သမိုင်းဝင် နောင်တော်ကြီးမြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
ဖူးမြှော်လေ့လာနိုင်သောနေရာများ

နောင်တော်ကြီးမြစေတီ

နောင်တော်ကြီးမြစေတီကို မြသာလျောင်းဘုရားကြီး၏ ခေါင်းရင်းတော်ဘက်တွင် တည်ထားပြီး လှိုဏ်ပုထိုး စေတီပုံတော်ဖြစ်ပါသည်။ Óဏ်တော် အမြင့် (၉)တောင်ပြည့်စေတီနှင့် အရံ စေတီ (၄)ဆူဖြင့် လှိုဏ်ပေါ်တွင် တည်ထားပါသည်။

လှိုဏ်အတွင်း အလယ်ဗဟိုတွင် ရွှေပင်နှင့် ဗုဒ္ဓရုပ်ပွားတော် (၄)ဆူအား ကြည်ညိုဖွယ်ရာ ဖူးတွေ့ရ ပြီး လှိုဏ်အတွင်း တရားထိုင်ခြင်း၊ လျောင်းတော်မူဘုရားကြီးအား ဖူးမြော်နိုင်ခြင်းဖြင့် ဘာဝနာများ ပွားများကုသိုလ်ယူနိုင်ပါသည်။ လှေကား (၄)စင်းနှင့် အရှေ့တောင်ထောင့်တွင် သာသနာ့တံခွန်တိုင် ကို တည်ဆောက်ထားပြီး မြစေတီမှ ဂုဏ်တော်(ကွန်း) ၉ဆောင်အား လှည့်ပတ်ကာ သွားလာနိုင်ပါသည်။

သဘာဝအလျှောက်ပေါက်သော ဗောဓိပင်

(၃-၅-၂၀၀၃)တွင် သဘာဝအလျှောက် ပေါက်ရောက်နေသော ဗောဓိပင်အား အမြင့် (၁၈)လက်မအရွယ်တွင် တွေ့ရှိပြီး မည်သည့်အရပ်မှလာသည် မသိသော သက်တော်ရှည် ဆရာတော်အိုကြီးတစ်ပါးက ဤအပင်သည် ဗောဓိပင်ဖြစ်ပါ၍ သေချာစွာ ပြုစုစောင့်ရှောက်ပါဟု မိန့်ကြားခဲ့ပါသည်။ အပင် စပေါက်သည့်အချိန်တွင် (၅)ပင်ပေါက်ပြီး ကြီးလာသောအခါ (၄)ပင် တစ်ပင်တည်း ပေါင်းစပ်သွား၍ ကျန်တစ်ပင်သည် သီးခြားပေါက်ကာ ၎င်းင်းဗောဓိပင်အား ပလ’င်တော် ဂြိုဟ်ရှစ်ခွင် ဘုရားများနှင့် ကြည်ညိုဖွယ်ရာ ပြုလုပ်တည်ဆောက်ထားပြီး နှစ်စဉ် ကဆုန်ညောင် ရေသွန်းပွဲတော်၊ ဗောဓိပင်အား ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲများကို ကျင်းပခဲ့သည် မှာ ယနေ့တိုင်ဖြစ်ပါသည်။ ၎င်းင်းဗောဓိပင်သည် ယခုအခါ ထီးတော်အလား အရိပ်အာဝါသကောင်းမွန်ပြီး အောင်မြေနေရာလည်းဖြစ်၊ ဘုရား၏ ဖွားဖက်တော်လည်း ဖြစ်ပါသည်။

နဂါးရုံဘုရား

ဂုဏ်တော်(၉)ပါး (ကွန်း)ဆောင်များနှင့် လူသွားလမ်းများ

ရှစ်ဒေါင့်ထွန်း နားဆောင်နှင့် ဂုဏ်တော်(၉)ပါး ကွန်းဆောင်များကို အရိပ်အာဝါသ ကောင်းမွန်စွာဖြင့် လျောင်းတော်မူဘုရားကြီး၏ နောက်ကျောဘက်တွင် တည်ဆောက်ထားပြီး ကွန်း(၉)ဆောင်ရှေ့တွင် လျောင်းတော်မူဘုရားကြီးအား ကားများဖြင့် အလွယ်တကူ သွားလာနိုင်သော ကားလမ်းလည်း ဖောက်ထားပါ သည်။ ဝဲယာတွင် အရိပ်ရအပင်မျိုးစုံ စိုက်ပျိုးထားပါသည်။

