သမိုင်းဝင် နောင်တော်ကြီးမြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဓါတ်ပုံမှတ်တမ်းများ နောင်တော်ကြီးမြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ နောင်တော်ကြီးမြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် လစဉ်လတိုင်း ပုံမှန် အစည်းအဝေးနှင့် ကြားဖြတ်အစည်းအဝေးများကို ခေါ်ယူကာ ငွေစာရင်းမှတ်တမ်းများ အတည်ပြုခြင်း၊ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြဆွေးနွေးဆုံးဖြတ် အတည်ပြုချက် ရယူခြင်း၊ အဖွဲ့၏ဆုံးဖြတ်ချက်အရ လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခြင်း၊ (၄)လတစ်ကြိမ် သြဝါဒဆရာတော်ကြီးများအား ပင့်လျှောက်၍ ရသုံးငွေ စာရင်းများ ဆက်ကပ်ကာ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများ တင်ပြလျှောက်ထား၍ ဆရာတော်ကြီးများ၏ လမ်းညွှန်သြဝါဒ ခံယူခြင်း၊ လမ်းညွှန်ချက်အတိုင်း တသွေမတိမ်း လုပ်ဆောင်ခြင်း အစရှိသည်တို့ကို အစဉ်မပြတ် ဆောင်ရွက်ခဲ့ပါသည်။