သမိုင်းဝင် နောင်တော်ကြီးမြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
ဘုရားသမိုင်း

သမိုင်းဝင် နောင်တော်ကြီးမြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သမိုင်း

သမိုင်းမှတ်တမ်းများအရ ဟံသာဝတီ(ပဲခူးမြို့)သည် ဂေါတမဗုဒ္ဓ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော် နှင့်အညီ ပေါ်ထွန်းခဲ့သော မြို့တော်ဖြစ်ပေသည်။ မြတ်စွာဘုရားရှင်သည် ဝါတော် (၆)ဝါ အရတွင် သုဝဏ္ဏဘုမ္မိသို့ ဒေသစာရီ ကြွချီတော်မူပြီး အပြန်ခရီးတွင် ဟံသာဝတီသောင်ပေါ်ထွန်းရာနေရာ၌ ခေတ္တ ရပ်တံ့တော်မူပြီး ဟင်္သာမောင်နှံတို့၏ ရှိခိုးပူဇော်ခြင်းကို ခံယူတော်မူသည်။ မြတ်စွာဘုရားရှင်က ဤနေရာသည် နောင်အခါတွင် မင်းနေပြည်တော်ကြီးဖြစ်မည်။ ဗုဒ္ဓသာသနာ ထွန်းကားမည်။ ဟင်္သာမောင်နှံတို့၏ ဘာသာဘာဝ ပျော်မြူးရာဒေသဖြစ်၍ {ဟံသာဝတီ}အမည်နာမဖြင့် ထင်ရှားလိမ့်မည်ဟူ၍ ဗျာဒိတ်တော် ထားခဲ့ကြောင်း သိရှိရပါသည်။

ဟံသာဝတီမင်းဆက်ကို စတင်တည်ထောင်ခဲ့သော သမလကုမ္မာမင်း သည် သုဝဏ္ဏဘုမ္မိ မျိုးဆက် မျိုးနွယ်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ ဗျာဒိတ်တော် စကားအရ သုဝဏ္ဏဘုမ္မိအနောက်အရပ်တွင် သာသနာပွင့်လင်းစည်ပင်မည့် ရာဇဋ္ဌာနီပြည်ကြီးဖြစ်မည်ကို သိမြင်သောကြောင့်လည်းကောင်း၊ ထိုအနောက် အရပ်တွင် ထီးနန်းကနက် စိုက်ထူနိုင်မည်ကို သိမြင်သောကြောင့်လည်းကောင်း သမလ ဝိမလ ညီနောင် နှစ်ပါးသည် လှေကြီး(၁၇)စင်း၊ နောက်ပါ လူ (၁၇၀)နှင့် ထွက်ခွာလာပြီး ပထမဟံသာဝတီမင်းဆက်ကို စတင်ထူထောင်ခဲ့ပါသည်။ ထိုနေ့သည် အေဒီ (၈၂၅)ခု သာသနာတော် (၁၃၆၉)ခု သက္ကရာဇ်အရ တပေါင်း လပြည့်ကျော် (၁)ရက် တနင်္လာနေ့ဖြစ်ကြောင်း မှတ်သားရပါသည်။

ဟံသာဝတီပြည် (ပဲခူး) သည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် မင်းဧကရာဇ်တို့ စိုးစံခဲ့သည့် သက်တမ်းကာလတွင် ပထမဟံသာဝတီခေတ်၊ ဒုတိယဟံသာဝတီခေတ်၊ တတိယဟံသာဝတီခေတ်ဟူ၍ ခေတ်(၃)ခေတ် ဖြစ်ပေါ်လာပါသည်။ သမလကုမ္မာမင်း (သက္ကရာဇ် ၁၈၇-၁၉၉) မှ အစပြု၍ တိဿရာဇာမင်း (သက္ကရာဇ် ၄၀၅-၄၁၉) အထိ မင်းဆက် (၁၇)ဆက်ကို ပထမဟံသာဝတီခေတ်၊ ဗညားဦးမင်း (သက္ကရာဇ် ၇၃၁-၇၄၉) မှ အစပြု၍ သုရှင်တကာရွတ်ပိမင်း (သက္ကရာဇ် ၈၈၈-၉၀ဝ) အထိ မင်းဆက် (၁၁)ဆက်ကို ဒုတိယဟံသာဝတီခေတ်၊ တပင်ရွှေထီးမင်း (သက္ကရာဇ် ၉၀ဝ-၉၁၂)မှ အစပြု၍ ဗြမိုင်းတိရာဇာ (သက္ကရာဇ် ၁၁၀၆-၁၁၁၉)အထိ မင်းဆက် (၁၉)ဆက်ကို တတိယဟံသာဝတီခေတ်ဟု မှတ်တမ်းများတွင် သိရှိရပါသည်။

