မြတ်စောညီနောင် စေတီတော်မြတ်ကြီး
ဖူးမြော်လေ့လာနိုင်သောနေရာများ
ဤခေါင်းလောင်းတော်မြတ်ကြီးကို ၁၂၁၉-ခု၊ ကဆုန်လဆန်း (၅) ရက် ၊ စနေနေ့တွင် ကြေးပိဿာချိန်- (၁၅၀) ဖြင့် အိုးကုန်းသူမြတ် ရှင်ကလျာဏဓရ မှလှူဒါန်းခဲ့သည်။
ဤခေါင်းလောင်းတော်မြတ်ကြီးကို ၁၂၁၉-ခု ၊ နယုန်လဆန်း (၄)ရက် ၊ အင်္ဂါနေ့တွင် ကြေးပိဿာချိန်- (၁၈၀) ဖြင့် အိုးကုန်းသူမြတ် ရှင်ကလျာဏဓရ မှလှူဒါန်းခဲ့လေသည်။
ဤခေါင်းလောင်းတော်မြတ်ကြီးကို ၁၂၄၇-ခု သီတင်းကျွတ်လတွင် ဘုရားဒါယကာ ဦးချို+ ဘုရားအမ မယ်ခိုင် မြေး-မောင်အောင်ထွန်း၊ မောင်စံသာ၊ မောင်ဘိုရာတိုတစ်စုမှ ကြေးပိဿာချိန်-၁၂၅ပိဿာ၊ ၁၀ကျပ်သားဖြင့်လှူဒါန်းခဲ့သည်။
ဤခေါင်းလောင်းတော်မြတ်ကြီးကို ၁၂၁၇-ခု၊ တပေါင်းလဆန်း (၁၀)ရက် စနေနေ့တွင် ကြေးပိဿာချိန် – (၆၉) ဖြင့် အိုးကုန်းသူမြတ် ရှင်ကလျာဏဓရ မှလှူဒါန်းခဲ့လေသည်။
မြတ်စောညီနောင် ဘုရားကျောက်စာ သရထည် ညီနောင်ဘုရားအမည်ဖြင့် မန္တလေး မဟာမြတ်မုဏိ ကျောက်စာတိုက်တွင်ရှိပါသည်။