သမိုင်းဝင် နောင်တော်ကြီးမြသာလျောင်း ရုပ်ပွားတော်မြတ်ကြီးသည် သမိုင်းအထောက်အထားများ အရ လွန်ခဲ့သောနှစ်ပေါင်း (၁၀ဝဝ)ကျော်သက်တမ်း ပထမ ဟံသာဝတီပြည်ခေတ် မိဂါဒိပ္ပ မင်းငယ်လက်ထက် တွင် စတင်တည်ထောင်ခဲ့ပြီး သမိုင်းခေတ်အပြောင်းအလဲများအရ ပျက်စီးယိုယွင်းနေသည်ကို ဒုတိယ ဟံသာဝတီခေတ် ဓမ္မစေတီမင်းလက်ထက်တွင် ပြန်လည်ပြုပြင်ခဲ့ကြောင်း မှတ်သားရပါသည်။ ထိုမှတဖန် ကာလကြာရှည်သော် မင်းဆက်များ ပျက်စီးခဲ့ခြင်းနှင့် ဒုတိယကမ္ဘာစစ် စစ်ဘေးစစ်ဒဏ်ကြောင့် ပြန်လည် ပျက်စီးယိုယွင်းခဲ့ရပြီး ဘုရားကြီးမှာ သလွန်တော်ပါ ကုန်းမြေအဖြစ်သာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။
နောင်တော်ကြီးမြသာလျောင်း ရုပ်ပွားတော်မြတ်ကြီးအား ၂၀ဝ၂ ခုနှစ်တွင် သာသနာကို ချီးမြှောက်အားပေးလိုသော နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန် ကြီးကြပ် ကူညီထောက်ပံ့မှုဖြင့် အလှူရှင် အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်ကြည်၊ ညီမ ဒေါက်တာ ဒေါ်သိန်းကြည်၊ ဒေါက်တာဒေါ်ဋ္ဌေးကြည်၊ မောင်ဖြစ်သူ ဦးဝင်းသင် မိသားစုတို့၏ မတည်လှူဒါန်းမှု၊ (၇)ရက် သားသမီး ပြည်သူပြည်သားအပေါင်းတို့၏ ထက်သန်သော စုပေါင်းသဒ္ဓါစွမ်းအားတို့ဖြင့် ရုပ်ပွားတော်မြတ် ကြီးကို စတင်တည်ဆောက်ခဲ့ပါသည်။ (၂)နှစ်တာကာလအကြာ (၂၀ဝ၄)နှစ်တွင် နောင်တော်ကြီး မြသာလျောင်း လျောင်းတော်မူဘုရားကြီး ရုပ်လုံးတော် ပွင့်ထွန်းပေါ်ပေါက်လာခဲ့ပါသည်။
နောင်တော်ကြီးမြသာလျောင်း ရုပ်ပွားတော်မြတ်ကြီးသည် ပဲခူးမြို့တွင် ရွှေသာလျောင်း၊ မြသာလျောင်း၊ စိန်သာလျောင်း ဟူ၍ လျောင်းတော်မူ (၃)ဆူရှိသည့်အနက် အကြီးမားဆုံး လျောင်းတော်မူဘုရားကြီး ဖြစ်သည်။ လျောင်းတော်မူဘုရားကြီးမှာ လှိုင်ပါ ခေါင်းပွပုံစံ (ံသူသတ)ဖြစ်ပြီး သံကူကွန်ကရစ်ဖြင့် တည် ဆောက်ထားပါသည်။
ဉာဏ်တော် ၆၃ ပေ
အလျား ၂၄၃ ပေ
ဆန့်တိုင်း ၂၇၀ ပေ
အမျိုးအစား ကိုးနဝင်း
ထိန်းသိမ်းမှု အလှည့်ကျဂေါပကအဖွဲ့ဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။
တည်နေရာ ပဲခူးမြို့ ၊ မဇင်းရပ်ကွက်