ပထမဟံသာဝတီမင်းဆက်တွင် သက္ကရာဇ် (၃၅၆-၃၆၆)ထိ ထီးနန်းစိုးစံ ခဲ့သော မင်းဆက် (၁၃)ဆက်မြောက် မိဂါဒိပ္ပ မင်းငယ်မှ သမိုင်းဝင် မြသာလျောင်း ရုပ်ပွားတော်မြတ်ကြီးအား စတင်တည်ထား ကိုးကွယ်ဆည်းကပ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိခဲ့ရပြီး၊ ဘုရားကြီး စတင်တည်ထားခဲ့သည်မှာ နှစ်ပေါင်း (၁၀ဝဝ)ကျော် သက်တမ်း ရှည်ကြာခဲ့ပြီး ဖြစ်ပါသည်။ မိဂါဒိပ္ပမင်းငယ်၏ သာသနာ ပြုမှတ်တမ်းတွင် ဆယ်ဆူမြောက် တေခလို (ဒေးခလွန်) ကုန်းတော်တွင် တည်ခဲ့သော သံတောင် (၁၂၀)ရှိ ရှင်ပင်သာလျောင်း ဘုရားကြီးလည်း ပါဝင်ကြောင်း မှတ်သားသိရှိရပါသည်။

                ပထမ ဟံသာဝတီခေတ်သည် တိဿမင်းလက်ထက်တွင် မင်းမဲ့တိုင်းပြည်အဖြစ် ရောက်ရှိကာ ပျက်စီးပြိုကွဲခဲ့ပါသည်။ မိစ္ဆာဒိဋ္ဌိအယူများ လွှမ်းမိုးလာသော ကြောင့် ဗုဒ္ဓသာသနာတော်ကြီး ညှိုးမှိန်ခဲ့ရသည်။ ပိုင်တယော်ရွာမှ သူဋ္ဌေးကြီး၏ သမီးတော် ထေရဝါဒ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သော ]ဒလထော်} ၏ စည်းရုံးဆွဲဆောင်မှုစွမ်းရည်ကြောင့် တိဿမင်းသည် သမ္မာဒိဋ္ဌိပညာ ဗုဒ္ဓသာသနာဝင်အဖြစ် ပြန်လည် ရောက်ရှိလာပြီး သာသနာပြု မင်းတစ်ပါး ဖြစ်ခဲ့ပါသည်။

                ပဲခူးမြို့ သွန်းဘုရားရပ်ကွက်ရှိ ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီး နိုင်ငံတော်ဩဝါဒါစရိယ ကြခတ်ဝိုင်းဝံသာဓိပတိ၊ အဂ္ဂမဟာဝိနာယက ဘဒ္ဒန္တဇောတိပါလ မထေရ်မြတ်မှ လွန်ခဲ့သော နှစ်ပေါင်း (၁၀ဝဝ)ကျော်ခန့်က ပဲခူးမြို့ (ဟံသာဝတီပြည်)တွင် လျောင်းတော်မူဘုရားတစ်ဆူ တည်ခဲ့ဘူးပြီး၊ ယင်းလျောင်းတော်မူဘုရားပုံစံကိုကြည့်၍ ရွှေသာလျောင်းဘုရား၊ စိန်သာလျောင်းဘုရားတို့ကို တည်ခဲ့ရကြောင်း၊ ゞင်းလျောင်းတော်မူမှာ နောင်တော်ကြီး ရှင်ပင်သာလျောင်း ပင်ဖြစ်ကြောင်း မိန့်ကြားတော်မူဖူးပါသည်။

ယခုအခါ အဆိုပါ လျောင်းတော်မူကြီးကို ]သမိုင်းဝင် နောင်တော်ကြီး မြသာလျောင်းဘုရား}ဟူ၍ ခေါ်တွင် ပါသည်။

