝိသကြုံနတ်သားလည်း သိကြားမင်း၏ အမိန့်အတိုင်း လူ့ပြည်သို့ဆင်း သက်ခါ ထိုရွာများ၏ အနီးအပါးတို့၌ အုတ်အမြောက်အများ ဖန်ဆင်း၍ထား ပြီးမှ နတ်ပြည်သို့ ပြန်လေ၏။
နံနက်မိုးသောက် အလင်းရောက်သောအခါ ရွာ၏အနီးအပါး၌ အုတ်များ ကို ရွာသားတို့မြင်လေလျှင် အသီးသီး မိမိတို့ရွာအုပ်များထံသို့ သွားရောက် ပြောကြားကြလေ၏။ ရွာအုပ်များလည်း လွန်စွာအားရဝမ်းမြောက်ကြသည်နှင့် ငါတို့စေတီတော်များ အထမြောက်စေရန်အလို့ငှာ နတ်သိကြားတို့ပင် ကူညီ စောင့်ရှောက်ပေးလာကြသည်ဟု ဟုတ်တိုင်းမှန်ရာ တွေးတောမိကြလေကုန်၏။ ရွာအုပ်တို့လည်း ထို နတ်ပေးအုတ်တို့ကို ရွာသူရွာသားအပေါင်းတို့နှင့် စေတီတည်ရန်အနီးသို့ ရွှေ့ပြောင်းသယ်ယူကြလေ၏။ ထိုအခါမှ အမိမယ်စန္ဒာ လည်း အုတ်အမြောက်အများရသည်ကို မြင်လေလျှင် ချစ်သားတို့ မိခင်လည်း စေတီတစ်ဆူ တည်လိုပါသည်။ မိခင်၏စေတီတော်၌ ဌာပနာ၍ ကိုးကွယ်ရန်ဓာတ်တော်များ ဝေမျှကြပါဟုပြောလေလျှင် သားတို့လည်း မိခင်ပြောသည့် အတိုင်း သားကြီးထံမှ ဓာတ်တော်နှစ်ဆူ ၊ သားငယ်ထံမှ ဓာတ်တော်နှစ်ဆူ ဝေငှကြသည်နှင့် ၎င်းဓာတ်တော် လေးဆူတို့ကို ရွှေကြုတ်ဖြင့်ထည့်၍ အသင့် ထားရှိလေ၏။
ရွာအုပ်တို့လည်း အသီးသီး နတ်ပေးအုတ်တို့ဖြင့် မြတ်လှ ကား ဘုရား လောင်း ကြက်ဖြူမင်းအိပ်ရာ ကုန်းမြင့်ပေါ်၌ ဒဟတ်ပင်စောင့်နတ် ဆုံးဖြတ်ပေး သည့်အတိုင်း ` ဘိနပ်တော် သံတောင် (၆) တောင် ချခင်းလျက်၊ ညီစောလှ ကား ညီတော် အာနန္ဒာအလောင်း ကြက်ဖြူမင်းခွဲ၍ အိပ်ရာနေရာ၌ ဘိနပ်တော် သံတောင် (၅) တောင်နှစ်မိုက် ခင်းလေ၏။
အမိမယ်စန္ဒာမှာကား နောင်တော်၏အနီး တောင်ဘက်နားက ဘိနပ်တော် သံaprodင် (၅) ရင်း ချခင်းလျက် တည်လေ၏။
ကျောက်ဖားရွာအုပ်လည်း မိမိတို့ရွာအထက် အလောင်းတော် ကြက်ဖြူ ညီနောင် နေ့အခါ ကျက်စားလျက်နေဖူးသော တောင်ကုန်းပေါ်၌ ဘိနပ်တော် သံတောင် (၅) တောင် တစ်မိုက် ချခင်းလျက် တည်လေ၏။
ဤသို့ စေတီတည်ကြရာ မြတ်စွာဘုရား ဗျာဒိတ်တော်ထားစဉ်က အထင် အရှား ကြားနာမှတ်သားလိုက်ကြရသော တောစောင့်နတ် ၊ တောင်စောင့်နတ် တို့သည် မိမိတို့၏တန်ခိုးဖြင့် ဗျာဒိတ်တော်အတိုင်း ပြည့်စုံစေခြင်းငှာ အသီးသီး ဖန်ဆင်းကူညီ တည်ဆောက်ကြသဖြင့် မကြာမီ ရက်အနည်းငယ်အတွင်းမှာ စေတီတော်များ ပြီးမြောက်ကြလေ၏။