နောင်တော်ကြီးမြသာလျောင်းဘုရားကြီး၏ စက်လက္ခဏာတော်

ဘုရားကြီး၏ စက်လက္ခဏာတော်ကြီးသည်(၁၀၈)ကွက် ဗုဒ္ဓစက် စက်လက္ခဏာတော်ကြီးကို

မြန်မာ့ဗိသုကာလက်ရာများဖြင့် ဖော်ဆောင်ကာ အနုလက်ရာများဖြင့် ကြည်ညိုသပ္ပါယ်စွာ ထုလုပ်သွန်းလောင်းထားပါသည်။

မူလနမိတ်ပြ ဓာတ်ပနက်စေတီ

ဝင်ဒါမီယာ သီလရှင်ဆရာကြီး ဒေါ်ခေမာစာရီ နှင့် ဒေါ်နန္ဒာစာရီ တို့သည် ပဲခူးမြို့ အနောက်ဘက်ခြမ်းရှိ ရှေးဟောင်းဘုရားများဖူးရန် ရွှေဂူလေးဘုရားလမ်း အတိုင်းလာခဲ့ရာ ကလျာဏီသိမ်တော်ကြီးအလွန်တွင် ကားလမ်းဘေးချိုင့်အနီး ခြုံအတွင်းသို့ ကားစက်ရပ်ပြီးထိုးကျသွားရာ ကားမောင်းဆရာ မောင်လှရွှေ နှင့် ကိုမောင်အေး တို့က ကားကို အကြိမ်ကြိမ် စက်နှိုးသော်လည်းမရ၍ သီလရှင် ဆရာကြီး ဒေါ်ခေမာစာရီ က ကားထိုးရပ်သော ခြုံအတွင်းကို ရှင်းပါဟု ပြောသဖြင့် ဝိုင်းရှင်းကြရာ Óဏ်တော်(၁၈)လက်မအရွယ် ဘုရားများ ကိုတွေ့သဖြင့် (၃)ရက်နှင့် ၎င်းင်းဘုရားတည်ရမည်ဟု သီလရှင်ဆရာကြီးက ပြောပါသည်။ ဘုရားကန်တော့ပွဲ (၁၀၈)ပွဲပေးတိုင်း (၉)ပွဲ အမြဲတမ်းပျောက်ပါသည်ဟု ထူးခြားချက်ကို ပြောပြပြီး မူလဓာတ်ပနက်စေတီအား Óဏ်တော်(၁၈)လက်မအရွယ် ဘုရားများအား ငုံ၍ (၁၁)တောင်ပြည့် ဓာတ်ပနက်စေတီတော်ကို တည်ဖြစ်ခဲ့ ပါသည်။ မလေးမေရင်မှ ဆရာကြီးဒေါ်ခေမာစာရီကျောင်းသို့ ရောက်လာပြီး ဆရာကြီးမှ ရေစက်ချပွဲသို့ ခေါ်ဆောင် သွားရာ ရေစက်ချပွဲတွင် မလေးမေရင် ၏ သိုက်ဆက်၊ ပဋ္ဌာန်းဆက်များမှ မလေးမေရင် အား ဘုရားအမလာပြီဟု ပြောပြီး မူလမြသာလျောင်းဘုရားကုန်းအား နေရာပြခဲ့သည်။ ဘုရားအမ ဒေါ်ခင်ကြည် နှင့် မောင်နှမတစ်စုမှ မြသာလျောင်းဘုရားကြီးအား ဆက်လက်ဖော်ထုတ် တည်ထားခဲ့ပါသည်။

ဗျာဒိတ်ပေးရပ်တော်မူဘုရားကြီး

ဗျာဒိတ်ပေးရပ်တော်မူဘုရားကြီးသည် ဉာဏ်တော်အမြင့် (၁၈)ပေ၊ ကြာပလ္လင်အမြင့် (၄ပေ ၆လက်မ) အရွယ်ဖြင့် ထုလုပ်သွန်းလောင်းထားပြီး အရှေ့ ဘက်မုခ်ဦးကြီး၏အဝင် လျောင်းတော်မူမြသာလျောင်းဘုရားကြီး ၏ မျက်နှာတော်ဘက် မတ်ရပ်တော်ဖြင့် ဗျာဒိတ်ပေးပုံကိုလည်း ကြည်ညိုသပ္ပါယ်စွာ ဖူးတွေ့နိုင်ပါသည်။