                ဤ သမိုင်းဝင် နောင်တော်ကြီးဘုရားကို ဒုတိယဟံသာဝတီခေတ် မင်းဆက်(၉)ဆက်မြောက် ဓမ္မစေတီမင်း (သက္ကရာဇ် ၈၃၃=၈၅၄)က ထပ်မံပြုပြင်ခဲ့သည်ဟု သုံးသပ်ထားပါသည်။ (၁၀-၇-၂၀ဝ၂) နေ့တွင် ရှေးဟောင်း သုတေသနဋ္ဌာနက နောင်တော်ကြီးဘုရားကုန်းမြေမှ သဲ/ကျောက်တို့ဖြင့် ရောစပ်ပြီး မီးဖုတ်ထားသည့် ဘုရားဆင်းတုတော်နှင့် အစီအမံရုပ်ထုကားချပ်များ (၂၆၃)ဆူကို ရရှိခဲ့သည်။ ဆင်းတုတော် များသည် မွန်လက်ရာပုံစံများဖြစ်ကာ ဓမ္မစေတီမင်းလက်ထက် လက်ရာများဟု ခန့်မှန်းသုံးသပ်ခဲ့သောကြောင့် နှစ်ပေါင်း (၅၀ဝ)ကျော် သက်တမ်းရှိပြီဖြစ်ကြောင်း  သိရှိရပါသည်။

                ထိုမှတဖန် နှစ်ကာလ ကြာမြင့်လာသောအခါ နောင်တော်ကြီးမြသာ လျောင်းဘုရားကြီးသည် ငလျင်ဒဏ်ကိုလည်း အကြိမ်ကြိမ် ခံခဲ့ရပြီး စစ်ဘေး စစ်ဒဏ်ကိုလည်း ခါးသည်းစွာ ခံရကာ မှေးမှိန် ကွယ်ပျောက်သွားရပြီး သလွန်တော် အုတ်ခုံအဖြစ်သာ ကျန်ရှိခဲ့ပါသည်။

                နောင်တော်ကြီးမြသာလျောင်း ရုပ်ပွားတော်မြတ်ကြီးသည် အရှေ့အရပ်သို့ ဦးခေါင်းပြုတော်မူပြီး မြောက်အရပ်သို့ မျက်နှာမူကာ ]အရှေ့ညောင်စောင်း} စကားနှင့်အညီ လျောင်းတော်မူ ညောင်စောင်း ရုပ်ပွားတော်မြတ်ကြီး ဖြစ်ပါသည်။ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး၏ ခေါင်းရင်းတော် မနီးမဝေးမှာ တည်ရှိခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးယိုယွင်း ပျောက်ကွယ်သွားခဲ့သော နောင်တော်ကြီး မြသာလျောင်းဘုရားကို (၂၀ဝ၃)ခုနှစ်တွင် မူလဘုရားကုန်းမြေ နေရာ၌ပင် အသစ်ပြန်လည် တည်ဆောက် ထားပါသည်။ ဒူးခေါင်းတော်မှာ နောက်သို့ အနည်းငယ် ကွေးညွှတ်ထားသည့်ပုံစံဖြစ်ပြီး၊ အခြား လျောင်းတော်မူ ဘုရားများနှင့်မတူ ကွဲပြားခြားနားနေပြီး မျက်နှာတော်ရှိ မျက်လုံးတော် မျက်ကြည်လွှာသည် သက်ရှိထင်ရှား ရှိသကဲ့သို့ ဖူးမြော်နိုင်ပါသည်။

အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘုရားအမကြီး ဒေါ်ခင်ကြည်

            အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘုရားအမကြီး ဒေါ်ခင်ကြည် အသက် (၁၃)နှစ် အရွယ်တွင် အဖိုးအဖွား တို့ထံမှ အမွေရရှိခဲ့ရာတွင် နောင်တော်ကြီးမြသာလျောင်း ပန္နက်တော်ပါရှိသည့် မြေကွက် (၉)ဧကလည်း ပါဝင်ပါသည်။ မြေကွက်ကြီး၏ ဧရိယာအတွင်း လျောင်းတော်မူဘုရားကြီး၏ သလွန်တော်ရာ ကုန်းမြေကို တွေ့ရှိခဲ့ပြီးသည့်နောက် ဗုဒ္ဓဘာသာဝင်များဖြစ်သည့် အားလျော်စွာ နောင်တချိန်တွင် နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်ကြီး ပြန်လည်ပွင့်ထွန်းပေါ်ပေါက်ရေး မျှော်လင့်ချက်ဖြင့် ထိုစဉ်အခါက သာသနာပြုရသေ့ကြီး ဦးခန္တီအား ထို မြေကွက်ကို လှူဒါန်းခဲ့သည်။