ဓါတ်တော်မွေတော်တို့မှာ ရွှေကြုတ်ငွေကြုတ်တို့၌ ကိန်းဝပ်မြဲ ကိန်းဝပ်စေ လျက် ဌာပနာတိုက်သို့ မသွင်းရသေးဘဲ မင်းကြီးအမိန့်အတိုင်း အသူရိန်နတ် နှင့် (လ) နတ်တို့ ထိခိုက်ခြင်းကို စောင့်ဆိုင်းကြကုန်လျက် သုံးရွာသူ သုံးရွာသား တို့သည် မဏ္ဍပ်ကန္နားကြီးများကိုဆောက်လုပ်၍ ထိုမဏ္ဍပ်၌ အမျိုးမျိုးသောပူဇော်ဖွယ်တို့ဖြင့် ပုံတောင်လယ် ကြာယပ်အထပ်ထပ်သော ခြူးပန်းခြူးနွယ်တို့ ဖြင့် တင့်တယ်စွာ တန်ဆာဆင်ပြီးလျှင် အကြီးအကျယ် ပွဲလမ်းသဘင်ခံကာ ကခုန်မြူးထူး လှူဒါန်းပူဇော်လျက်နေကြကုန်၏။
ကျောက်ဖားရွာအုပ်လည်း ထိုနည်းတူစွာ ပူဇော်ဖွယ်အထူးထူးဖြင့် ရွာသူ ရွာသားတို့လည်း အသီးသီး ပူဇော်ဖွယ် တံခွန်၊ ကုက္ကား မလေးပွားတို့နှင့် မြတ်စွာဘုရား၏ ဓါတ်တော်၊ မွေတော်တို့ကို အသီးသီး လာရောက်ပူဇော်ကြ ကုန်၏။
ဤကဲ့သို့ သုံးရွာသူ သုံးရွာသားတို့ ကခုန်မြူးထူး၍နေကြရာ နောက် လပြည့်နေ့ ညဉ့်ချမ်းသောအခါ အသူရိန်နတ်နှင့် (ထဲ) နတ်တို့ ထိခိုက်ကြသည် ကိုမြင်ကြလျှင် ရွှေကြုတ်၊ ငွေကြုတ်တို့၌ ကိန်းဝပ်တော်မူသော ဓါတ်တော် မွေတော်တို့ကို အသီးအသီး စေတီတော်တို့၌ဌာပနာရန် ရှိခိုးပူဇော် တောင်းပန် ကြသည်မှာ
အစိန္တေယျ အစိန္တေယျ၊ အပ္ပမေယျ အပ္ပမေယျ၊ သေဋ္ဌ ဇေဋ္ဌ အတုလ ပရမံ အရဟံ ဘဂဝါ သမ္မာသမ္ဗုဒ္ဓ ဓမ္မိဿရဖြစ်တော်မူသော လောကမျက်ရှု သဗ္ဗညုမြတ်စွာ စောသတ္တာ ဘုရား၏ ကိုယ်စားတော်ဖြစ်တော်မူသော လက်ရုံး တော်ဓါတ် ၊ အောက်ပေးတော်ဓါတ်မြတ် အရှင်ဘုရား ၊ သက်တော်ထင်ရှား မြတ်ဘုရားသည် ၊ ပရိနိဗ္ဗာန်စံယူခါနီး၌ အဓိဋ္ဌာန်တော်မူခဲ့သော သရိယဓါတ် မွေရှင်တို့သည် ယခုစေတီတော်တွင် ဝင်၍ကိန်းဝပ်ရပါတော့မည်။ နောင်သော အခါ အရှင်ဘုရားတို့အား အထင်အရှားဖူးမျှော်ကြရန် အလွန်တရာ ခဲယဉ်းကြ ပါတော့မည်။
အရှင်မြတ်တို့သည် စေတီတော်၌ ကိန်းဝပ်တော်မမူမီ ထင်ထင် ရှားရှား လူအများတို့ကို ခြောက်ပါးသော ရောင်ခြည်တော်အဝန်း တောက်ထွန်းသောခြင်းရာ ၊ အထူးထူးသော တန်ခိုးဗျာဋိဟာတို့ကို သဒ္ဒါဗလဝသက္ကစ္စဖြင့် ဒိဋ္ဌ မျက်မြင် ဖူးမျှော်ချင်ကြပါသောကြောင့်၊ မြတ်ဗုဒ္ဓကိုယ်စား သရိယဓါတ်တော်များ သည် ထင်ရှားပြတော်မူပါဘုရားဟု လက်ဆယ်ဖြာ ဦးထိပ်မှာမိုးလျက် ရှိခိုး လျှောက်ထားကြလေရာ ၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်၏ ဒိဋ္ဌာန်တော် မူခဲ့သည့်အတိုင်း ဓါတ်မွေတော်အရှင်မြတ်တို့သည် ရွှေကြုတ်၊ ငွေကြုတ်တို့မှ အသီးသီး ထွက်ကြွတော်မူပြီးလျှင် ထန်းလေးဆင့်ခန့်လောက်သော အာကာသ စင်္ကြံ တွင် သက်တော်ထင်ရှား