ဆင်ဖြူတော်တစ်ရှဉ်း

လျောင်းတော်မူဘုရားကြီး၏ မျက်နှာတော်ဘက်ရှိ ရင်ပြင်တော်အတက် လှေကား ကြီး၏ ဝဲယာတွင် တစ်ဖက် တစ်ကောင်စီဖြင့် နှာမောင်းတော်ကို ဦးခေါင်းပေါ်တွင် မြှောက်၍ ခြေလက်စုံ ဝပ်တွားကာ ဘုရားကြီးအား ဦးခိုက် ဖူးမြှော်နေပုံကို ထုလုပ် သွန်းလောင်းထားပါသည်။

 

သာသနာ့တံခွန်တိုင်

သာသနာရောင် ထွန်းလင်းပြောင်၍ ဗုဒ္ဓဘာသာ နှစ်ပေါင်းများစွာ ကြာရှည် တည်တံ့ရန် သာသနာ့ တံခွန်တိုင်ကြီးကို ဘုရားကြီး၏ မျက်နှာတော်ဘက်တွင် တည်ထားပါသည်။

ဗောဓိပင်နှင့် ရွှေပလ္လင်အောင်ခန်း

နောင်တော်ကြီးမြသာလျောင်းလက်တော်စေတီ 

သူတော်စင်နန်းဆောင်

သူတော်စင်နန်းအား ဘုရားကြီး၏ နောက်ကျောဘက်တွင် အလျား (၃၆)ပေ၊ အနံ  ပေ(၂၀)၊ အမြင့် (၁၅)ပေဖြင့် တည်ဆောက်ထားပြီး သူတော်စင်နန်းအတွင်း ဗုဒ္ဓရုပ်ပွားတော်ကို အလယ်တွင် ထားရှိပြီး ရှင်သီဝလိရဟန်း၊ သာသနာပြုထွက်ရာပေါက် သူတော်စင်များဖြစ်သော ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ဓမ္မစေတီမင်း၊ ရသေ့ကြီး ဦးခန္တီ၊ သူရဿတီမယ်တော်နှင့် ဘုရားကြီးအား စောင့်ရှောက်သော မဏိကုဏ္ဍလ ဘိုးတော်တော်ရုပ်တုများဖြင့် ထုလုပ်သွန်းလောင်းထားသည်။ သူတော်စင်နန်းကို မြန်မာမှု လင်းနို့တောင်ပံများ၊ ပွတ်လုံးလက်ရမ်းများ၊ အမိုးသွပ် ပန်းတန်းများဖြင့် တန်ဆာဆင်ထားပြီး အတွင်းကြွေပြားများ ခင်းထားပါသည်။

နတ်မင်းကြီး (၄)ပါး

နတ်မင်းကြီး(၄)ပါးပုံကို ကြာကလပ်ထုလုပ်ထားပြီး သာသနာစောင့်နတ်မင်းကြီးများအဖြစ် ခန့်ညားထည်ဝါစွာ ထုလုပ်သွန်းလောင်းထားပါသည်။လောကပါလ နတ်မင်းကြီး(၄)ပါးကို လျောင်းတော်မူဘုရားကြီး၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ် (၄)မျက်နှာတွင် ထားရှိပါသည်။

   အရှေ့ဘက်တွင် ဝိရူပက္ခနတ်မင်း         အနောက်ဘက်တွင် ထေရဋ္ဌနတ်မင်း

   တောင်ဘက်တွင် ဝိရူဋ္ဌကနတ်မင်း        မြောက်ဘက်တွင် ကုဝေရနတ်မင်း

သူတော်စင်နန်းမှ သူတော်စင်ရုပ်ထုများ

ရှင်သီဝလိရဟန္တာ                 ရသေ့ကြီးဦးခန္တီ                    ဓမ္မစေတီမင်း         မဏ္ဍိကုဏ္ဍလဘိုးတော်                                               သူရဿတီမယ်တော်