သာသနာပြုရသေ့ကြီး ဦးခန္တီ

                ဒေါ်ရှု၊ ဦးဖေ၊ ဒေါ်မိ မိသားစုတို့မှ ၁၉၃၃ ခုနှစ် မေလ(၂၀)ရက်၊ မြန်မာ သက္ကရာဇ် ၁၂၉၅ ခုနှစ် ကဆုန်လဆုတ်(၁၂)ရက် စနေနေ့တွင် သာသနာပြု ရသေ့ကြီးဦးခန္တီ အား ထိုမြေကွက်ကို စာချုပ်စာတမ်း နှင့်တကွ ယတိပြတ် လှူဒါန်းခဲ့ပါသည်။ ရသေ့ကြီးဦးခန္တီ သည် လျောင်းတော်မူဘုရားကြီး တည်ဆောက်ရန် မြေနေရာ စတင်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်းမှာပင် ဒုတိယ ကမ္ဘာစစ်မီးကြီး လောင်ကျွမ်း ကျရောက်လာသောကြောင့် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပါသည်။ မြန်မာသက္ကရာဇ် (၁၃၁၀)ခုနှစ် သက်တော် (၈၁)နှစ်အရွယ်တွင် ရသေ့ကြီး ဦးခန္တီ ပျံလွန်တော်မူခဲ့ရာ မြေပိုင်ရှင်များ ဆန္ဒပြင်းပြခဲ့သည့် လျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီး မဖြစ်ထွန်းနိုင်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

နောင်တော်ကြီးမြသာလျောင်း ရုပ်ပွားတော်မြတ်ကြီး ပေါ်ထွန်းလာခြင်း

၂၀ဝ၂ ခုနှစ်တွင် သာသနာကို ချီးမြှောက်အားပေးလိုသော နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန် ကြီးကြပ် ကူညီထောက်ပံ့မှုဖြင့် အလှူရှင် အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်ကြည်၊ ညီမ ဒေါက်တာ ဒေါ်သိန်းကြည်၊ ဒေါက်တာဒေါ်ဋ္ဌေးကြည်၊ မောင်ဖြစ်သူ ဦးဝင်းသင် မိသားစုတို့၏ မတည်လှူဒါန်းမှု၊ (၇)ရက် သားသမီး ပြည်သူပြည်သားအပေါင်းတို့၏ ထက်သန်သော စုပေါင်းသဒ္ဓါစွမ်းအားတို့ဖြင့် ရုပ်ပွားတော်မြတ် ကြီးကို စတင်တည်ဆောက်ခဲ့ပါသည်။ (၂)နှစ်တာကာလအကြာ (၂၀ဝ၄)နှစ်တွင် နောင်တော်ကြီး မြသာလျောင်း လျောင်းတော်မူဘုရားကြီး ရုပ်လုံးတော် ပွင့်ထွန်းပေါ်ပေါက်လာခဲ့ပါသည်။

                နောင်တော်ကြီးမြသာလျောင်း ရုပ်ပွားတော်မြတ်ကြီး၏ တည်ဆောက်မှု လုပ်ငန်းများတွင် ပန်းတော့ (အင်္ဂတေ) ပညာရှင် ဦးအုန်းတင် က တာဝန်ယူ ကြီးကြပ်ပြီး၊ ပုံကြီးချဲ့ ပန်းပုနည်းပညာရှင် ဆရာကြီး ဦးမောင်အေး၊ အမာခံ ဒီဇိုင်းပညာရှင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဆရာဦးအောင်သန်းဝင်း၊ အမာခံ တည်ဆောက်ရေးနည်းပညာရှင် ဦးချစ်ကို တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