မြတ်ဘုရား၏ သဏ္ဍာန်တော်ဖြင့် ဖန်ဆင်းတုန် လျက် (၃၂) ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး၊ (၈၀) သော လက္ခဏာတော်ငယ်တို့ကို ဆောင်ကုန်လျက် (လ) နှင့် (နေ) အထိ ထိန်ထိန်ညီ လျှံပြောင် ဗိမာန်ဆောင်နှင့် သောင်းထောင်စက္ကဝါ ထွန်းလင်းဖြာနိုင်သည့် ဗြဟ္မာ ကြီးတို့၏ကိုယ်ရောင်ကို လွှမ်းမိုးနိုင်သည့် နိလ ပိတ လောဟိတ ဩဒါတ မဇ္ဈဌပဘာသရ တည်းဟူသော ရောင်ခြည်တော်မြတ်တို့ကို အသီးသီးခြားနား၍ တစ်ပါးစီ တစ်ပါးစီ လွှတ်ကုန်လျက် နေ့မှန်းမသိ ၊ ညဉ့်မှန်းမသိ တထိန်ထိန် တပြောင်ပြောင် တောက်လောင်ဘနန်း မြတ်စောညီနောင်စေတီတော်၊ မယ်တော် စေတီတော်တို့မှ နိမ္မိတဘုရားရှင်သည် ရှင်ပင်ကျောက်ဆောက်စေတီတော်သို့ ကြွတော်မူခြင်း ၊ ရှင်ပင်ကျောက်ဆောက်က နိမ္မိတဘုရားတို ့သည် မြတ်စော ညီနောင် စေတီတော်သို့ ကြွတော်မူခြင်းတည်းဟူသော အာကာသစင်္ကြံဝယ် အပြန်ပြန် အထပ်ထပ် ဘုရားရှင် အဆူဆူ ပွင့်ဘိသကဲ့သို့ တန်ခိုးဗျာဋိဟာ ပြတော်မူသည်ကို သုံးရွာသူ သုံးရွာသား လူအများတို့ မြင်ကြလေလျှင် ၊ ရင်ပတ် လက်တီး အံ့ချီးကြည်ရွှင်သော စေတနာသဒ္ဓါတရား တိုးတက်ပွားများကြပြီး လျှင် ငါတို ့ကား လူအဖြစ်ကိုရကြသည်မှာ တော်လေစွ၊ ဤကဲ့သို့သော တန်ခိုး ဗျာဋိဟာကို ဆယ်ခါဆယ်ဟန် ပြန်ပြန်သေဦး မြင်စဘူးတည်း ဆုထူးပန်၍ ယခု ကြုံတွေ့ရခြင်းသည် အံ့ဩပြောပ၍ မဆုံးနိုင်ပါတကားဟု နဖူးလက်တင် ကြည်ရွှင်မြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် လှူဒါန်းကြလေကုန်သတည်း။ ဤအခြင်းအရာကို ဖူးမြင်ကြရကုန်သော တောစောင့်နတ်၊ တောင်စောင့် နတ်၊ ရုက္ခစိုး၊ ဘုမ္မစိုးတို့သည်လည်း နတ်တို့၌ဖြစ်သော ပန်းနံ့သာအမျိုးမျိုး ရွှေကြက်လျှာ ၊ ငွေကြက်လျှာ ၊ ရွှေပေါက်ပေါက် ငွေပေါက်ပေါက်တို့ဖြင့် အသီးသီး ပူဇော်ကြလေကုန်၏။ ဓါတ်တော် မွေတော်တို့လည်း ကြီးမားသော တန်ခိုးဗျာဋိဟာ ပြတော်မူသောအဆုံး၌ ရွှေကြုတ် ငွေကြုတ်အတွင်းသို့ဝင်၍ ကိန်းဝပ်တော်မူကြလေကုန်၏။
သတ္တဌာနဖြစ်သော ရွှေဆင်းတု ငွေဆင်းတုကို ခြံရံလျက် မြေငလျင် ပဲ့တင်ထပ်ဆဲတွင် ဌာပနာတိုက်သို့သွင်းလျက် စေတီတော်ကို ပိတ်ကြလေ၏။ ကျောင်းကန်များလည်း ပြီးစီးသည်နှင့် ထီးတော်အထွဋ်တင်ပြီးမှ ရွှေလုံးတော် ပြည့်ချလှူကာ အနုမောဒနာပြုကြလေကုန်၏။ မောင်မြတ်လှသည် မြတ်စွာဘုရား သခင်၏ လက်ရုံးတော်ဓါတ် ၊ မောင်စောလှမှာ အောက်မေးတော်ဓါတ်၊ မယ်တော် မယ်စန္ဒာမှာမူကား သားနှစ်ယောက်မှဝေငှသော လက်ရုံးတော်ဓါတ် ၊ အောက်မေး တော် ဓါတ်နှစ်ဆူစီနှင့် စေတီတည်ကြလေ၏။
