သမိုင်းဝင် နောင်တော်ကြီးမြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
သာသနိကအဆောက်အဦး‌များ

အာရုံခံတန်ဆောင်းတော်ကြီး

အာရုံခံတန်ဆောင်းတော်ကြီးကို လျောင်းတော်မူဘုရားကြီး၏ မျက်နှာတော်ဘက် အလယ်ဗဟိုတွင် အလျား (၉၀)ပေ၊ အနံ(၄၅)ပေ၊ အမြင့် (၁၈)ပေဖြင့် တည်ဆောက်ထားသော ျွဃ သွပ်မိုး တန်ဆောင်းတော် ကြီးဖြစ်ပါသည်။ လျောင်းတော်မူဘုရားဝင်းအား အဆောက်အဦးကို များစွာ တည်ဆောက်ထားခြင်း မရှိဘဲ လျောင်းတော်မူဘုရားကြီးအား ၎င်းင်းအဆောက်အဦးအတွင်းမှ ဖူးမြော်နိုင်ပါသည်။ တန်ဆောင်းတော်ကြီး ၏ နောက်ကျောဘက်တွင် ရှင်ဥပဂုတ္တ ရေကန်တော်ကြီးရှိခြင်းကြောင့် လေအေးများ အစဉ်အမြဲ တိုက်ခတ်လျက် ရှိကာ ဘုရားဖူးများအတွက် နားနေနိုင်ရန်အတွက်လည်း ကောင်းပါသည်။ တန်ဆောင်းအတွင်းတွင် ဓမ္မစကြာ တရားဦးဟောကြားဟန် ဗုဒ္ဓရုပ်ပွားတော်ကို ပလ’င်ပေါ်တွင် သပ္ပါယ်စွာ ဖူးတွေ့နိုင်ပြီး တူးဖော်ရရှိသော နှစ်ပေါင်း ငါးရာကျော်သက်တမ်းရှိ သဲကျောက်ဘုရားများ၊ ဘုရားကြီးတည်ဆောက်ပုံနှင့် ထူးဆန်းသောဓာတ်ပုံများကို လည်း ပြသထားပါသည်။ တန်ဆောင်းတော်ကြီးကို အင်္ဂတေပန်းတော့လက်ရာများဖြင့် ခြယ်မှုန်းထားပြီး ခန့်ညား ထည်ဝါသော တန်ဆောင်းတော်ကြီးဖြစ်ပါသည်။

နောင်တော်ကြီးမြသာလျောင်း ဘုရားဝန်း အဝင်မုခ်ဦး

နောင်တော်ကြီးမြသာလျောင်းဘုရားကြီး၏ အဝင်မုခ်ဦးအား အလျား ၆၃ ပေ၊ အမြင့် ၃၆ ပေ၊ ဘုံ(၇)ဆင့်ပြသာဒ်ဖြင့် ပြုလုပ်ထားပြီး ဘေးဝဲယာတွင် အမြင့် ၂၇ပေရှိ ခြင်္သေ့ကြီး (၂)ကောင်အားလည်း တင့်တည်လှပခန့်ညားစွာ တည်ဆောက်ထားပါသည်။ မုခ်ဦးသည် အဝင်ပေါက် (၂)ပေါက် ပြုလုပ်ထားပြီး သံတံခါးဖြင့် တပ်ဆင်ပြုလုပ်ထားသည်။

ဘုရားကြီး၏ ရင်ပြင်တော်ပေါ်တက်ရန် မျက်နှာတော်ဘက်တွင် တည်ဆောက်ထားသောလှေကားကြီး

ဘုရားကြီး၏ ရင်ပြင်တော်ပေါ်တက်ရန် လှေကားကြီးသည် အကျယ်(၄၈)ပေ ရှိပြီး အမြင့် (၇)ပေ၊ အထက်အောက် (၁၄)ပေ အာစီကွန်ကရစ်ေ<ကပြားခင်း ပြုလုပ်ထားသည်။ လှေကားအတက် ဝဲယာတွင် သရက်ကင်းလှေကားလက်ရမ်းအား မြန်မာမှုပန်းတော့ပညာဖြင့် လှပစွာ တည်ဆောက်ထားပြီး စတီးတံခါး အဖွင့်အပိတ်နှင့် စတီးလက်ရမ်းကိုလည်း လှပခိုင်မာစွာ တည်ဆောက်ထား၍ ရင်ပြင်တော်ပေါ်တက် လှေကား ကြီးကို ခန့်ညားစွာ တွေ့ရှိရပါသည်။