                နောင်တော်ကြီးမြသာလျောင်း ရုပ်ပွားတော်မြတ်ကြီးသည် ဉာဏ်တော် အမြင့် (၆၃)ပေ၊ အလျား (၂၄၃)ပေ၊ ဆန့်တိုင်း (၂၇၀)ပေ ကိုးနဝင်းအမျိုးအစား ဖြစ်ပြီး ပဲခူးမြို့တွင် ရွှေသာလျောင်း၊ မြသာလျောင်း၊ စိန်သာလျောင်း ဟူ၍ လျောင်းတော်မူ (၃)ဆူရှိသည့်အနက် အကြီးမားဆုံး လျောင်းတော်မူဘုရားကြီး ဖြစ်သည်။ လျောင်းတော်မူဘုရားကြီးမှာ လှိုင်ပါ ခေါင်းပွပုံစံ (ံသူသတ)ဖြစ်ပြီး သံကူကွန်ကရစ်ဖြင့် တည် ဆောက်ထားပါသည်။

ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရန် လမ်းညွှန်ချက်နှင့် ဌာပနာသွင်းမင်္ဂလာအခမ်းအနားများ

ပဲခူးမြို့ နောင်တော်ကြီးမြသာလျောင်း ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရန် လမ်းညွှန်ချက်နှင့် ဌာပနာသွင်းမင်္ဂလာအခမ်းအနားများမှာ-

(၂၄-၂-၂၀ဝ၂)      –           ဘုရားကြီးတည်ဆောက်ရန် နိုင်ငံတော်အကြီးအကဲများမှ လမ်းညွှန်ခြင်း၊

(၁၃-ဂ-၂၀ဝ၂)    =အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကျင်းပခြင်း၊

(၃၀-၁၁-၂၀ဝ၂)  –           မူလဌာပနာတော်သွင်း မင်္ဂလာအခမ်းအနားကျင်းပခြင်း၊

(၂၇-၁၂=၂၀ဝ၃)  –           အလယ်ဌာပနာတော်သွင်းမင်္ဂလာအခမ်းအနား ကျင်းပခြင်း၊

(၁၅-၃-၂၀ဝ၆)    –           အထက်ဌာပနာတော်သွင်းမင်္ဂလာအခမ်းအနား ကျင်းပခြင်း၊

                လျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီးသည် (၂၀ဝ၄)ခုနှစ်တွင် ရုပ်လုံးတော် အကောင်အထည် ပေါ်ထွန်းလာပြီး (၁၅-၃-၂၀ဝ၆)တွင် အထက်ဌာပနာ သွင်းခြင်းမင်္ဂလာ အောင်မြင်စွာ ကျင်းပခြင်းဖြင့် နောင်တော်ကြီးမြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး ဟူ၍ ကမ္ဘာ့အလယ်တွင် ခန့်ညားထည်ဝါစွာ ပေါ်ထွန်းလာ ခဲ့ပါသည်။

ပြုပြင်ထိန်းသိမ်းမှုများ

နောင်တော်ကြီးမြသာလျောင်း ရုပ်ပွားတော်မြတ်ကြီးသည် ၂၀၁၄ ခုနှစ် (၁၃၇၆-ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၃ရက်) နံနက် ၁၀း၄၅ နာရီတွင် ဦးခေါင်းတော်အား ထောက်ပြုထားသော လက်ခုံတော် ပြုတ်ကျ ပျက်စီးခဲ့ဘူးပါသည်။ အမိုးတန်ဆောင်းမရှိသောကြောင့် လက်ခုံတော်မှာ အတွင်း၌ ကန်သဘော တည်ရှိနေရာ မိုးရွာသွန်းချိန် ပြည့်လာသောရေအလေးချိန်ကြောင့် ပြုတ်ကျပျက်စီးကြောင်း သိရှိရပါသည်။ ထိုပြုတ်ကျလာ သော လက်တော်အစိတ်အပိုင်းများကို စုစည်းဋ္ဌာပနာ၍ ဘုရားကြီး ၏ အရှေ့တောင်ဒေါင့်တွင် လက်တော်စေတီအား တည်ထားခဲ့ပါသည်။ လက်ခုံတော်အားလည်း အသစ်တဖန် ပြန်လည်ပြင်ဆင်ထား ကြောင်း သိရှိရပါသည်။