ဤစေတီ နှစ်ဆူ၏ဘွဲ့တော်များမှာ စေတီ၏ ဒါယကာ မောင်မြတ် ၊ မောင်စောတို့၏ အမည်များကို စေတီတော်၌တင်၍ “ မြတ်စောညီနောင်စေတီ တော်” ဟု ခေါ်ဝေါ်ပညတ်ကြသည်။ ရွာအုပ် မောင်ကျောက်ဖားတည်သော စေတီတော်မှာ ရှေးအခါက ရှင်ပင်ကျောက်ဖားဟု တွင်လေသည်။ ကာလရှည် လျား၍ “ရှင်ပင်ကျောက်ဆောက်” ဟု ယခုခေါ်လျက်ရှိလေသည်။
ရာဇဂြိုဟ်ပြည်ကို အစိုးရတော်မူသော ပဋ္ဌမသံဃာယနာတင် ဘုရင် အဇာတသတ်မင်း ဖြိုးကြွင်းသော သက္ကရာဇ် (၁) ခု၊ မြတ်စွာဘုရားသာသနာ တော်လည်း (၁) ခု ၊ အညီအမျှထားရာမှ တိုးတက်သော သက္ကရာဇ် (၂၂၅) ခု သာသနာသက္ကရာဇ်လည်း (၂၂၅) ခုနှစ်တွင် ပါဋလိပုတ်ပြည့်ရှင် ဘုရင်သီရိ ဓမ္မာသောကမင်းမြတ်ထံသို့ စေတီတော် ကျောင်းကန်တို့ ပြီးစီးအောင်မြင်ကြောင်း အသီးသီး သံတော်ဦးတင်လွှာ ဆက်သလာကြကုန်သတည်း။ လင်းနို့ညီနောင်တို့ဖူးမြော်၍ ဘုရားသခင် ပြုံးတော်မူသော နီလာချောင်း ကိုလည်း ယခုအခါ ပြုံးချောင်းဟု ခေါ်ဝေါ်ပညတ်သမုတ်ကြလေသတည်း။
ဤကဲ့သို့ မြတ်စွာဘုရားသခင်၏ ဗျာဒိတ်တော်မြတ်အတိုင်း မြတ်လှရွာ အုပ်၊ စောလှရွာအုပ် ၊ ကျောက်ဖားရွာအုပ်တို့သည် စေတီတော်မြတ်တို့ကို တည်ထားကိုးကွယ်ကြပြီး နောင်နှစ်ပေါင်း သုံးရာကျော်အတွင်း ဘိဇ္ဇနဓမ္မော ဘိဇ္ဇတိနဿ ဓမ္မောနဿတိဟူသော တရားတော်မြတ်အတိုင်း တရွေ့တရွေ့ နှစ်ရှည်လများ ပျက်ပြားဆုတ်ယုတ် ချွတ်ယွင်းလျက် အနိစ္စမွှေနှောက်ခြင်းကြောင့် လူတို့နေရာ ရပ်ရွာမရှိ ၊ ဝိပတ္တိအခါရောက်သည်နှင့် ယိုယွင်းပျက်ပြို၍ ထိုစေတီ တည်ရာ အရပ်ဒေသတို့တွင် တောကြီးအတိဖြစ်၍နေလေသတည်း။
ထိုနောက်မှတစ်ဖန် သက္ကရာဇ် ၅၅၃ – ခုနှစ်တွင် တမ္ပဒီပတိုင်း ပေါက္ကံပြည် ကို အစိုးရတော်မူသော အလောင်းစည်သူမင်းကြီး၏မြစ်တော် နရပတိစည်သူ မည်သော မင်းတရားသည် ရွှေတိဂုံ၊ ရွှေမော်ေဓာစေတီတော်မြတ်များကို ဖူးမျှော် တော်မူရန် ရေတပ်၊ ကြည်းတပ်များနှင့်တကွ ဗိုလ်ပါအပေါင်းခြံရံလျက် ရဲလှေ ၊ ရဲကောင်း အများဆွဲစေလျက် ဖောင်တော်ဖြင့် ရောဝတီမြစ်သို့စုံဆင်းကြွရောက် ဖူးမျှော်တော်မူခိုက်ဝယ် အချို့သော မွန်အိုကြီးများက မင်းကြီးအား လျှောက်ထား ကြသည်မှာ ကျွန်တော်မျိုးတို့ မိဘဘိုးဘွားအဆက်ဆက်မှ ပြောသံကြားဖူးသည် မှာ အာသာဝတီ ပေါင်းလောင်းမြစ်ကို ဆန်တက်သွားပါလျှင် လက်ျာဘက်က (သရတီ) မြစ်ကိုဝင်၍ ဆန်တက်ပါက မြတ်စွာဘုရား၏ ဗျာဒိတ်တော်အရ လက်ရုံးတော်ဓါတ် ၊ အောက်မေးတော်ဓါတ်မြတ်တို့ကို ဌာပနာ၍ တည်ထားအပ် သော မြတ်စောညီနောင်စေတီတော် နှစ်ဆူရှိကြောင်း၊ လက်ဝဲဘက် ခပေါင်းချောင်းကိုဝင်လိုက်သော် မင်းဝံတောင်ရိုးတွင် ဘုရားသခင် ဗျာဒိတ်တော်အတိုင်း ကျောက်ကုန်းရိုးတော်ဓါတ်မြတ်ကို ဌာပနာတည်ထားအပ်သော ရှင်ပင်ကျောက် ဆောက်စေတီတော်များ တည်ရှိကြောင်းကို ကြားဖူးပါသည်ဟု မင်းကြီးအား လျှောက်ကြားကြလေ၏။
ပေါက္ကံပြည် နရပတိစည်သူမင်းမြတ်လည်း မွန်အိုကြီးများ လျှောက်ထား ကြသောစကားကိုကြားတော်မူလျှင် ထိုမြတ်စောညီနောင် စေတီတော်မြတ်ဘို့ ကို ဖူးမျှော်လိုသော သမာဆန္ဒတော် အားကြီးစွာနှင့် ဗိုလ်ပါအများခြံရံလျက် မောင်းမမိဿံခြွေရံအများ မိဖုရားကြီးငယ်တို့နှင့်တကွ အာသာဝတီ ပေါင်းလောင်း မြစ်ကို ဖောင်တော်ဖြင့်ဆန်တက်၍ လက်ျာဘက်မှ ယခုသောက်ရေခပ်ချောင်း ခေါ်သော ချောင်းကိုတွေ့လျှင် ဗိုလ်ပါများနှင့်တကွ ဝင်ကြလေရာ ထိုသောက်ရေ ခပ်ချောင်းရေသည် (မြ) ၏ အဆင်းကဲ့သို့ စိမ်းစိမ်းကြည်လင်သဖြင့် ကျောက်တုံး ကျောက်ခဲနှင့် ငါး ၊ လိပ်တို့ကို ဖောင်တော်ပေါ်မှ မြင်ကြလေလျှင် မှူးတော်၊ မတ်တော်တို့က ဤချောင်းရေသည် မြနှင့် (သရတီ) လည်းတူသည်ဟု မင်းကြီး အမိန့်တော်ရှိသည်ကို အစွဲပြုလျက် မြသရတီချောင်းဟု ခေါ်တွင်လေသည်။
ဤမြသရတီချောင်းကို ဝင်တော်မူခဲ့၍ နီလာပြုံးချောင်း၀သို့ ရောက်လေ လျှင် ဖောင်တောင်ကို ဆိုက်စေလျက် မိမိစီးတော်မူသော မင်္ဂလာဆင်တော် သံပြင်စွာကိုလည်း အညောင်းအညာပြေစိမ့်သောငှာ ဖောင်တော်ပေါ်မှလွှတ်လေ သော် ဆင်တော်လည်း အစာဖြစ်သော သစ်ခက်သစ်ရွက် ခြုံတို့ကိုစားမည် ဟု နှာမောင်းဖြင့်ဆွဲလျက်ယူလေရာ အောက်မေးတော်ဓါတ်မြတ် ကိန်းဝပ်တော်မူ သော ညီတော်စေတီပျက်ကိုတွေ့လေလျှင် သည်းစွာသောအသံဖြင့် ဆင်တော် အော်လေ၏။ ဆင်တော် သည်းစွာအော်သောအသံကို မင်းကြီးကြားတော်မူလေလျှင် အမတ်တို့ ငါ၏ဆင်တော်သည် ဤကဲ့သို့ တစ်ခါဖူးမျှ သည်းစွာမအော် ဘူးချေ။ အကြောင်းထူးရှိမည် ထင်တော်မူသည်ဟု မင်းကြီးကိုယ်တော်တိုင် ကျောက်စီဓါးကိုစွဲတော်မူလျက် အမတ်ပေါင်းခြံရံပြီး ဆင်တော်ရှိရာသို့ သွား ရောက်ကြည့်ရှုလေလျှင် ညီတော်စေတီတော်ပျက်ကို ကမ္ဗည်းစာတိုင်နှင့်တကွ တွေ့မြင်ကော်မူသည်နှင့် ဝမ်းမြောက်ဝမ်းသာ ၊ သူ့ထက်ငါ ဗိုလ်ပါအပေါင်း ခုတ် ထွင်ရှင်းလင်းနေကြစဉ် ဘုမ္မစိုးနတ်သည် စိုင်ဖြူရောင်ဆောင်လျက် အနောက် စေတီတော်ဘက်သို့သွားသည်ကို ရဲမက်ဗိုလ်ပါတို့မြင်ကြလျှင် လိုက်လံ၍ဝိုင်းဝန်း ကြလေသော် နောင်တော်စေတီတည်ထားသော ကုန်းမြင့်အနီးသို့ရောက်သော် ကွယ်လေ၏။
