မြသာလျောင်းဘုရားကြီးတည်ထားမည့် မူလကုန်းတော်ပေါ်မှ
တူးဖော်ရရှိမှုများ

(၂၇-၂-၂၀၀၂)တွင် ရှေးဟောင်းသုတေသနမှ ဘုရားကြီးတည်ရန် ဖောင်ဒေးရှင်းတူးဖော်ရာတွင် မူလဘုရားကုန်းတော် ပလ္လင်ကုန်းမြေမှ တူးဖော်ရရှိပါသည်။ ၎င်းဘုရားများအား သုတေသနပြုချက်အရ ရှေးဘုရင်မင်းများ တည်ထားခဲ့သော သဲကျောက်များဖြင့် ထုလုပ်သွန်းလောင်းခဲ့ခြင်းဖြစ်ပြီး ၎င်းဘုရားများသည် နှစ်ပေါင်း ငါးရာကျော်သက်တမ်းရှိသည်ဟု ရှေးဟောင်းသုတေသနဌာနမှ သုတေသနပြုလုပ်ချက်အရ သိရှိရပါ သည်။ အစီအမံရုပ်တု ၁၄_၁၈ လက်မအရွယ် အစီအမံ လူကိုယ် နှင့် တိရစ္ဆာန်ခေါင်း ဘီလူးခေါင်းပုံများလည်း တွေ့ရပါသည်။

ဘုရားကြီးမူလကုန်းမြေပေါ်မှတူးဖော်ရရှိသော နှစ်ပေါင်းငါးရာကျော်မှရှေးဟောင်း သဲကျောက် ဗုဒ္ဓရုပ်ပွားတော်များ

ဘုရားကြီးမူလကုန်းမြေပေါ်မှ တူးဖော်ရရှိသော နှစ်ပေါင်းငါးရာကျော်မှ အစီအမံ ရုပ်တုကားချက်များ