နောင်တော်ကြီးမြသာလျောင်းရုပ်ပွားတော်မြတ်ကြီးသမိုင်း တည်နေရာ အကျယ်အဝန်း

နောင်တော်ကြီးမြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မဇင်းရပ်ကွက်တွင် တည်ရှိပြီး၊ အရှေ့ဘက်တွင် ရွှေသာလျောင်းဘုရားလမ်း၊ အနောက်ဘက်တွင် လိပ်ပြာကန် သီလရှင်ကျောင်းတိုက်(ခွဲ)၊ တောင်ဘက်တွင် ရွှေဂူလေးဘုရားလမ်း၊ မြောက်ဘက်တွင် ရွှေသာလျောင်းဘုရား ခေါင်းရင်းကန်တော်တို့ဖြင့် တည်ရှိပါသည်။

                သာသနာမြေပိုင်ဆိုင်မှုနှင့် ဧရိယာအကျယ်အဝန်းမှာ မြို့နယ် လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဋ္ဌာန၏ (၁၁-၆-၂၀၁၈)ရက်စွဲပါ စာအရ

                ဦးပိုင်အမှတ် (၃၉) သာသနာမြေ   ၇.ဝ၀၄ ဧက

                ဦးပိုင်အမှတ် (၂၅) သာသနာမြေ    ၁.၁၄၈ ဧက

                ဦးပိုင် (၁၂)ခု လွှဲပြောင်းအရ          ဝ.၈၁၇ ဧက

                                ၉.ဝ၆၉ ဧက

နောင်တော်ကြီးမြသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အတိုင်းအတာများ

          နောင်တော်ကြီးမြသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အတိုင်းအတာများ

၁။        အလျားတော်     ၂၇၀ ပေ

၂။         အမြင့်   ၆၃ ပေ

၃။        ဦးခေါင်းတော်    ၄၅ ပေ

၄။        မျက်နှာတော်အရှည်       ၂၉ ပေ   ၉ လက်မ

၅။        ဦးခေါင်းတော်လုံးပတ်     ၇၄ ပေ  ၈ လက်မ

၆။        မျက်လုံးတော်အရှည်      ၆ ပေ    ၆ လက်မ

၇။        မျက်လုံးတော်အကျယ်    ၁၂ ပေ

၈။        မျက်ခုံးတော်အရှည်        ၁၁ ပေ

၉။        နှာခေါင်းတော်အရှည်      ၈ ပေ    ၁၀ လက်မ

၁၀။      နားရွက်တော်အရှည်       ၁၇ ပေ

၁၁။      နားတော်အကျယ်           ၆ ပေ    ၄ လက်မ

၁၂။       နဖူးတော်အကျယ်          ၇ ပေ

၁၃။      လည်ပင်းတော်လုံးပတ်   ၅၄ ပေ  ၆ လက်မ

၁၄။      လည်ပင်းတော်အမြင့်      ၅ ပေ    ၅ လက်မ

၁၅။      လက်တော်များ

                (က)      လက်မတော်      ၈ ပေ    ၇ လက်မ

                (ခ)       လက်ညှိုးတော်  ၁၃ ပေ  ၇ လက်မ

                (ဂ)       လက်ခလယ်တော်          ၁၃ ပေ  ၉ လက်မ

                (ဃ)      လက်သူြွကယ်တော်   ၁၃ ပေ  ၆ လက်မ

                (င)       လက်သန်းတော် ၁၃ ပေ  ၅ လက်မ

                (စ)       လက်ဖျံတော်အရှည်       ၃၂ ပေ

၁၆။      ခြေဖဝါးတော်

                (က)      ခြေဖဝါးတော်အရှည်      ၃၂ ပေ

                (ခ)       ခြေဖဝါးတစ်ဖက်အကျယ်           ၉ ပေ

                (ဂ)       ခြေဖဝါးနှစ်ဖက်အမြင့်     ၁၈ ပေ

၁၇။      ခြေချောင်းတော်များ

                (က)      ခြေမတော်အရှည်          ၇ ပေ    ၄ လက်မ

                (ခ)       ခြေညှိုးတော်အရှည်       ၈ ပေ    ၄ လက်မ

                (ဂ)       ခြေခလယ်တော်အရှည်   ၈ ပေ    ၆ လက်မ

                (ဃ)      ခြေသူြွကယ်တော်အရှည်        ၆ ပေ    ၉ လက်မ

                (င)       ခြေသန်းတော်အရှည်      ၆ ပေ    ၄ လက်မ