စိုင်ဖြူကွယ်သောနေရာ၌ ဗိုလ်ပါအများ ခုတ်ထွင်ရှာဖွေကြရာ နောင်တော် စေတီပျက်ကိုလည်း ကမ္မည်းစာကိုင်နှင့်တကွ တွေ့မြင်ကြပြန်သည်နှင့် မင်းကြီး အား လျှောက်ထားကြလေ၏။ မင်းကြီးလည်း အားရ၀မ်းသာစွာနှင့် ဗိုလ်ပါ အများအား ခုတ်ထွင်ရှင်းလင်းစေရာ မြေ,သည် စည်မျက်နှာကဲ့သို့ ညီညွတ် သန့်ပြန့်စွာ နေ့ချင်းပင် ပြီးစီးကြလေ၏။ ထို့နောက်မှ မယ်တော်စေတီပျက်ကို လည်း ကမ္ဗည်းစာတိုင်နှင့်တကွ တွေ့ရှိကြပြန်လေ၏။
ညဉ့်ချမ်းသောအခါ နရပတိစည်သူမင်းတရားနှင့် မိဖုရား မောင်းမမိသံ တို့သည် စေတီတော်ပျက် သုံးဆူတို့ကို ပူဇော်ပူးမျှော်ရန် သွားရောက်ကြသော အခါ စေတီတော်သုံးဆူတို့က ရောင်ခြည်တော် ကွန်ယက်တို့ လွှတ်တော်မူသည် ကို ဖူးမြင်ကြရသောအခါ ရှေးကထက်ဘိုး၍ လွန်ကဲသောသဒ္ဓါတရားဖြစ်ကြသည် နှင့် မိဖုရားမောင်းမမိဿံတို့သည် အားတက်သရော စေတီတော်ပြင်ရန် အုတ်ဖိုး ငွေများကို အသီးသီး ထည့်ဝင်လှူဒါန်းကြကုန်၏။
မင်းကြီးလည်း အုတ်ဖိုးပြည့်စုံသောအခါ အုတ်ရနိုင်ရန် လူနေရပ်ရွာပရှိ သည်နှင့် မှူးမတ်တို့ကိုခေါ်၍ အချင် အမတ်တို့ စေတီတော်တည်ရန် အဘယ်ရပ် ရွာတို့၌ အုတ်ရနိုင်ပါမည်နည်းဟု မေးမြန်းတိုင်ပင်တော်မူရာ အမတ်တို့ကလည်းအရှင်မင်းကြီး ဤအရပ်ဒေသတွင် လူနေမြို့ရွာမရှိသောကြောင့် အုတ်ရနိုင်ရန် အလွန်တရာခဲယဉ်းပါသည်ဟု လျှောက်ထားကြလေလျှင် မင်းကြီးလည်း နှလုံး မသာတော်မူသည်နှင့် ညဉ့်စက်တော်ခေါ်ခါနီးတွင် ဤသို့ သစ္စာအဓိဋ္ဌာန်ပြု လေ၏။
ဤအရပ်ဒေသ၌ စောင့်ရှောက်နေကြကုန်သော သမာဒေဝနတ်များအပေါင်း တို့ ကျွန်ုပ်သည် ဤစေတီတော်မြတ်တို့ကို တည်ထားလှူဒါန်းလိုက်သော ဒါယကာ ဖြစ်ထိုက်ခဲ့ပါလျှင် စေတီတော်တည်ရန် အုတ်တို့ကို အလွယ်တကူနှင့် ရရှိနိုင်သည် ဖြစ်ပါစေသားဟု သစ္စာဓိဋ္ဌာန်ပြုပြီးလျှင် စက်တော်ခေါ်တော်မူလေ၏။ ဤအကြောင်း ကို တာဝတိံသာသိကြားမင်းသည် ဒိဗ္ဗစက္ကူးဖြင့် မြင်တော်မူလေလျှင် ဝိသကြုံ နတ်သားကိုခေါ်တော်မူ၍ ပဌမတည်ထားသော ဒါယကာတို့ကဲ့သို့ စေတီတော် တည်ရန် အုတ်တို့ကို ဖန်ဆင်း၍ပေးရမည်ဟု စေတော်မူလေလျှင် စေတီတော် နှင့် ပနီးမဝေးအရပ်၌ အုတ်အမြောက်အများတို့ကို ဖန်ဆင်း၍ထားလေ၏။ နံနက်မိုးသောက် အလင်းရောက်ကာလ နတ်ပေးအုတ်တို့ကို တွေ့မြင်ကြလေ လျှင် မင်းကြီးအားလျှောက်ထားကြရာ မင်းကြီးလည်း ငါ၏ဒိဋ္ဌာန်ချက်ဖြင့် နတ်. သိကြားတို့ အုတ်များပေးလာကြသည်ဟု မိန့်တော်မူပြီးလျှင် ဝမ်းမြောက် ဝမ်းသာ ပြောဆိုတိုင်ပင်ကြလျက် စေတီတော်အနီးသို့ အုတ်များကို ရွှေ့ပြောင်း စုပုံစေလျက် နန္ဒသူရိယအမတ်ကိုလွှဲအပ်၍ တည်စေတော်မူလေသည်။ နန္ဒသူရိယ အမတ်လည်း ဌာပနာတိုက်ကိုဖွင့်လျက် ပန်းရံသမားတို့ဖြင့် စေတီတော်ကို တည်လေရာ ပဌမအကြိမ်ကတည်သကဲ့သို့ နတ်တို့ဝင်ကူညီ၍ တည်ဆောက် ကြသဖြင့် ခုနစ်ရက်အတွင်း စေတီတော်သုံးဆူတို့ ပြီးမြောက်ကြလေသတည်း။ သက္ကရာဇ် ၅၅၃-ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် ဌာပနာတိုက်တို့ ကို ဆေးဒါန်း မြင်းသီလာတို့ဖြင့် ဆန်းကြယ်စွာပြုပြင်၍ ရွှေဆင်းတု ၊ ငွေဆင်းတု၊ ရွှေကြက်လျှာ၊ ရွှေတံခွန်၊ ငွေတံခွန်၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်တို့ဖြင့်
သတ္တဌာနခြံလျက် တောလုံးညံမျှ ပွဲလမ်းသဘင် အတီးအမှုတ်တို့ဖြင့် ကခုန်မြူးထူးကြစေလျက် ဌာပနာသွင်းချိန်ရောက်သောအခါ အထက်ကောင်းကင်မှ တိမ်နီ တိမ်ပြာတို့သည် မိုးကာပိတ်ဆီးကြသည်နှင့် နေမပူဘဲ အေးမြစွာရှိသည့် အခါ ဓာတ်တော် မွေတော်တို့သည် ဘုရားအဆူဆူ ပွင့်တော်မူကြသကဲ့သို့ ပဌမ အကြိမ်နည်းတူ တန်ခိုးဗျာဋိဟာ ကြီးမားစွာပြတော်မူလေ၏။
ဤသို့ တန်ခိုးဗျာဋိဟာပြသည်ကို မင်းကြီးနှင့်တကွ မိဖုရား မောင်းမမိဿံ – မှူးမတ်ဗိုလ်ပါအပေါင်းတို့ အထင်အရှား ဖူးမြင်ကြရလေလျှင် ရင်ပတ်လက်တီး အံ့ချီးပြောပ၍မကုန်နိုင်။ နောင်ကိုလည်း ဤကဲ့သို့ တန်ခိုးဗျာဋိဟာကို ဖူးရပါစေ သားဟု ဆုတောင်းခြင်းပတ္တနအမှုကို ပြုကြသောအဆုံး၌ နိမ္မိတရုပ်ပွားတော် မြတ်တို့သည် ရွှေကြုတ်၊ ငွေကြုတ်တို့အတွင်းသို့ ဝင်ရောက်ကိန်းဝပ်တော်မူ ကြလေ၏။
နရပတိစည်သူမင်းတရားလည်း ဤသရိယာတ်မွေတော်တို့ ကိန်းဝပ် တော်မူသော ရွှေကြုတ်၊ ငွေကြုတ်တို့ကို ကိုယ်တော်တိုင် ပင့်ဆောင်တော်မူ၍ ဌာပနာတိုက်အတွင်းသို့ ဆင်းသက်တော်မူရာ မူလတည်ထားသော ဒါယကာ တို့၏အကြောင်း အထုပ္ပတ္တိကို ခုနှစ်၊ သက္ကရာဇ်နှင့်တကွ ကြေးနီပြားကြီး၌ ရေးသားထားသည်ကို တွေ့မြင်လေရာ အကုန်အစင် အမတ်များကို ကူးယူစေ လျက် ဒုတိယအကြိမ် မိမိတည်သောအကြောင်းအရာ အထုပ္ပတ္တိကိုလည်း ခုနှစ်၊ သက္ကရာဇ်နှင့်တကွ ငွေပြား၌ ရေးသား၍ထည့်ပြီးလျှင် ဌာပနာတိုက်ကို ပိတ်စေ ရန် အမိန့်ပေးတော်မူလိုက်ရာ မင်းကြီးနှင့်တကွ မိဖုရားမောင်းမမိဿံ ခြွေရံ မှူးမတ်ဗိုလ်ပါတို့သည် အလွန်ကြေကွဲ ဝမ်းနည်းကြသည်နှင့် မြတ်စွာဘုရား သခင် ပရိနိဗ္ဗာန် စံဝင်တော်မူသောအခါ မလ္လာမင်းတို့ ငိုပွဲကြီးဆင်သကဲ့သို့ သည်းစွာ ငိုကြလေကုန်၏။
ဤသို့လျှင် ဌာပနာတိုက်ကို ကောင်းမွန်စွာ ကျောက်ဖျာဖြင့် ပိတ်စေပြီး လျှင် ရွှေထီးအထွဋ်တင်ခြင်း ၊ ကိုယ်လုံးတော်အပြည့် ရွှေချတော်မူလျက် အနုမောဒနာပြုပြီးလျှင် နတ်, လူ သာဓု ခေါ်စေတော်မူလေသတည်း။
နရပတိစည်သူမင်းတရားသည် မြတ်စောညီနောင် စေတီတော်မြတ်တို့ကို ပြုပြင်တည်ဆောက်၍ ပြီးစီးအနုမောဒနာ ပြုပြီးသည်နောက် ၊ ပေါင်းလောင်းမြစ် ၏ လက်ဝဲဘက် ခပေါင်းချောင်းသို့ ဆန်တက်ပြီးလျှင် ရှင်ပင်ကျောက်ဆောက် စေတီတော်၏တည်ရာ မင်းဝံတောင်စွန်းသို့ သွားတော်မူ၍ ရဲမက်ဗိုလ်ပါအပေါင်း နှင့်တကွ မင်းကြီးကိုယ်တော်တိုင် စေတီတော်ကို ရှာကြလေသော် တောင် စောင့်နတ်လည်း ဆတ်ရောင်ဆောင်လျက် ပြလေလျှင် ၊ ရဲမက်ဗိုလ်ပါတို့သည် ဆတ်ကိုမြင်၍ ဝါး, လှံ စသည်လက်နက်တို့ကိုကိုင်စွဲ၍ လိုက်ကြလေရာ၊ စေတီ တော်၏အနီးသို့ရောက်လာကာ ဆတ်ကွယ်လေ၏။ ဗိုလ်ပါတို့သည် ၎င်းဆတ် ပျောက်သည့်နေရာရှိ သစ်ပင်ချုံနွယ်တို့ကို ခုတ်ထွင်ရှင်းလင်းကြရာ ရှင်ပင် ကျောက်ဆောက်စေတီတော် ပျက်စီးယိုယွင်းနေသည်ကို ကမ္ဗည်းစာတိုင်နှင့် တကွ တွေ့ရှိကြလေလျှင်၊ မင်းကြီးအား ဝမ်းမြောက်ဝမ်းသာစွာလျှောက်ထား ကြရာ ၊ မင်းကြီးလည်း အားရဝမ်းသာစွာနှင့် နန္ဒသူရိယအမတ်ကို ခေါ်တော်မူပြီး လျှင် အသစ်ထပ်မံ၍ လျင်မြန်စွာပြီးစီးအောင် တည်ဆောက်ရမည်ဟု အမိန့်တော် ရှိသည်နှင့် နန္ဒသူရိယအမတ်လည်း နတ်ပေးအုတ်တို့ အဆင်သင့်ရှိနေသည်နှင့် မကြာမြင့်မီပင် ပြီးစီးခြင်းသို့ရောက်စေ၏။ စေတီတော်တည်၍ ပြီးစီးကြောင်း ကို မင်းကြီးအားလျှောက်လေလျှင် မြတ်စောညီနောင် စေတီတော်များကဲ့သို့ပင် အနုမောဒနာပြုတော်မူ၍ နတ်, လူ သာဓု ခေါ်တော်မူသတည်း။
မင်းကြီးလည်း စေတီတော် အသီးသီးတို့၏ ပြုဖွယ်ကိစ္စ အဝဝတို့ကို ပြီးစီးအောင် ဆောင်ရွက်တော်မူပြီးလျှင် ဗိုလ်ပါအပေါင်းနှင့်တကွ ပေါက္ကံပြည် သို့ ပြန်ကြွတော်မူလေသတည်း။ မြတ်စောညီနောင်၊ ရှင်ပင်ကျောက်ဆောက်စေတီတော်မြတ်တို့အား ပဌမ အကြိမ်နှင့် ဒုတိယအကြိမ် တည်ထားတော်မူခြင်းအထုပ္ပတ္တိ ပြီးဆုံးလေသတည်း။